 | Voice of Ladies Myanmar.mp3 634K Play Download |
- မြန်မာစစ်အစိုးရ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန် click - စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန် click - ရွေးကောက်ပွဲဥပဒေ ထွက်တော့မယ် click - ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ မဇ္ဈိမက လက်ခံရရှိ click - စစ်အစိုးရ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန် click - စစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန် click - ရွေးကောက်ပွဲဥပဒေ ထွက်ပြီ click - ၂၀၁၀ ရွေးကောက်ပွဲအတွက် ဥပဒေများကို စစ်အစိုးရ ထုတ်ပြန် click - ရွေးကောက်ပွဲ ဥပဒေများနှင့် ပတ်သက်၍ မြန်မာ့ရုပ်မြင် ကြေညာချက် click - ရွေးကောက်ပွဲဥပဒေ အသေးစိတ် မနက်ဖြန် ထွက်မည် click - ရွေးကောက်ပွဲမတိုင်မီ နိုင်ငံပိုင်စီမံကိန်းများ လက်စသတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ညွှန်ကြား click - နအဖ ရွေးကောက်ပွဲ ဟန်ပြသာဖြစ်ဟု ထိုင်းအထက်လွှတ်တော်အမတ် ပြောကြား click - စစ်အစိုးရက ရွေးကောက်ပွဲပြင်ချိန် အတိုက်အခံ သဘောကွဲ click - နယ်ခြားစောင့်တပ် လက်မခံသည့် အပစ်ရပ်အဖွဲ့များ မတရားအသင်း ကြေညာခံရဖွယ်ရှိ click - ၀ အား နအဖ အင်အားသုံး ခြေမှုန်းတော့မည်လော (ဆောင်းပါး) click အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စိန်ခေါ်ခြင်း မဇ္ဈိမသတင်းဌာန | ဗုဒ္ဓဟူးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၁၈ မိနစ် ၂၀၁၀ ရွေးကောက်ပွဲကို အဓိက အတိုက်အခံ ပါတီကြီးဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ပါဝင် ယှဉ်ပြိုင်သင့်၊ မပြိုင်သင့် အချေအတင် အငြင်းပွားမှု မီးစာကို စစ်အစိုးရက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဖြင့် လောင်စာဆီ လောင်းပေးလိုက်သည်။ ထောင်ဒဏ်ကျခံနေရသူ နိုင်ငံရေးပါတီဝင် မဖြစ်ရဆိုသော စကားရပ်အရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိမှာဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က မဖိတ်ခေါ်ခဲ့သည့် အမေရိကန် နိုင်ငံသားကို ခိုလှုံနားခွင့် ပေးမှုဖြင့် အပြစ်ဒဏ်ခံနေရသူ ဖြစ်သည်။ တရားမျှတသော ၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ပေါ်လာစေရေး မျှော်လင့်ထားသူများအတွက် အကြီးအကျယ် စိတ်ပျက်စရာပင်ဖြစ်မည့် ဥပဒေကို စစ်အစိုးရက ထုတ်ပြန်လိုက်ပါပြီ။ ဥပဒေ ၅ ခုကို တရက်ချင်းစီ ထုတ်ပြန်နေသည်။ ရွေးကောက်ပွဲကို ကြီးကြပ်မည့် ကော်မရှင်ကို စစ်အစိုးရက စိတ်ကြိုက်ရွေးချယ်မှာ ဖြစ်သည်။ ထို့အပြင် အဆီအငေါ် မတည့်လှသော လုပ်ရပ်တခုက မဖွဲ့ရသေးသော ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံရေးပါတီများက ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံတင်ရမှာ ဖြစ်သည်။ မြန်မာနိုင်ငံ အကျဉ်းထောင်များထဲတွင် ရှိနေသော နိုင်ငံရေးအကျဉ်းသား ဦးရေ ၂၁ဝဝ တို့ကို ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ခွင့်မရအောင် တားမြစ်ထားသော ဥပဒေက မြန်မာနိုင်ငံရေး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မထီမဲ့မြင်ပြုနေသည်။ မတရားအသင်းဟု သတ်မှတ်ထားသော အသင်းအဖွဲ့များနှင့် ဆက်သွယ်သူများကိုလည်း ပါတီဝင်မဖြစ်ရဟူသော စကားရပ်က ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် သူတို့ကို ဆက်သွယ်သူများကို တားမြစ်ထားခြင်း ဖြစ်သည်။ နိုင်ငံတဝှန်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီအနေဖြင့် ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် ၁၀၀၀၊ ဒေသဆိုင်ရာ ပါတီကို ပါတီဝင် ၅၀၀ စာရင်းကို ဘယ်ဆီမှန်းမသိသော ကော်မရှင်တွင် တင်သွင်းရန် ပြဋ္ဌာန်းထားပြန်သည်။ ဥပဒေ၏ အခြားသော ကန့်သတ်ချက်များမှာ သာသနာ့ဝန်ထမ်း မဖြစ်ရခြင်း၊ အစိုးရဝန်ထမ်း မဖြစ်ရခြင်းတို့ ဖြစ်သည်။ ယခုရွေးကောက်ပွဲဥပဒေက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ရာခိုင်နှုန်းကျော်ဖြင့် အပြတ်အသတ် အနိုင်ရပြီး၊ အာဏာလွှဲပေးခြင်း မခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထိပ်တိုက်စိန်ခေါ်မှု ဖြစ်သည်။ အန်အယ်ဒီက နိင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုရေးနှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးတို့ နေပြည်တော်သို့ တင်ပြထားသည်။ ယခုတော့ အန်အယ်ဒီအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံတင်ရမှာ ဖြစ်သလို၊ အမတ်နေရာ အနိမ့်ဆုံး ၃ နေရာ ဝင်မပြိုင်လျှင် ပါတီဖျက်သိမ်းခံရမှာဖြစ်သည်။ အန်အယ်ဒီက ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ဦးတော့ ပါတီတွင် ဒေါ်အောင်ဆန်းစုကြည် မပါစေရ သဘောပင်ဖြစ်သည်။ Opposition leader cannot run in Burma elections according to laws announced today that suggest her party must expel her before participating | | အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးထက် ပါတီရပ်တည်ရေး ဆုံးဖြတ်ရန်လိုဟု ဦးဝင်းတင်ပြောကြား NEJ/ ၁၀ မတ် ၂ဝ၁ဝ  | | | | နအဖထုတ်ပြန်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် အန်အယ်လ်ဒီပါတီကို ရပ်တည်ခွင့်မပေးသည့် သဘောဆောင်နေကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးဝင်းတင်က ခေတ်ပြိုင်သို့ ပြောကြားသည်။ “အခု မှတ်ပုံတင် ဥပဒေအရ ကြည့်မယ်ဆိုရင် ကန့်သတ်ချုပ်ချယ်မှုတွေက အများကြီးပဲ။ အထူးသဖြင့်ကတော့ ထောင်ကျနေတဲ့လူများနဲ့ ပတ်သက်တဲ့ဟာ ပါလာတဲ့အတွက် ဒီတချက်တည်းနဲ့ကို ကျနော်တို့မှာ ခက်ခဲတဲ့အနေအထားမှာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ကိုယ်တိုင်က ထောင်ကျနေတဲ့သူတွေကို ပါတီတာဝန် ထမ်းဆောင်နေတယ်လို့ သဘောထားပြီးတော့ ဗဟိုကော်မတီတို့ ဖွဲ့တဲ့အခါ ထည့်သွင်းဖွဲ့စည်းထားတယ်။ နောက်တခါ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထောင်ကျနေတယ်။ ဒါပေမယ့် စီအီးစီထဲမှာ ထည့်သွင်းသတ်မှတ်ထားတယ်။ အခု ဥပဒေအရဆို ဒီပုဂ္ဂိုလ်များကို ထည့်သွင်းထားမယ်ဆိုရင်တောင်မှ ကျနော်တို့ရဲ့ပါတီရပ်တည်ရေးကို မပေးဘူးဆိုတဲ့ သဘောမျိုး ဆောင်နေပါတယ်။ တော်တော်ကြီးကျယ်တဲ့ ဆုံးဖြတ်ရမယ့်ကိစ္စ ဖြစ်လာပါတယ်” ဟု ပြောသည်။ နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအမှတ် ၂/၂၀၁၀ ပါ အခန်း (၂)၊ နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၄)၊ ပုဒ်မခွဲ (င) အရ ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး အခန်း (၁) ဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဌ) တွင် ထောင်ကျခံနေရသူဆိုသည်မှာ တရားရုံးတခုခု၏ စီရင်ချက်အရ ထောင်ဒဏ်ကျခံနေရသူကို ဆိုကြောင်း၊ သက်ဆိုင်ရာ တရားရုံး၏ ထောင်ဒဏ်စီရင်ချက်ကို မကျေနပ်၍ အယူခံမှု သို့မဟုတ် ပြင်ဆင်မှုလျှောက်ထားသော ထောင်ဒဏ်ကျခံနေရဆဲသူလည်း ပါဝင်ကြောင်း ဖော်ပြပါရှိသည်။ အဆိုပါ ဥပဒေအရဆိုလျှင် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအား အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ် ပြစ်ဒဏ်ချမှတ်မှုကို ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက် အယူခံတင်သွင်းထားသည့် အတွက် ဒေါ်အောင်ဆန်းစုကြည်သည် ပါတီထောင်ခွင့်မရှိသူ တဦးအဖြစ် အဓိပ္ပာယ်သက်ရောက်နေသည်။ ထို့အပြင် ဥပဒေပါ ပုဒ်မ (၁၀)၊ ပုဒ်မခွဲ (င) အရလည်း ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့် မရှိဟု ဖော်ပြထားသည်။ ပါတီ ဆက်လက်ရပ်တည်ခွင့် မရှိခြင်းနှင့်ပတ်သက်၍မူ ပုဒ်မ (၁၀) ပါ အချက်တရပ်ရပ်နှင့် ကိုက်ညီခြင်း မရှိသောသူများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုဘဲ တမင်ထိမ်ချန်ထားပါက ယင်းအချက်တရပ်ရပ်နှင့် ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ဖော်ပြထားသည်။ အထက်ဖော်ပြပါ အခန်း (၃) ပုဒ်မ (၁၂) အရဆိုလျှင် အန်အယ်လ်ဒီပါတီသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် အကျဉ်းကျနေသူများကို ပါတီမှ ထုတ်ပယ်ခြင်းမပြုပါက ပါတီအနေဖြင့် တရားဝင် ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိဘဲ ဖျက်သိမ်းရမည့်သဘောဖြစ်သည်။ လျှောက်ထားမည့် ပါတီအနေဖြင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြဋ္ဌာန်းသည့်နေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း ကော်မရှင်သို့ လျှောက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သည်ဟု ဖော်ပြထားပြီး လျှောက်ထားသည့် နိုင်ငံရေးပါတီအနေဖြင့် ဥပဒေ ပုဒ်မ (၆) ပါ အချက်တချက်ဖြစ်သည့် ပုဒ်မခွဲ (ဂ) အရ ပြည်ထောင်စုသမ္မတ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက် လိုက်နာမည်ဖြစ်ကြောင်း ၀န်ခံချက်ကိုလည်း လျှောက်လွှာတွင် ဖော်ပြရမည်ဟု ရေးသားထားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် ယခုလောလောဆယ်တွင် ရွေးကောက်ပွဲဝင်ရေး မ၀င်ရေး ဆိုသည်ထက် ပါတီရပ်တည်ရေးကို ဦးစားပေး ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။ “နောက်တချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အယူခံထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တောင် မရအောင် လုပ်ထားတယ်။ အယူခံထားတယ်ဆိုတဲ့လူလည်း မလိုချင်ဘူးပေါ့။ ဆိုလိုတာကတော့ သူတို့က ကျနော်တို့ပါတီကို မှတ်ပုံတင်လို့မရအောင်ပေါ့။ နောက်တခုက ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ကျနော်တို့က ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်ညီတဲ့ အချက်အလက်ပေါင်းများစွာ ပါဝင်နေတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး၊ ပြင်ဆင်ပေးဖို့ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ တောင်းဆိုထားတယ်။ အခုတခါ ပါတီမှတ်ပုံတင်မယ်ဆိုရင် ကျနော်တို့က ဒီအခြေခံဥပဒေတခုလုံးကို ကာကွယ်စောင့်ရှောက် ပါမယ်လို့ ပြောရတဲ့အခါ ကျနော်တို့မယုံကြည်တဲ့ ဒီဥပဒေကို ဘယ်လိုမှ ကာကွယ်စောင့်ရှောက်နိုင်စရာ အကြောင်းမရှိဘူး ဖြစ်တယ်” ဟု ၎င်းက ပြောသည်။ အန်အယ်လ်ဒီသည် ပါတီတခုအနေဖြင့် ရပ်တည်ရန် မှတ်ပုံတင်ခြင်းကိစ္စတွင် ယခုထုတ်ပြန်သည့် ဥပဒေကြောင့် အဟန့်အတား အများကြီးဖြစ်နိုင်ကြောင်း ဦးဝင်းတင်က ယူဆသည်။ ယခုကဲ့သို့ နအဖထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံတကာနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့က တောင်းဆိုထားသည့် အားလုံးပါဝင်ပတ်သက်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးဆိုသည်မှာ အဓိပ္ပာယ်ကင်းမဲ့သွားပြီ ဖြစ်ကြောင်း ဦးဝင်းတင်က ဆက်လက်ပြောသည်။ သို့သော် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးဆိုသည်မှာ ယခု နအဖထုတ်ပြန်လိုက်သည့် ဥပဒေပေါ်တည်၍ ဆုံးဖြတ်၍မရကြောင်းလည်း ၎င်းက ပြောသည်။ “ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ဆိုတာ ဒီဥပဒေနဲ့ တည်ပြီးတော့ မဆုံးဖြတ်နိုင်ဘူး။ ကျနော်တို့ ဆုံးဖြတ်မှာက နိုင်ငံရေး တောင်းဆိုချက်တွေမှာ ဘယ်လောက်တုံ့ပြန်မှုရှိသလဲ၊ နိုင်ငံရေးတောင်းဆိုချက်တွေကို ဘယ်လောက် လိုက်လျောမှုရှိသလဲ ဆိုတဲ့အပေါ်မှာ တည်ပြီး ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေးကို ဆုံးဖြတ်မှာပါ။ ဒီဥပဒေဟာ ပါတီရပ်တည်ရေးအတွက် စဉ်းစားဆုံးဖြတ်ဖို့နဲ့ ရွေးကောက်ပွဲ ၀င်မ၀င်ဆိုတာကတော့ နိုင်ငံရေးလိုက်လျောမှုပေါ်မှာ တည်တယ်လို့ နှစ်ပိုင်းခွဲ ပြောချင်တယ်” ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။ | |
ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆုပ်ကိုင်မည်ဟု ဦးဝင်းတင်ပြော ဖနိဒါ | အင်္ဂါနေ့၊ မတ်လ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၆ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဥပဒေများကို ထုတ်ပြန်လိုက်သော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ရွှေဂုံတိုင် ကြေညာစာတမ်းကိုပင် ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။  ဦးဝင်းတင် “ရွှေဂုံတိုင် ကြေညာစာတမ်းမှာပါတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာရမယ်။ အဲဒီရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြု ဆောင်ရွက်ပေးရမယ်။ ကျနော်တို့ရဲ့ နိုင်ငံရေး တောင်းဆိုချက်ကတော့ ဒီအတိုင်းပဲလို့ ပြောလို့ရမယ်” ဟု သူက ပြောသည်။ အဓိက အတိုက်အခံပါတီ အန်အယ်ဒီက နေအိမ်ချုပ်ကျခံနေရသော ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်၊ ၁၉၉၀ ခု ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက တစုံတရာ အသိအမှတ်ပြုရန်၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် ဟူသော တောင်းဆိုချက်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ရွှေဂုံတိုင် ကြေညာစာတမ်းဟူ၍ အမည်ပေးထားသည်။ တောင်းဆိုချက်အပေါ် စိတ်ဝင်စားဟန်မပြသော စစ်အစိုးရက ယနေ့တွင် နိုင်ငံပိုင်သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အသေးစိတ်ကို ဖော်ပြပြီး နောက်ရက်များတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ၊ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများကို ဖော်ပြသွားမှာဖြစ်သည်။ ယခုထုတ်ပြန်သော ကော်မရှင်ဥပဒေက ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ကို ဖျက်သိမ်းလိုက်သည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ တွင် အမတ်နေရာ ၄၈၅ နေရာအနက်မှ ၃၉၂ နေရာ အနိုင်ရရှိပြီး တနိုင်ငံလုံး မဲပေးခွင့် ရှိသူ၏ ၆ဝ ရာခိုင်နှုန်းကျော် ထောက်ခံမှုရသော အန်အယ်ဒီ၏ ရလဒ်မှာ ပျက်ပြယ်သွားခြင်း မရှိဟု ဦးဝင်းတင်က ပြောသည်။ အာဏာလွှဲပေးခြင်း မခံရသော အန်အယ်ဒီပါတီ၏ အမာခံခေါင်းဆောင်တဦးဖြစ်ပြီး နိုင်ငံရေးကြောင့် ထောင်ထဲတွင် ၁၉ နှစ် နေခဲ့ရသူ ဦးဝင်းတင်က ယခင်ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုရေး စစ်အစိုးရ၏ တုံ့ပြန်မှုကို မူတည်ရေး ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်သွားမည်ဟု ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁ဝဝ ကျော်အနက် အန်အယ်ဒီပါတီဝင် ဦးရေမှာ ၄၃ဝ ကျော်ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက မဇ္ဈိမကို ပြောသည်။ မဇ္ဈိမက ကြိုတင်လက်ခံရရှိထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ စကားရပ်ကမူ အကျဉ်းကျနေသူသည် ပါတီဝင် မဖြစ်ရဟု ကန့်သတ်ထားရာ ထောင်တွင်းမှ ပါတီဝင်များအတွက်လည်း ညိစွန်းနေသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအတွင် ဥပဒေထွက်ရှိချိန်မှ ရက်ပေါင်း ၆ဝ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် အမတ်နေရာ ၃ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုလျှင် ပါတီဖျက်သိမ်းနိုင်သည်ဟု ပါရှိသည်။ စစ်အစိုးရက ထုတ်ပြန်လိုက်သည့် ရွေးကောက်ပွဲ ဥပဒေက အန်အယ်ဒီ၏ ၉ဝ ခုနှစ် ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်သည်ဟု ပြောလိုက်သူကတော့ ယခုနှစ်အတွင်း ပြုလုပ်မည်ဟု စစ်အစိုးရက ကတိပေးထားသော ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်တိုးတက်သောပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ ဖြစ်သည်။ “၁/၈၈ မှာ နဝတ ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ဥပေဒေကို ဒီဥပဒေသစ်နဲ့ ချေဖျက်လိုက်ပြီပေါ့။ အန်အယ်ဒီ တောင်းဆိုနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်သလို အဓိပ္ပာယ်ဆောင်နေတာပေါ့” ဟု သူက ဆိုသည်။ ရွေးကောက်ပွဲဝင်ရန်အတွက် ပြင်ဆင်နေပြီဖြစ်သော မွန်ဒီမိုကရေစီပါတီမှ ပြောခွင့်ရှိသူ နိုင်တင်အောင်ကမူ ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ ထွက်လာပြီမှန်သော်လည်း နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံဥပဒေကိုလည်း ပြန်သုံးသပ်ပြင်ဆင်ရန် လိုနေသေးကြောင်း တောင်းဆိုလိုက်သည်။ “လိုအပ်တဲ့ ပြင်ဆင်မှု လုပ်ပြီးမှသာလျှင် ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်လေ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အခြေခံဥပဒေကို ဒီမိုကရေစီ စံညွှန်းနဲ့အညီ မပြင်ဆင်ဘဲနဲ့ ဆက်သွားလို့ မဖြစ်ဘူး။ အများက လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု သူက မဇ္ဈိမကို ပြောသည်။ နာဂစ်မုန်တိုင်း တိုက်ပြီးခါစတွင် ဟန်ပြဆန္ဒခံယူပွဲ ပြုလုပ်အတည်ပြုခဲ့သော အခြေခံဥပဒေအပေါ် ပြည်တွင်းပြည်ပ အတိုက်အခံများက စစ်အုပ်စု၏ အုပ်ချုပ်မှုကို တရားဝင်မှုပြုရန်သာ ဖြစ်သည်ဟု ပြက်ရယ်ပြုကြသည်။ (ကိုဝိုင်း တည်းဖြတ်သည်။)
Wall Street Journal - 6 minutes ago YANGON, Myanmar (AFP) -- New laws released by Myanmar's junta mean the opposition National League for Democracy must expel its detained leader Aung San Suu ... The Associated Press - 14 minutes ago YANGON, Myanmar — A new election law issued by Myanmar's ruling military bars pro-democracy leader Aung San Suu Kyi from joining a political party and thus ... Burma law formally bars Aung San Suu Kyi from election Ms Suu Kyi is expected to be still in detention during any elections | Burma's military rulers have issued a law which will bar pro-democracy leader Aung San Suu Kyi from participating in planned elections. The new law prohibits anyone with a a criminal conviction from taking part. Ms Suu Kyi was already excluded from political office by a clause in the constitution which bars people with foreign spouses. She has been detained for most of the past 20 years on various charges, after winning the last elections in 1988. The Political Parties Registration Law was published in official newspapers, in a series of daily announcements of laws intended to guide the elections. No date has yet been set for polls which the military intends to hold. Credence doubt The election law bars anyone convicted in a court of law, members of religious orders and civil servants from joining political parties. It says that political parties have 60 days from Monday, when the law was promulgated, to register with an Election Committee whose members are to be appointed by the junta. The United States has reiterated its scepticism that any poll in which opposition figures are barred will have any credibility. "We urge the authorities to begin a genuine political dialogue with all stakeholders as a first step towards credible elections," State Department spokesman Philip Crowley told reporters. "We are concerned by the Burmese authorities' unilateral decision to begin releasing the election laws without first engaging in substantive dialogue with the democratic opposition or ethnic minority leaders," he said. "We remain sceptical that the elections planned for this year will be credible," he added. Regional and international human rights organisations have documented continued harassment, persecution and detention of government critics. Ms Suu Kyi was convicted last August of violating the terms of her house arrest by briefly sheltering an American who swam uninvited to her lakeside residence. She was sentenced to a new term of house arrest that is to end this November; her latest appeal against that sentence was rejected by the Supreme Court last month. The regime enacted five election-related laws on Monday, two of which have now been made public. Three more are to be unveiled in coming days. Critics say the elections, the first to be held in Burma for 20 years, will be a sham designed to entrench the military's grip on power. အမြီးမနှန့်ကြပါနဲ့၊ စိတ်အေးအေးထားပြီး သော့ကိုင်တွေကို စောင့်ကြပါဒေါက်တာလွဏ်းဆွေ(ခေတ်ပြိုင်အင်တာနက်စာမျက်နှာမှ ...)အမှတ်သည်းခြေနည်းပြီး မေ့လွယ်ပျောက်လွယ်တတ်တဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ (အားလုံးကို မဆိုလိုပါ) ရဲ့ စိတ်ဓာတ်ကို ဗိုလ်သန်းရွှေက အားနည်းချက်အနေနဲ့ ရှုမြင်ပြီး ကောင်းကောင်း အသုံးချတတ်လို့လား ဒါမှမ ဟုတ် ကျနော်တို့ နိုင်ငံသူနိုင်ငံသားတွေ (ဤနေရာတွင်လည်း အားလုံးကို မဆိုလိုပါ) မှာ တန့်ကနဲဆို နန့်ကနဲ အမြီးနှန့်တတ်တဲ့ စရိုက်မျိုးရှိတတ်တာကို ဗိုလ်သန်းရွှေက နောကြေနေလို့လား မပြောတတ်။ ရွှေဝါရောင်လက် သီး အချီကြီး မိပြီးကတည်းက ဗိုလ်သန်းရွှေတယောက် “ရွေးကောက်ပွဲ” ဆိုတဲ့ လေသံပစ်ပြီး သူတို့စစ်အုပ်စု ရင်ဆိုင်ရတဲ့ နိုင်ငံရေးအကျပ်အတည်းကို နည်းအမျိုးမျိုးနဲ့ ရှောင်ထွက် အလွတ်ရုန်းနေခဲ့တာ အခုအထိပဲ ဆိုပါ တော့ …။ ရွှေဝါရောင်လက်သီးချက်သာ မမိခဲ့ရင် အခုအချိန်အထိ “ရွေးကောက်ပွဲ” ဆိုတာကို ဗိုလ်သန်းရွှေ လေသံ တောင် ဟမှာမဟုတ်သေးဘဲ အမျိုးသားညီလာခံဆိုတာကြီးကိုပဲ မေ့လောက်မှ တခါ ထထကျင်းပရင်း အရှိန် တက်နေတဲ့ သူ့ရဲ့ ဘုရင်ရူးရောဂါကို ဆက်လက်အကောင်အထည်ဖော်နေမှာ မုချပေပ။ ရွှေဝါရောင်မှာ ရုတ်တ ရက် အသက်ရှူကျပ်သွားလို့သာ (အသက်ပါ ပါသွားမှာစိုးတာနဲ့) အမျိုးသားညီလာခံကို တက်သုတ်ရိုက်ကျင်းပ ပြီး ရွေးကောက်ပွဲကျင်းပပေးပါမယ်လို့ ဗိုလ်သန်းရွှေ သွေးရူးသွေးတန်း ကတိပေးလိုက်တာပါ။ အဲဒီ ဗိုလ်သန်းရွှေပေးတဲ့ သွေးရူးသွေးတန်းကတိကို ကြားတာနဲ့ ရွေးကောက်ပွဲတော့ အမှန်တကယ် ကျင်းပ တော့မှာပဲထင်ပြီး တန့်ကနဲဆို နန့်ကနဲ ဖြစ်တဲ့သူကဖြစ်၊ ၉၀ ရွေးကောက်ပွဲ မဲပေးခဲ့တာကို ကိုယ်နဲ့မဆိုင်တော့ သလို အမှတ်သည်းခြေမရှိ မေ့လွယ်ပျောက်လွယ်သူက လွယ်နဲ့ ဖြစ်ကုန်ကြတာ စိတ်မကောင်းစရာပါပဲ။ “တည့်တည့်ပြောရရင်တော့ ၉၀ မန်းဒိတ်ဆိုတဲ့ လက်နက်ဟာ ပြည်သူက ရန်မှန်သမျှကို ရှေ့ကနေ မားမားမတ်မတ် ဖြိုခွင်းတိုက်ပွဲဝင်ဖို့ ပေးထားတဲ့ လက်နက်ပါ။ ကျင်းတူးမြေမြှုပ်ပြီး ဖင်ခုထိုင်ဖို့ ပေးထားတဲ့ လက်နက်မဟုတ်ပါဘူး”
မိုးဦးကျ ဖားတွေလို ဗိုလ်သန်းရွှေရဲ့ ရွေးကောက်ပွဲ ဆိုင်းသံဗုံသံအောက်မှာ တအုံးအုံး တအွမ်အွမ်နဲ့ ဆူညံက ခုန်နေလိုက်ကြတာ အခုဆိုရင် (မတ်လ ၈ ရက်၊ ညနေ ၄ နာရီမှာ) “ရွေးကောက်ပွဲဥပဒေ၊ ပြည်သူ့လွှတ်တော်ဥ ပဒေ၊ နိုင်ငံရေးပါတီဖွဲ့ခွင့်ဥပဒေ၊ အမျိုးသားလွှတ်တော်ဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော်ဥပဒေ” တွေကို စစ်အုပ်စုက ထုတ်ပြန်လိုက်ပြီဆိုတော့ ပိုလို့တောင် ဆူညံကြတော့မယ်ထင်ပါရဲ့။ အဲဒီလို တန့်ကနဲ့ဆို နန့်ကနဲ ဆိုတဲ့ အုပ်စုထဲမှာ လေလှိုင်းက ဆရာတွေလည်း ထိပ်ဆုံးက ပါတယ်ဆိုရင် ရွှေစိတ်တော်များ ဆိုးကြဦးလေမ လား (ဆိုးလည်း တတ်နိုင်ပေဘူးပ)။
တကယ်တမ်းမှာလည်း ရွေးကောက်ပွဲမုန့်ဆီကြော် ဘယ်ဆီနေမှန်းမသိခင် ရွေးကောက်ပွဲဆိုတဲ့ အနံ့ကို ပေး ထားရုံပဲရှိသေး လေလှိုင်းတွေမှာ ညံစီနေခဲ့တာကိုးလေ။ အဲဒီ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုတဲ့ ဆွေးနွေးသုံး သပ်ချက်တွေကို နားဆင်ရင်း ဗိုလ်သန်းရွှေတယောက် နေပြည်တော်မှာ ဒူးလေးနှန့်ပြီး ပြုံးစိစိ လုပ်နေခဲ့မှာကို မြင်ယောင်သေးတော့။ လေလှိုင်းက ဆရာတွေ “၂၀၁၀ ရွေးကောက်ပွဲ” ဆိုတဲ့ ဟင်းလျာကို အမျိုးမျိုး အဖုံဖုံ ချက်ပြုတ်စားသောက်နေကြပုံများ ကုလားချက်ကော၊ တရုတ်ချက်ကော၊ ဗမာချက်ကော၊ ယိုးဒယားချက် ကော၊ ကိုရီးယားချက်ကော၊ ဂျပန်ချက်ကော၊ အနောက်တိုင်းချက်ကော၊ အမေရိကန်ချက်ကော၊ တောင်အာဖ ရိကချက်ကော စုံလို့ စုံလို့ပါပဲလို့လည်း ပြောလိုက်ချင်ရဲ့။
အဲသလို နည်းမျိုးစုံ ချက်ပြုတ်စားသောက်ပြီး အမြီးနှန့်နေကြရုံတင် မကသေးဘူး၊ ပြည်တွင်းထဲမှာ စစ်အုပ်စုကို လျှာနဲ့လျက်ပြီး ရွေးကောက်ပွဲအတွက် အမြီးနှန့်နေကြတဲ့ ဗုံမဟုတ် ပတ်မဟုတ် လူတွေကိုပါ အတင့်ရဲစွာ စင် တင်ပွဲထုတ်လာကြတာကိုလည်း လက်ပိုက်ကြည့်နေရတော့တဲ့ အခြေအနေ။ “အင်းပေါ့ဗျာ … ခင်ဗျားတို့က မိုက်ခွက်ကြီးတွေ ကိုင်ထားကြတာကိုး၊ လုပ်ကြပေါ့ဗျာ” လို့ကို ဘေးမဲ့ ပေးထားရတော့တဲ့ အခြေအနေ။ အဲဒီလို ဘေးမဲ့ပေးခဲ့ရတဲ့ ဖြစ်အင်တွေက မကြာသေးမီက ချင်းမိုင်မှာ ကျင်းပခဲ့တဲ့ မြန်မာ့သတင်းသမဂ္ဂ ညီလာခံစင်မြင့် အပေါ်အထိပဲ ဆိုပါတော့ …။
တကယ်ဆိုရင် ကျနော်တို့မှာ ၉၀ ရွေးကောက်ပွဲရလဒ်ဆိုတဲ့ ခိုင်မာတဲ့ တိုက်ပွဲလက်နက်ကြီး ရှိနေခဲ့၊ ရှိနေဆဲပါ။ ဒီလက်နက်ကြီးဟာ မြေကြီးထဲ ကျင်းတူးမြှုပ်ပစ်ရတော့မယ့် အရာမဟုတ်ဘဲ ထိထိရောက်ရောက် အသုံးချ တိုက်ပွဲဝင်တတ်ရင် အချိန်မရွေး လိုရာပန်းတိုင်ကို ရောက်စေနိုင်တဲ့ အစွမ်းသတ္တိ အပြည့်ရှိနေဆဲပါ။ ဒီလက် နက်ကြီး အာနိသင် ထက်မြက်နေဆဲဆိုတာကို အထူးသဖြင့် နိုင်ငံရေးအရ ဦးဆောင်မှုအခန်းကဏ္ဍမှာ ရှိနေသူ တွေ မသိကျိုးကျွန်မပြုဖို့၊ မမေ့ဖို့နဲ့ ဘယ်ပုံဘယ်နည်း အသုံးချ တိုက်ပွဲဝင်ရင်ကောင်းမလဲဆိုတာကို အမြဲကြံဆ နေဖို့ လိုပါတယ်။ တည့်တည့်ပြောရရင်တော့ ၉၀ မန်းဒိတ်ဆိုတဲ့ လက်နက်ဟာ ပြည်သူက ရန်မှန်သမျှကို ရှေ့ ကနေ မားမားမတ်မတ် ဖြိုခွင်းတိုက်ပွဲဝင်ဖို့ ပေးထားတဲ့ လက်နက်ပါ။ ကျင်းတူးမြေမြှုပ်ပြီး ဖင်ခုထိုင်ဖို့ ပေးထား တဲ့ လက်နက်မဟုတ်ပါဘူး။
ဒါ့အပြင် တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက်ဆိုရင် နအဖ စေလိုရာအတိုင်း အလျှော့ပေး လိုက်လျောလို့ မဖြစ် ဘူးဆိုတဲ့ စိတ်ဓာတ်၊ ယုံကြည်ချက်နဲ့ ထောင်ကျတန်းကျခံ၊ ဘ၀အပျက်ခံပြီး စွန့်လွှတ်အနစ်နာခံနေကြတဲ့သူ တွေ ထောင်နဲ့ချီ ရှိနေဆဲပါ။ အသေခံသွားကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။ အဲဒီလို လက်နက်ကောင်းနဲ့ အနာခံ တိုက်ပွဲဝင်နေသူတွေ ရှိနေတာကို မေ့လွယ်ပျောက်လွယ် သဘောထားပြီး ဗိုလ်သန်းရွှေ လုပ်မယ်ဆို တဲ့ ရွေးကောက်ပွဲဆိုင်းသံမှာ အမြီးဝင်နှန့် ဘရိတ်ဒန့်စ်ကနေကြတာဟာ သင့်တော်၏ မသင့်တော်၏ အလေးအ နက် စဉ်းစားသင့်ကြပါတယ်။
အမြီးမနှန့်သင့်တဲ့ နောက်အကြောင်းတချက်က ဗိုလ်သန်းရွှေ လုပ်ပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲ (လုပ်ဖြစ်တယ် ဆိုရင်ပေါ့) ပြီးတဲ့နောက်မှာ ပေါ်ပေါက်လာမယ့် လွှတ်တော်ဆိုတာဟာ မြန်မာပြည်သူတွေရဲ့ ပြဿနာအ၀၀ကို ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ့် ပြည်သူ့လွှတ်တော်စစ်စစ်မဟုတ်ဘဲ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုအလိုကျ လက် ညှိုးထောင်ခေါင်းညိတ် လုပ်ပေးရမယ့် ရုပ်သေးလွှတ်တော်ပဲ ဖြစ်မှာမို့လို့ပါ (ဒါပေမယ့် လက်ညှိုးထောင် ခေါင်း ညိတ်ရကျိုးနပ်အောင် လွှတ်တော်ခန်းမနဲ့တွဲရက် အနှိပ်ခန်း၊ ဇိမ်ခန်းလေးတွေ လိုလေသေးမရှိ ထားပေး ကောင်း ထားပေးထားနိုင်ပါတယ်။ ဗိုလ်သန်းရွှေတို့ စစ်အုပ်စုက အဲလိုမျိုးတော့ သဘောမနောကောင်းတတ်ပါ တယ်)။
တကယ့် ပြည်သူ့လွှတ်တော်စစ်စစ်ကိုတော့ ဗိုလ်သန်းရွှေရဲ့ ခါးမှာချိတ်ထားတဲ့ သော့တချောင်းတည်းနဲ့ ဖွင့်လို့ မရတာ အသေအချာပါ။ ဗိုလ်သန်းရွှေအပြင် အခြားသော့ကိုင်တွေအားလုံး စုံညီပါမှ ပြည်သူ့လွှတ်တော်စစ်စစ် ရဲ့ တံခါးမကြီးကို ဖွင့်လှစ်နိုင်မှာပါ။ အဲဒီပြည်သူလွှတ်တော်စစ်စစ်ကို ဖွင့်နိုင်မယ့် သော့ကိုင်တချို့ လောလော ဆယ် ထောင်ထဲမှာ ရှိနေကြပါတယ်။ သေချာတာတခုက အဲဒီသော့တွေဟာ ဦးအောင်ရွှေမှာ မရှိဘူး။ ဦးလွင်မှာ မရှိဘူး။ ဦးသုဝေမှာ မရှိဘူး။ ဒေါ်ချိုချိုကျော်ငြိမ်းမှာ မရှိဘူး၊ အေးလွင်မှာ မရှိဘူး။ နေမျိုးဝေမှာ မရှိဘူး။ အခါ တော်ပေး သခင်တင်မြတို့၊ မောင်စူးစမ်းတို့၊ ကျော်ဝင်းတို့၊ ဒေါက်တာနေ၀င်းမောင်တို့မှာလည်း မရှိပါဘူး။
ဘယ်သူတွေဆီမှာ ရှိတာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ ရှိတယ်။ ဦးတင်ဦး၊ ဦးဝင်းတင်တို့ဆီမှာ ရှိ တယ်။ ဦးခွန်ထွန်းဦး အပါအ၀င် ညီညွတ်သော တိုင်းရင်းသားမဟာမိတ်များအဖွဲ့က ခေါင်းဆောင်တွေဆီမှာ ရှိ တယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့လို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဆီမှာ ရှိတယ်။ အဲဒီပုဂ္ဂိုလ် တွေ စုံလင်ပါမှ ပြည်သူ့လွှတ်တော်စစ်စစ်ရဲ့ တံခါးမကြီးကို အောင်အောင်မြင်မြင် ဖွင့်ပြီး ၀င်နိုင်မှာဖြစ်လို့ အဲဒီ သော့ကိုင်တွေအားလုံး အပြင်ကို စုံစုံညီညီ ရောက်တဲ့အချိန်အထိ စောင့်ကြဖို့ အကြံပြုလိုပါတယ်။ မြန်မြန် အ ပြင်ရောက်စေချင်ရင် စုစုစည်းစည်း တိုက်ပွဲဝင်ကြဖို့ လိုပါမယ်။
အဲသလိုမဟုတ်ဘဲ သော့ကိုင်တွေကို ချန်လှပ်ပြီး ဗိုလ်သန်းရွှေခါးမှာချိတ်ထားတဲ့ သော့တချောင်းတည်းနဲ့ပဲ ဖွင့် ၀င်မယ်ဆိုရင်တော့ ပြည်သူ့လွှတ်တော်စစ်စစ်ထဲ မရောက်ဘဲ ထောင်သာသာ အချုပ်ခန်းသာသာ လွှတ်တော် ထဲကိုပဲ ရောက်ပြီး ထိပ်တုံးခတ်ခံရတဲ့ အမတ်တွေ၊ လူစင်စစ်က ပုတ်သင်ညိုဘ၀ (ကံမကောင်း အကြောင်းမ လှရင် စစ်အုပ်စု နဖားကြိုးထိုးသမျှ ရုန်းရတဲ့ နွားဘ၀) တွေကို ရောက်ကြပြီး ပြည်သူတွေလည်း စစ်ကျွန်အဖြစ် ရာသက်ပန် နွံနစ်ကြရတော့မှာ ဖြစ်ပါတယ်။
အဲဒါကြောင့်မို့ ဥပေဒလေးတွေ ထုတ်ပြန်ရုံနဲ့ ပါတီထောင်ဖို့ စိတ်မစောကြပါနဲ့။ ရွေးကောက်ပွဲဝင်ဖို့ စိတ်မလော ကြပါနဲ့။ ဗိုလ်သန်းရွှေလည်း သူ့အခြေအနေ သူသိလို့ ရက်မကြေညာသေးပါဘူး။ စိတ်အေးအေးထားပြီး သော့ ကိုင်တွေအားလုံး စုံစုံညီညီ အပြင်ရောက်ဖို့အတွက်သာ နည်းမျိုးစုံနဲ့ အကြံထုတ် တိုက်ပွဲဝင်ကြပါလို့ အမြီးနှန့် ချင်သူအပေါင်းအား စေတနာကောင်းနဲ့ ကြေညာမောင်းခတ်လိုက်ရပါတယ်။ ။
ဒေါက်တာလွဏ်းဆွေ Friday, 05 March 2010 19:39 ဧရာဝတီ စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သော ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သိရသည်။ စစ်အစိုးရ အရာရှိများက နေပြည်တော်နှင့် အဆက် အသွယ် ရှိသော တရုတ် အစိုးရ အရာရှိ များကို မကြာသေးမီက ယင်းသို့ ပြောကြားကြောင်း စစ်ဘက် သတင်းများက ဆိုသည်။
နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် စစ်အစိုးရက မတ်လ ၁၀ ရက်မတိုင်မီ UWSA နှင့် ဆွေးနွေး နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။
နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင်ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာပိုင်များကိုပန်ကြားထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။
ယခုအခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေးလုပ်မည်ဆိုပါက စစ်အစိုးရ တပ်များ အနေဖြင့် အခက်အခဲရှိကြောင်း၊ UWSA တပ်ဖွဲ့အနေဖြင့် ထိပ်တိုက်ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့်အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေးအကဲခတ်များကဆိုသည်။
တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများရှိနေသည်နှင့်အမျှ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကလည်း နယ်စပ် ဒေသတွင်အနီးကပ်စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက်သတင်းများက ဆိုသည်။
ယင်း မတရားအသင်း ကြေညာမည့် ကိစ္စနှင့်ပတ်သက်၍ UWSA သို့ ဆက်သွယ်၍ မရရှိခဲ့ပေ။
စစ်အစိုးရတပ်များက UWSA တပ်ဖွဲ့ကို စစ်ဆင်တိုက်ခိုက်ခဲ့ပါက ဒုက္ခသည်သစ်များ တရုတ်ပြည်သို့ နောက်တကြိမ် ခိုလှုံရဖွယ် ရှိနေသည်။
ပြီးခဲ့သည့်နှစ်က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) အဖွဲ့ကို တိုက်ခိုက်ပြီး စစ်အစိုးရက ပထမဆုံးအကြိမ် မတရား အသင်းအဖြစ် ကြေညာခဲ့သည်။
ယင်း ကိုးကန့်ဒေသ ပဋိပက္ခကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ထောင်ပေါင်း များစွာ ရောက်ရှိခဲ့သည်။ ဒေါ်မြင့်မြင့်အေးကို တာဝန်မှဖယ်ရှားမှု ပြန်ပြင်ရန် တောင်းဆို မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၃၄ မိနစ် နယူးဒေလီ (မဇ္ဈိမ)။ ။ မိတ္ထီလာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင်မြင့်အေးကို စည်းကမ်းဖောက်ဖျက်မှုဖြင့် တာဝန်မှ တနှစ်ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ကို ပြန်လည်ပြင်ဆင်မှုပြုရန် မြို့နယ်အဆင့် ပါတီခေါင်းဆောင် နှစ်ဦးက ဗဟိုကို တောင်းဆိုလိုက်ကြသည်။
စည်းကမ်း ဖောက်ဖျက်သည်ဟုဆိုကာ အတိုက်အခံပါတီ၏ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က အရေးယူခဲ့သည့်အပေါ် ဝမ်းတွင်းမြို့နယ် အတွင်းရေးမှူး ဦးထွန်းထွန်းနှင့် မိတ္ထီလာမြို့နယ် ဒုဥက္ကဋ္ဌ ဦးသိန်းအောင်က ကန့်ကွက်ထားသည်။
“ဒေါ်မြင့်မြင့်အေးကို တာဝန်မှ တနှစ်ရပ်နားထားတယ်ဆိုတာ အင်မတန်မှာ မလျော်တဲ့ ကိစ္စဖြစ်လို့ ကျနော်တို့ ခရိုင်စုကို လာပါ။ ဗဟိုအဖွဲ့က လူကြီးများ၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များ လာပါ။ ကျနော်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီး ပြေပြေလည်လည် ဖြေရှင်းမယ်။ ဒါကို ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုမယ်” ဟု ဦးထွန်းထွန်းက မဇ္ဈိမကို ပြောသည်။
မိတ္ထီလာမြို့နယ် NLD ဒု-ဥက္ကဋ္ဌ ဦးသိန်းအောင်က အရေးယူထားသည့် ကိစ္စနှင့်ပတ်သက်၍ ဗဟိုမှ ဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ခေါင်းဆောင်များအနေဖြင့် မိတ္ထီလာခရိုင်သို့ လာရောက်ဖြေရှင်းပြီး စည်းလုံးညီညွတ်မှု ရရှိရန် လုပ်ဆောင်သင့်သည်ဟု ပြောသည်။
ဒေါ်မြင့်မြင့်အေးက “အရေးယူတယ်ဆိုရင် အောက်ခြေကနေ ဗဟိုအထိ အဆင့် ၃ ဆင့်ကနေ အရေးယူလို့ ရတယ်။ မြို့နယ်ကလည်း ကျမကို စစ်ဆေးတာ မရှိဘူး၊ တိုင်းကလည်း ကျမကို လာပြီး စစ်ဆေးတာ မရှိဘူး။ ကျမ တင်ထားတဲ့ စာနဲ့ ဗဟို စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ကလည်းခေါ်ပြီး စစ်ဆေးတာ မရှိဘူး။ ကျမကို ဒီနေ့ ဒီအချိန်ထိအောင် လုံးဝ စစ်ဆေးမေးမြန်း၊ စုံစမ်းတာ မရှိသလို အဲဒါနဲ့ ပတ်သက်ပြီးတော့ ထုချေခွင့် လုပ်ဖို့ဆိုတာ ဘာတခုမှ မပေးဘူး” ဟု ပြောသည်။
သို့သော် ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဒေါ်မြင့်မြင့်အေး၏ အမှုကို သူမနှင့် မန္တလေးတိုင်း အဖွဲ့ချုပ် တာဝန်ရှိသူများအကြား အပြန်အလှန် ပေးစာများအပေါ် မှုတည်ပြီး စစ်ဆေးဆုံးဖြတ်ခဲ့တာပါဟု စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင် ဦးသိန်းညွန့်က ပြောသည်။
“ဦးသန်းထွန်းက အဖွဲ့ခေါင်းဆောင်၊ ကျနော်နဲ့ ဦးထွန်းထွန်းအေးက အဖွဲ့ဝင်ပါ။ ကျနော်တို့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒေါ်မြင့်မြင့်အေး တင်ထားတဲ့ စာတွေအပေါ်မှာ အယူခံအမှုအဖြစ် ကြားနာပေးဖို့ တာဝန်ပေးအပ်တဲ့အခါမှာ ဒေါ်မြင့်မြင့်အေး တင်ပြတဲ့ စာတွေရော၊ မန္တလေးတိုင်းက တင်ပြတဲ့ စာတွေရော အားလုံးလေ့လာပြီးတော့ ကျနော်တို့က သူ့ကို အတွင်းရေးမှူး နေရာကနေ တနှစ် ရပ်ဆိုင်းတာပါ” ဟု သူက ပြောသည်။
သူက ဆက်ပြီး “ဆုံးဖြတ်ချက် အပြည့်အစုံ ရေးပြီးတော့ ဒေါ်မြင့်မြင့်အေးကို ပေးထားပါတယ်။ မန္တလေးတိုင်းကို တစုံ၊ ဒေါ်မြင့်မြင့်အေးကို တစုံ ပေးထားပါတယ်။ အယူခံကိစ္စက သူ့ကို ခေါ်တွေ့ဖို့ မလိုဘူး။ သူတင်တဲ့ စာတွေအပေါ်မှာပဲ ဆုံးဖြတ်တယ်။ မူလ အမှုကို စစ်တာမဟုတ်ဘူး။ အယူခံအမှုက စာတွေပေါ်မှာ ဆုံးဖြတ်တာ။ အယူခံအမှုကို ဥပဒေအရ လုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဗဟို CEC အဖွဲ့ဝင် ဦးဝင်းတင်က “သူ့ကို အပြစ်ပေးတာ ကြာပြီ။ အောက်ခြေ၊ တိုင်းကနေ အရေးယူတာကို CEC က အတည်ပြုပေးလိုက်တာဗျာ။ သူ့ကို စည်းကမ်းဖောက်တယ် ဘာညာနဲ့ အောက်ခြေက အရေးယူတာဗျာ။ ပဲခူးက ဦးမြတ်လှကိုလည်း တနှစ်အရေးယူတာ ရှိတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းက ဦးအောင်ရွှေကို နုတ်ထွက်ပေးရမယ်ဆိုပြီး တောင်းဆိုတဲ့အတွက် သူ့ကိုလည်း တနှစ် အရေးယူတာ ရှိခဲ့တယ်” ဟု ပြောသည်။ ဦးမြတ်လှသည် ပဲခူးတိုင်း NLD ဥက္ကဋ္ဌနှင့် တိုင်းစည်း အဖွဲ့ဝင် ဖြစ်သည်။
အောက်တိုဘာလ ၆ ရက်နေ့တွင် ပါတီ CEC တိုးချဲ့ဖွဲ့စည်းရေးနှင့် ဗဟိုဦးစီးအဖွဲ့ CC ပြန်လည် ဖွဲ့စည်းရေးအတွက် အောက်ခြေမှရွေးသော ပါတီညီလာခံ ခေါ်ယူရေးကို ဒေါ်မြင့်မြင့်အေးက မီဒီယာမှတဆင့် ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
ထို့ပြင် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်လည်း ဧရာဝတီ၊ မန္တလေး၊ မကွေး၊ ပဲခူးနှင့် ရန်ကုန် စသည့် တိုင်း ၅ တိုင်းရှိ အတွင်းရေးမှူး၊ လွှတ်တော်အမတ်၊ တိုင်းစည်း အဖွဲ့ဝင်များ စုစုပေါင်း ၁၇၈ ဦးက ညီလာခံခေါ်ရေးကို ဗဟိုသို့ ထပ်မံတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ မိတ္ထီလာရုံးခွဲလည်းပါသည်။
ထိုကိစ္စများ ဖြစ်ပွားပြီးနောက် မန္တလေးတိုင်း NLD က စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှု၊ စည်းလုံးညီညွတ်ရေးကို ထိခိုက်သည်ဟု စွဲချက်များတင်ကာ ရန်ကုန်ရှိ ပါတီရုံးချုပ်သို့ တင်ပြခဲ့သည်။ ဥက္ကဋ္ဌ ဦးအောင်ရွှေက ပြီးခဲ့သည့်လ ၁၃ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ သူမကို တာဝန်မှ တနှစ် ရပ်ဆိုင်းပြီး သာမန်အဖွဲ့ဝင်အဖြစ်သို့ အဆင့်လျော့ချခဲ့သည်။
NLD တွင် ပါတီစည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီမှုဟုဆိုကာ တာဝန်မှ ရပ်ဆိုင်းခဲ့သည့် ဦးရေမှာ ၁ဝဝ ကျော် ရှိကြောင်း သိရသည်။
Sexy Myanmar Girls click READ MORE ရန်ကုန်က စုံတွဲတို့အတွက် သတင်းဆိုး အဝေးကြည့်မှန်ပြောင်း မတ် ၃၊ ၂၀၁၀ ကန်တော်ကြီးမှ စုံတွဲတတွဲ (ဓာတ်ပုံ - wsj.com) ရန်ကုန်က စုံတွဲတို့အတွက် သတင်းဆိုး အာဏာပိုင်တို့က ရန်ကုန်မြို့က ပန်းခြံလိုမျိုးနေရာတွေမှာ “မြန်မာ ယဉ်ကျေးမှုနှင့် ကိုက်ညီမှုမရှိသော အမြင် မသင့်လျော်စွာ နေထိုင်သည့် စုံတွဲများအား ယခုလဆန်း ပိုင်းမှ စတင်၍ အရေးယူသွားရန် စီစဉ်လျက် ရှိကြောင်း” သတင်းရတယ်လို့ WEEKLY ELEVEN ဂျာနယ် အင်တာနက် စာမျက်နှာမှာ ရေးထားတာ တွေ့ရပါတယ်။ ဒီအတွဲတွေကို ချောင်းမြောင်းကြည့်ရှုတဲ့သူတွေကို ဘယ်လို အရေးယူမယ်ဆိုတာတော့ မဖော်ပြထားပါဘူး။ ချောင်းကြည့်တာဟာ ဥပဒေနဲ့ လွတ်ကင်းပုံ ရပါတယ်။ အရေးယူတော့မယ် ဆိုတော့ စုံတွဲတွေဟာ ရုပ်ရှင်ရုံလိုမျိုး နေရာတွေကို ရွေ့သွားကြဖွယ် ရှိတယ်လို့ ယူဆပါတယ်။ အရေးယူမယ့် ပုံစံက ဒီလိုပါ။ “ပထမအကြိမ် ဓာတ်ပုံရိုက်ခေါ်ယူမေးမြန်း၍ သက်ဆိုင်ရာမိဘများထံသို့ ဓာတ်ပုံများ ပေးပို့သွားမည်ဖြစ်ကြောင်း - - - နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိပါက ဓာတ်ပုံများအား ဂျာနယ်နှင့် သတင်းစာများတွင် ရေးသား ဖော်ပြသည်အထိ အရေးယူသွားမည် ဖြစ်ကြောင်း” လို့ ဆိုပါတယ်။ ဂျာနယ်ထဲ ပါချင်တဲ့ စုံတွေတွေအတွက်တော့ အခွင့်အလမ်းတွေ ရပြီပေါ့ခင်ဗျာ။ ဝန်ထမ်းလစာများ ထပ်တိုးမည်ဟု သတင်းထွက် ဖနိဒါ | ကြာသပတေးနေ့၊ မတ်လ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၀ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရက လာမည့် ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ အစိုးရဝန်ထမ်းအားလုံး၏ လစာများကို ထပ်တိုးမြှင့် ပေးမည်ဟု သတင်းများထွက်နေကြောင်း ရန်ကုန်မြို့နေ အစိုးရ ဝန်ထမ်းများထံမှ သိရသည်။ ဧပြီလ လစာမှစတင်၍ ကျပ်ငွေ ၂ သောင်းစီတိုးမြှင့်ပေးရန် အစီအစဉ်ရှိကြောင်း ဝန်ကြီးဌာနအသီးသီး၏ လက်အောက်ခံ ဝန်ထမ်းများကို အရာရှိများက နှုတ်ဖြင့် ပြောဆိုထားမှုများရှိကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။  “နောက်ထပ် ၂ သောင်းတိုးပေးမယ်ဆိုတာ ကျနော်တို့လည်း ကြားနေတယ်။ ဒီနှစ်ဘတ်ဂျက်အကုန်မှာ အောက်ဆုံးအဆင့်ကနေ အပေါ်ထိ ဆက်တိုက်သွားမယ်လို့ ဆင့်ကဲဆင့်ကဲ ကြားတာပဲ” ဟု အကောက်ခွန်ဦးဌာနမှ ဝန်ထမ်းတဦးက မဇ္ဈိမကို ပြောသည်။ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကာလသည် ဧပြီ ၁ ရက်နေ့တွင် စတင်ပြီး မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးသည်။ ရန်ကုန်မြို့နေ မြို့နယ်ကျန်းမာရေးဦးစီးမှူး တဦးကလည်း “ရုံးချုပ်ကနေတဆင့် လစာတိုးပေးမယ်လို့ ကြားတယ်။ လစဉ် အစည်းအဝေးမှာပေါ့နော်။ အလုပ်ကို ကြိုးစားကြဖို့။ လခတိုးဖို့ ဖြစ်ကောင်း ဖြစ်နိုင် တယ်လို့ ပြောတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် လစာတိုးပေးသည်နှင့်အမျှ ကုန်ဈေးနှုန်းများကလည်း တက်လာတတ်သဖြင့် ဝမ်းသာ ရမည်ထက် လစာနှင့် အသုံးစရိတ် လုံလောက်မှုရှိရေးကိုသာ စိုးရိမ်နေရသည်ဟု အကောက်ခွန် ဝန်ထမ်းက ဆိုသည်။  ယခုနှစ် ဇန်နဝါရီလကုန်၌ စစ်အစိုးရက နေ့စားလုပ်သားများ အပါအဝင် အစိုးရဝန်ထမ်းအားလုံး၏ လစာကို ၂ သောင်းစီ တိုးမြှင့်ပေးခဲ့ပြီးနောက် နောက်ထပ်တိုးမည့်အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဇန်နာဝါရီလ၌ လစာတိုးမည်ဖြစ်ကြောင်း ကြေညာချက် ထွက်ပြီး တပတ်ခန့် အကြာ၌ အခေါက်ရွှေဈေး တကျပ်သားလျှင် ကျပ် ၁ သောင်း တက်သွားကာ ၆၁၅ဝဝဝ ကျပ် ဖြစ်ခဲ့သည်။ ပဲဆီ၊ စားအုန်းဆီ၊ ကြက်သွန်နီ စသည့် ကုန်ခြောက်များလည်း အနည်းငယ်စီ တက်သွားခဲ့သည်။ စစ်အစိုးရ အာဏာသိမ်းပြီးနောက် ၁၉၈၉ ခုနှစ်၊ ၁၉၉၃ ခုနှစ်၊ ၂ဝဝဝ ခုနှစ်၊ ၂ဝဝ၆ ခုနှစ်များ၌ အစိုးရ ဝန်ထမ်းများ လစာတိုးမြှင့်ခြင်းများ ပြုလုပ်ခဲ့ပြီး ယခု ၂ဝ၁ဝ ခုနှစ်အတွင်း လစာတိုးမြှင့်လိုက်ခြင်းသည် ၆ ကြိမ်မြောက် ဖြစ်သည်။ လစာများ ထပ်တိုးပေးမည်ဟု သတင်းထွက်လာချိန်နှင့် အပြိုင် အိမ်သုံးလျှပ်စစ်မီတာခများ ကို ၃ ဆခန့် တိုးမြင့်ကောက်ခံမည်ဆိုသည့် ကောလာဟလသတင်းများလည်း ထွက်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။  အင်းစိန်မြို့နယ်ရှိ လျှပ်စစ်ရုံးကမူ မီတာခနှုံးထားပြောင်းရေးနှင့် ပတ်သက်၍ နေပြည်တော်မှ အမိန့်ထုတ်ပြန်ခြင်း မရှိသေးကြောင်း ပြောသည်။ လျှပ်စစ်မီး ပြတ်တောက်မှုကြီးမားခဲ့သည့် မြို့တော်ဟောင်းတွင် ယခုအခါ မီးရရှိမှု အများအားဖြင့် တိုးမြင့်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် တနင်္သာရီ-ရန်ကုန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် မကြာခဏပြုပြင်ရသဖြင့် လျှပ်စစ် ဓာတ်အား မကြာခဏ လျော့ကျမှုကို ဖြေရှင်းနိုင်ရန် မုတ္တမပင်လယ်ကွေ့မှ ရန်ကုန်သို့ သွယ်တန်း နေသည့် ၂၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းလည်း လာမည့်မေလတွင် အပြီးသတ်တော့မည်ဟု ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းအတွင်း၌ ယခင်က လျှပ်စစ်အား ၄ဝဝ မဂ္ဂါဝပ် သုံးစွဲရာမှ ယခုအခါတွင် စက်ရုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ ပိုမိုသုံးစွဲခြင်းတို့ကြောင့် မဂ္ဂါဝပ် ၅၅ဝကျော်အထိ တိုးမြင့် သုံးစွဲနေရကြောင်း သိရသည်။  အခြားသော ဆက်စပ်ဖြစ်ထွန်းမှုတခုမှာ နေပြည်တော်သို့ အစိုးရရုံးများအားလုံး ပြောင်းရွှေ့သည့် စီမံကိန်းမှ ကြွင်းကျန်နေခဲ့သော ရုံးခွဲများကို မတ်လကုန်တွင် နောက်ဆုံးထား ပြောင်းရတော့မှာ ဖြစ်သည်။ “ ရန်ကုန်က ဘာရုံးခွဲမှ မရှိရတော့ဘူး၊ အကုန်ပြောင်းရမယ်ဆိုတာ ပြောထားပြီးသားပါ။ ရန်ကုန်တိုင်းဆို တိုင်းရုံးတွေပဲကျန်မယ်” ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။ (ကိုဝိုင်းတည်းဖြတ်သည်)
World's Biggest/Largest Everything. clickWorld's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. click WORLD'S BIGGEST INDOOR SWIMMING POOL World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. click WORLD'S BIGGEST OFFICE COMPLEX ......... CHICAGO click
WORLD'S BIGGEST SHOPPING MALL click
WORLD'S WIDEST BRIDGE........ AUSTRALIA click WORLD'S LONGEST BRIDGE.............. CHINA click WORLD'S BIGGEST PASSENGER SHIP click WORLD'S BIGGEST PLANE...............AIRBUS click WORLD'S BIGGEST BUS click WORLD'S HIGHEST STATUE............... BRAZIL WORLD'S TALLEST BUILDING......... DUBAI click WORLD'S LARGEST PALACE................... ROMANIA click WORLD'S BIGGEST STADIUM......... BRAZIL click World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. WORLD'S COSTLIEST STADIUM....... ENGLAND World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. WORLD'S MOST COMPLEX INTER- v clickclickclickclickclickCHANGE......... TEXAS WORLD'S BIGGEST EXCAVATOR click World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. WORLD'S BIGGEST HOTEL......... LAS VEGAS World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. WORLD'S MOST EXPENSIVE HOTEL ..... DUBAI .U.A.E click World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. WORLD'S BIGGEST CHURCH BUILDING ......... NIGERIA click World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything. WORLD'S BIGGEST ROMAN-CATHOLIC CATHEDRAL....... ........IVORY-COAST click
World's Biggest/Largest Everything.World's Biggest/Largest Everything.World's Biggest/Largest Everything.
Wednesday, 03 March 2010 16:12 ဧရာဝတီ မြန်မာနိုင်ငံ ပဲခူးတိုင်းနှင့် မွန်ပြည်နယ် တို့တွင် ရွှေကြောသစ် အများအပြား ထပ်မံတွေ့ရှိပြီး ရွှေတူးဖော်ရေး လုပ်ငန်းများကို စစ်အစိုးရနှင့် နီးစပ်သူများသာ လုပ်ကိုင်ခွင့် ရရှိထားကြောင်း သတင်းရရှိသည်။ ပဲခူးတိုင်းရွှေကျင်မြို့နှင့် မွန်ပြည်နယ် ကျိုက်ထို၊ ဘီးလင်း ဒေသများတွင် ရွှေထွက်ရှိသည့် နေရာအများအပြား တွေ့ရှိလာကြောင်း၊ အဆိုပါ ရွှေလုပ်ကွက်များကို စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများက ဦးစီးလုပ်ကိုင်သော ရွှေတူးဖော်ရေး ကုမ္ပဏီကြီးများသာ လုပ်ခွင့်ရ ကြောင်း မန္တလေးနှင့်ရန်ကုန်မြို့မှ ရွှေသန့်စင်ရေး လုပ်ငန်းပိုင်ရှင်များက ပြောသည်။
ရွှေတူးဖော်ရေး လုပ်ပိုင်ခွင့်ရရှိသော ပြည်တွင်းကုမ္ပဏီကြီး ၇ ခုရှိပြီး တခြားသော ကုမ္ပဏီ ၁၃ ခုခန့်ကလည်း ရွှေ လုပ်ကွက်များ တူး ဖော် လုပ်ကိုင်ခွင့် ရရှိရေးအတွက် သတ္တုတွင်း ၀န်ကြီးဌာနတွင် လျှောက်ထားကြောင်း ယင်းကုမ္ပဏီများနှင့် နီးစပ်သော သတင်း ရပ်ကွက်မှ သိရသည်။
ရွှေတူးဖော်ခွင့် ရရှိသော ကုမ္ပဏီကြီးများ အနက် ထူး ကုမ္ပဏီ၊ အေးမြပြည့်စုံ၊ ဇမ္ဗူရစ်၊ ဆန်းရွှေပြည်၊ ရွှေနဂါး နှင့် ရွှေကျင်သား ကုမ္ပဏီကြီးများမှာ နာမည်ကျော် ကုမ္ပဏီကြီးများဖြစ်ပြီး ကုမ္ပဏီအားလုံးသည် စစ်အစိုးရထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် ပတ်သက် ဆက်နွယ်မှုရှိသော ကုမ္ပဏီများဖြစ်သည်ဟု ဇမ္ဗူရစ် ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။
“အေးမြပြည့်စုံဆိုတာ အငြိမ်းစားဝန်ကြီး ဗိုလ်မှူးချုပ်ပြည့်စုံရဲ့မိသားစုတွေပိုင်တဲ့ ကုမ္ပဏီပါ၊ တချို့ ကုမ္ပဏီတွေက သတ္တုတွင်း ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်နဲ့ ပတ်သက်တာတွေ ရှိသလို ဦးဆောင် ညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး ချုပ်တွေရဲ့ အမျိုးတွေ တည်ထောင် ထားတွေလည်း ရှိတယ်”ဟု ၎င်းက ပြောပြသည်။
မွန်ပြည်နယ် ကျိုက်ထီးရိုးတောင် အနောက်ဘက် ကျိုက်ထိုမြို့နယ်အနီး မဒဲ့ချောင်းတွင် ရွှေ အများအပြား ထွက်ရှိနေပြီး ယင်း ဒေသတွင် ဇမ္ဗူရစ် ကုမ္ပဏီနှင့် အေးမြပြည့်စုံကုမ္ပဏီတို့က အများဆုံးလုပ်ခွင့်ရထားကြောင်း ၎င်းက ဆိုသည်။
စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA)ကလည်း ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရသည်ဟု သိရှိရသည်။
ပျဉ်းမနား လယ်ဝေးနှင့် ပဲခူးရွှေကျင်ဒေသများတွင် ရွှေလုပ်ကွက်သစ်များ ရှာဖွေတွေ့ရှိရသော်လည်း ကျိုက်ထိုနှင့် ဘီးလင်း ဒေသ ရှိ ရွှေလုပ်ကွက်သစ်များမှသာ ရွှေအများဆုံးထွက်နေကြောင်း ရွှေလုပ်ငန်းရှင်များ အသိုင်းအ၀န်းက ပြောသည်။
“ကျိုက်ထို-ဘီးလင်းဒေသမှာ အများဆုံးထွက်တာလို့ သိရတယ်၊ အထူးသဖြင့် မဒဲ့ချောင်းမှာလို့ သိရတယ်”ဟု ရန်ကုန် ရွှေသန့်စင် ရေးလုပ်ငန်းပိုင်ရှင်တဦးက ဆိုသည်။
ရမည်းသင်း၊ပျဉ်းမနားနှင့် ကချင်ပြည်နယ်အတွင်းရှိ ရွှေမှော်များမှ တူးဖော်ရရှိသော ရွှေ များသည် မန္တလေးဈေးကွက်သို့ ရောက်ရှိ ပြီး ပဲခူး၊ ရွှေကျင်နှင့် မွန်ပြည်နယ်ကျိုက်ထို-ဘီးလင်း ဒေသများမှ သန့်စင်ရရှိသောရွှေများသည် ရန်ကုန်ဈေးကွက်သို့ တိုက်ရိုက် ရောက်ရှိသည်ဟု သိရှိရသည်။
“ရန်ကုန်၊ မန္တလေးရွှေဈေးကွက်ထဲကို ၁၀ ရက်ကို အနည်းဆုံး ရွှေ ပိဿာ ၇၀ ၊ ၈၀ ၀င်တယ်”ဟု မန္တလေး ရွှေကုန်သည် တဦးက ပြောသည်။
လက်ရှိရွှေဈေးမှာ အကယ်ဒမီအခေါက်ရွှေ တကျပ်သား ကျပ် ခြောက်သိန်း ၀န်းကျင်ဈေး ရှိသောကြောင့် ယခုနှစ် ရွှေမှော်များသို့ ရွှေတူးလုပ်သား သိန်းပေါင်းများစွာ သွားရောက်လုပ်ကိုင်ကြပြီး နေ့စဉ် ရွှေတူးလုပ်သားများသေဆုံးမှုရှိသည်ဟု သိရှိရသည်။
“ငှက်ဖျား၊ အေအိုင်ဒီအက်စ်ရောဂါတွေလည်း အဖြစ်များတယ်၊ ရွှေမှော်မှာက တနိုင်ငံလုံးက လူတွေ လာအလုပ်လုပ်တာဆိုတော့ လောင်းကစား၊ဖဲ၊ မိန်းမ၊ မူးယစ်ဆေးဝါး အကုန်ရတယ်၊ ရာဇ၀တ်မှုတွေလည်း ပေါတယ်၊လုပ်ငန်းခွင်မတော်တဆမှုတွေကြောင့် လည်း လူသေတာတွေ နေ့စဉ်လိုလိုပဲရှိတယ်”ဟု ရွှေမှော်များသို့ သွားရောက်လေ့ရှိသူ ရွှေကုန်သည်တဦးက ဆိုသည်။
ပဲခူးတိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရွှေမှော်များမှာ စစ်အစိုးရစစ်တပ်၊ ကရင်အမျိုးသား အစည်းအရုံး(KNU)နှင့် DKBA အဖွဲ့များ အခြေစိုက်သည့် ဒေသများဖြစ်သောကြောင့် လုံခြုံရေးအရ အနက်ရောင် နယ်မြေများဖြစ်သည်ဟု သိရှိရသည်။ ရန်ကုန်ရှုခင်း - မတ်လ ပထမပတ် များလိုက်တဲ့ ဖုန်းမျိုးစုံနဲ့ ငါတို့တိုင်းပြည် မြန်မာပြည် လမ်းလျှောက်ဂျာနယ်လစ်၊ ရန်ကုန် မတ် ၃၊ ၂၀၁၀ မြန်မာနိုင်ငံမှာ ဖုန်းအမျိုးအစားတွေကလည်း များဈေးနှုန်းတွေကလည်း အမျိုးမျိုးအစားစား ကွဲပြားနေကြတာ ကြောင့် သုံးစွဲသူတွေ ခမြာမျက်စေ့လည်စရာပါ။ ကြိုးဖုန်း(လိုင်းဖုန်း) ၊ ဆယ်လူလာဖုန်း၊ ခြင်းဖုန်း၊ ကျောက်ဖုန်း၊ အိုင်ပီစတားဖုန်း၊ ဂျီအက်စ်အမ်ဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်း၊ ကမ်းရိုးတန်းဖုန်း( စီဒီအမ်အေ ၄၅၀ ကြိမ်နှုန်းသုံး နာဂစ်ဖုန်းသို့ မဟုတ် ကမ်းနီးကမ်းဝေးဖုန်း ဟုလည်းခေါ်)၊ တလခံ ၂၀ တန် ကဒ် ဖုန်း၊ ဒဗလျူ စီဒီအမ်အေဖုန်း၊ ၅သိန်းတန် ၄၅၀ စီဒီအမ်အေဖုန်း (နေပြည်တော်တွင်သာ)၊ ၅သိန်းတန် ၈၀၀ စီဒီအမ်အေဖုန်း (ယခုလက်ရှိ ရန်ကုန်မန္တလေးတွင်သာ) ဆိုပြီးအမျိုးမျိုးကွဲ ပြားနေတာပါ။ ကြိုးနဲ့သွယ်တန်းထားပြီး သယ်သွားလို့မရတဲ့ ကြိုးဖုန်းနဲ့ အိုင်ပီစတားဖုန်းကိုဖယ်လိုက် မယ်ဆိုရင် မိုဘိုင်းဖုန်း အမျိုးအစားတင်ပဲ ၉မျိုးသာသာ ရှိနေပါတယ်။ အဲဒီကိုးမျိုးထဲမှာ တမျိုးနဲ့တမျိုး သုံးစွဲခဈေးနှုန်းလည်း မတူညီကြပဲ ပြောဆိုသုံးစွဲနိုင်တဲ့ ဧရိယာလည်း ကွဲပြားနေကြပါတယ်။ ဆယ်လူလာဖုန်း၊ ကျောက်ဖုန်း ၁၉၉၀ ခုနှစ် အလယ်နှောင်းပိုင်းမှာ မြန်မာနိုင်ငံက သုံးစွဲသူတွေဆီ မိုဘိုင်းဖုန်း စနစ်ကို ပထမဆုံး မိတ်ဆက်ပေးခဲ့တာ ယခု ဆယ်လူလာစနစ်သုံး ဖုန်းပဲ ဖြစ်ပါတယ်။ စထွက်ခါစ ကျပ်၁၀သိန်း ၁၂သိန်းဝန်းကျင်မှနေ အမြင့်ဆုံး ကျပ်သိန်း ၂၀ ၀န်းကျင်ထိ ဈေးပေါက်ခဲ့ ပါသေးတယ်။ ထိုစဉ်က မိုဘိုင်းဖုန်း လက်ဝယ်ကိုင်နိုင်တယ် ဆိုတာဟာ လူနေမှု အဆင့်အတန်း ကိုပြသတဲ့ လက္ခဏာ တခုဖြစ်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်ကျော်ထိ မိုဘိုင်းဖုန်းကိုင်သူများအနေနဲ့ ဘတ်စ်ကားထဲမှာ ဖုန်းမပြောရဲ ကြသေးပါဘူး။ ဖုန်းကိုင်တဲ့ အဆင့်အတန်းနဲ့ ဘတ်စကား စီးနင်းတဲ့ အချက်က မလိုက်ဖက်လို့ပါ။ အချို့သောဖုန်းကိုင်သူတွေ ဘတ်စ်ကားစီးရတောင်မှ ကားပေါ်မှာ ဖုန်းကိုပိတ်ထားတတ် ကြပါတယ်။ ဖုန်းကိုင်နိုင်တဲ့ သူတွေဟာ သူတို့ရဲ့ လူနေမှု အဆင့်အတန်းဘယ်မှာ ရှိတယ်ဆိုတာ ပြသချင်တဲ့ သဘောပါ။ ကျောက်မျက်ရတနာ တူးဖေါ်တဲ့ကုမ္ပဏီတွေကို ၂၀၀၃၊ ၂၀၀၄ခုနှစ်များဆီက ၀၉၀..စတဲ့နံပါတ်တွေနဲ့ ရောင်းချပေးခဲ့ပြီး ဖားကန့်၊ မြစ်ကြီးနား၊ မိုင်းရှူးမြို့တွေမှာ သုံးစွဲနိုင်လို့ ဆယ်လူလာ စနစ်သုံး အဆိုပါနံပါတ်တွေကို ကျောက်ဖုန်းလို့ခေါ်ဆိုကြပါတယ်။ ယခင်က အခြားဂျီအက်စ်အမ်၊ စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့ ပြောဆိုခ အတူတူဖြစ်ပြီး အထွက်ခေါ်ဆိုခ တမိနစ် ၂၅ကျပ် ဖြစ်ပါတယ်။ ယခုတပြန် ဖုန်းခေါ်ဆိုခမြင့်တက်သွားတဲ့ အထဲမပါတာတွေ့ရပါတယ်။ အခြားမိုဘိုင်းတွေက တမိနစ် ၅၀ ကျပ်ဖြစ်နေချိန်မှာ ၂၅ကျပ်ပဲ ကျသင့်တဲ့ ဆယ်လူလာကို လူပိုကြိုက်မယ်လို့ ထင်မြင်စရာရှိသော်လည်း နက်ဝေါ့ခ် သိပ်မကောင်းခြင်း၊ သုံးစွဲနိုင်တဲ့မြို့အရေအတွက် နည်းပါးခြင်းတို့ကြောင့် လူကြိုက်သိပ်မများတော့ပဲ ပြင်ပဈေးကွက်မှာ ကျပ်၁၀သိန်းအောက် သာရှိတော့တာ တွေ့ရပါတယ်။ ဖုန်းနံပါတ်က ၀၉၉၉…..နဲ့စပြီး ဂဏန်း၉လုံးပါရှိပါတယ်။ မြန်မာပြည်ဖုန်းဈေးကွက်မှာတော့ ကိုးဂဏန်းနှစ်လုံးနဲ့ စတင်လို့ “နိုင်းနိုင်း” လို့လည်း ခေါ်ကြပါတယ်။ ခြင်းဖုန်း စီဒီအမ်အေ ၈၀၀ မီဂါဟဇ် စနစ်သုံး အထိုင်ဖုန်းလို့ခေါ်တဲ့ စနစ်ကို ၁၉၉၉/၂၀၀၀ ခုနှစ်များဆီက စတင်ငှားရမ်းချပေးခဲ့တာပါ။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပဲ သုံးစွဲနိုင်ပါတယ်။ စတင်အငှားချပေးစဉ်က မြန်မာ့ ဆက်သွယ်ရေးကို ကျပ် ၅သိန်းပေးသွင်းရပါတယ်။ အမေရိကန် ကွာကွန်းလ် Qualcom ကုမ္ပဏီက ထုတ်လုပ်တဲ့ အထိုင်ဖုန်း တွေနဲ့ သုံးခဲ့ကြပါတယ်။ ဖုန်းနဲ့ ဖုန်းအောက်မှာ တွဲလျက်နေတဲ့ တပိသာလောက်လေးတဲ့ ဘက်ထရီ အတွဲကို ပလပ်စတစ်ခြင်းနဲ့ထည့်ပြီး သယ်သွားကြလို့ မြန်မာပြည်မှာ ခြင်းဖုန်းလို့ခေါ်ကြတာပါ။ ပြောဆိုခ တမိနစ်ကို ယခုအချိန်ထိ မြို့တွင်း ၁၅ကျပ်၊ နယ်အဝေး ၂၅ကျပ်ပဲ ကျသင့်ဆဲပါ။ ခေါ်ဆိုခ သက်သာတာရော၊ နေရာရွှေ့ပြောင်းနိုင်ပြီး ဖုန်းကိုကြာရှည်ကြာမျောသုံးသူတွေအတွက် ကောင်းလို့ နှစ်လုံး၊ သုံးလုံး ဂဏန်းချဲထီ လုပ်ကိုင်သူတွေ၊ မင်္ဂလာဈေးမှ ကုန်သည်တွေ နှစ်သက် ခဲ့ကြပါတယ်။ ဖုန်းနံပါတ် ၇…..နဲ့စပြီး ဂဏန်း ၆လုံးပါရှိပါတယ်။ အိုင်ပီစတားဖုန်း အိုင်ပီစတား လို့ခေါ်ဆိုတဲ့ ဂြိုဟ်တုဆက်သွယ်ရေး စနစ်သုံး အင်တာနက်လိုင်းပေါ်မှ တဆင့်သွားတဲ့ ဖုန်းကို အိုင်ပီစတားဖုန်းလို့ခေါ်ဆိုပါတယ်။ နယ်ဝေးမြို့တွေ ဝေးလံခေါင်ဖျားတဲ့ဒေသ တွေအတွက် အင်တာနက်နဲ့ ဖုန်းဆက်သွယ်ရေး ရရှိအောင် ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ သားရဲနိုင်ဝင်း ပုဂံဆိုင်ဘာတက်ခ်ကို စီမံခန့်ခွဲလုပ်ဆောင်ခဲ့စဉ်က ရောင်းချပေးခဲ့ပြီး ယခုနောက်ပိုင်း ဆက်သွယ်ရေး ၀န်ကြီးဌါနက ဆက်လက်တာဝန်ယူ ရောင်းချပေးနေတာပါ။ အင်တာနက်ဆက်သွယ်ရေး (ဒေတာ) အတွက်ရော အင်တာနက် ပေါ်မှသွားတဲ့ VOIP စနစ် ဖုန်းနှစ်မျိုးလုံး အတွက် အိုင်ပီစတားကိုရောင်းချပေးပေမယ့် မြ၀တီ၊ တာချီလိတ်၊ ရခိုင်၊ မူဆယ်တို့လိုနယ်စပ်မြို့တွေ အခြားမိုဘိုင်းစနစ် မရရှိခင်က ဖုန်းအတွက်သာ အိုင်ပီစတားကို ၀ယ်ယူခဲ့ကြတာပါ။ ပြည်တွင်းကို ဆက်သွယ်ဖို့ရာ အိုင်ပီစတားဖုန်းကို သုံးစွဲခဲ့ကြပါတယ်။ ယခုတော့ အဆိုပါနယ်စပ်မြို့တွေမှာ ကမ်းရိုးတန်းဖုန်းတွေ သုံးစွဲနိုင်လာပြီမို့ အိုင်ပီစတားဖုန်းတွေ သိပ်ခေတ်မစားတော့ပါဘူး။ အိုင်ပီစတား ဆက်သွယ်ရေး စနစ်တစုံကို သက်ဆိုင်ရာ မှဝယ်ယူစဉ်က ကျပ် သိန်း ၃၀မှ သိန်း၄၀ထိ ပေးဆောင်ခဲ့ကြရပါတယ်။ ဖုန်းပြောဆိုခကတော့ ကြိုးဖုန်းလို့ခေါ်တဲ့ လိုင်းဖုန်းတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၄….နဲ့စပြီး ဂဏန်း၈လုံးပါရှိပါတယ်။ ဂျီအက်စ်အမ်ဖုန်း မြန်မာနိုင်ငံကို ၂၀၀၂ ခုနှစ်မှာ စတင်မိတ်ဆက်ပေးခဲ့တဲ့ မိုဘိုင်းဖုန်းစနစ်ဖြစ်ပါတယ်။ ထိုစဉ်က စကိုင်းလင့်ခ် Skylink Co. ကုမ္ပဏီနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့ တွဲဘက်လုပ်ဆောင်ခဲ့ကြတာပါ။ စတင်ငှားရမ်းပေးစဉ်က ကျပ် ၅သိန်းပေးသွင်းရပြီး ပြင်ပပေါက်ဈေးက သိန်း ၂၀ကျော်အထိရှိခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၀၄မှာတော့ အမြင့်ဆုံး သိန်း၅၀နီးပါးအထိ မြင့်တက်ခဲ့ပါတယ်။ ထိုစဉ်က ဗိုလ်ချုပ်တွေ ၊ ၀န်ကြီးတွေသူတို့လက်မှတ်နဲ့ ဂျီအက်စ်အမ် လျှောက်ပြီးရောင်းစားကြ၊ ဆွေမျိုးသားချင်းတွေ သုံးစွဲကြ၊ တပ်အရာရှိတွေ၊ အရပ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ကိုငှားရမ်းခွင့် ချပေးလို့ ထုတ်ပြီးရောင်းကြနဲ့ ဂျီအက်စ်အမ်ဖုန်းဟာ နအဖ အစိုးရရဲ့ စည်းရုံးရေး လက်နက်သဖွယ် နှစ်အတန်ကြာ ဖြစ်နေခဲ့ပါတယ်။ ယခင်မိုဘိုင်းဖုန်း များလိုကုဒ်စနစ်မဟုတ်ပဲ ဆင်းကဒ် စနစ်သုံးထားတာ ဖြစ်လို့ hand set ကိုလွယ်ကူစွာလဲလှယ် နိုင်ခြင်း၊ ပြောဆိုနိုင်တဲ့မြို့များပြားခဲ့ခြင်းကြောင့် ဂျီအက်စ်အမ်ဖုန်းဟာ နှစ်အတော်ကြာ လူကြိုက်အများဆုံး ဖုန်းဖြစ်ခဲ့ပါတယ်။ ယခုအချိန်အထိလည်း မိုဘိုင်းဖုန်းထဲမှာ အရေအတွက် အားဖြင့် အများဆုံးသုံးစွဲနေတဲ့ ဖုန်းအမျိုးအစားဖြစ်နေဆဲပါ။ ၀၉၅….သို့မဟုတ် ၀၉၄….နဲ့စပြီး ဂဏန်းကိုးလုံး ပါရှိပါတယ်။ ယခုနှစ်ဆန်းမတိုင်မီထိ မြို့တွင်း တမိနစ် ၂၅ကျပ်၊ နယ်ဝေး ၃၅ကျပ် ကောက်ခံခဲ့ရာမှ ဇန်န၀ါရီလ ၁ရက်နေ့မှစလို့ နယ်ဝေးရော မြို့တွင်းပါ တမိနစ်ကို ၅၀ကျပ်သို့ပြောင်းလဲလိုက်ပါတယ်။ ဂျီအက်စ်အမ်ရဲ့ အားသာချက် နောက်တခုကတော့ SMS စာတိုပို့စနစ် သုံးလို့ရတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ နာမည်ကျော် မိုဘိုင်းကွန်ရက် စွမ်းဆောင်ရည်ကျနေတဲ့ အချိန်၊ ကျတဲ့နေရာတွေမှာ ၊ နောက်ပြီး ပြောလို့သဲသဲကွဲကွဲမကြားတဲ့အခါ မျိးမှာ စာတိုပို့စနစ်နဲ့ ပို့ထားပြီး တဘက်သားကို အသိပေးကြရတာလည်း မြန်မာနိုင်ငံရဲ့ ရှုခင်းတခုပါ။ ဂျီအက်စ်အမ်ဆင်းကဒ် တကဒ်ကို အစိုးရငှားရမ်းနှုန်း ကျပ်ငါးသိန်းမှ ကျပ် ၁၀သိန်းသို့ မြှင့်တင်ခဲ့ပြီး နောက်တဖန် ၁၅သိန်းသို့ထပ်မံ မြှင့်တင်ခဲ့ပြန်ပါသေးတယ်။ ယခုလောလောဆယ် ပြင်ပဖုန်း ဈေးကွက်မှာ ၀၉၅၁…. ၀၉၅၀…နဲ့စတဲ့ သုံးပြီးသား ဂျီအက်စ်အမ်ဆင်းကဒ် တကဒ် ပေါက်ဈေးဟာ ကျပ် ၁၃၊ ၁၄သိန်းသာရှိပါတော့တယ်။ မသုံးရသေးတဲ့ ဆင်းကဒ်ကို မိမိနာမည်နဲ့ ၀ယ်ချင်ရင်တော့ ၁၆သိန်းကျော် ရှိပါသေးတယ်။ ၁၆သိန်းကျော်နဲ့ ၀ယ်ယူသူတော့ နည်းပါးသွားပြီလို့ ဈေးကွက်ထဲမှ ပြောဆိုကြပါတယ်။ တမိနစ် ပြောဆိုခကတော့ နီးနီးဝေးဝေး ကျပ် ၅၀နဲ့ စာတို တစောင်ကို ၂၅ကျပ် ကျသင့်ပါတယ်။ စီဒီအမ်အေဖုန်း ခြင်းဖုန်းလို့ခေါ်တဲ့ စီဒီအမ်အေ အထိုင်ဖုန်းနဲ့ နည်းပညာ၊ ကြိမ်နှုန်းအတူတူပဲ ဖြစ်ပေမယ့် ဖုန်းနံပါတ်က ၀၉၈၀…နဲ့စပြီး ဂဏန်း၉လုံး ပါရှိပါတယ်။ ၀၉၈၀နဲ့ စတဲ့အတွက် အိတ်ဇီးရိုး တွေလို့အတိုကောက်ခေါ်ကြပါတယ်။ ၂၀၀၀ခုနှစ် အစပိုင်းတွေထဲက စတင်ငှားရမ်းခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ နောက်ထပ်တသုတ်ထပ်မံ ငှားရမ်းခဲ့ပါတယ်။ အစိုးရထံမှ ငှားရမ်းခွင့်ချပေးရာမှာ ကျပ်ငါးသိန်းဖြစ်ပေမယ့် ပြင်ပပေါက်ဈေး ကျပ် ၂၅သိန်းဝန်းကျင် ရှိခဲ့ပြီး ၂၀၀၃၊ ၂၀၀၄မှာ အမြင့်ဆုံး ၅၁ သိန်းလောက်ထိ မြင့်တက်ခဲ့ဖူးပါတယ်။ ရန်ကုန်နဲ့ မန္တလေး၊ စစ်ကိုင်းမြို့မှာပဲ အသုံးပြုနိုင်ပါတယ်။ ငှားရမ်းခွင့်ချပေးစဉ်က အများစုကို စစ်တပ်က အရာရှိတွေပဲ ရရှိကြပြီး သူတို့က အကျိုးအမြတ်နဲ့ ပြင်ပဈေးကွက်မှာ ပြန်ရောင်းချခဲ့ကြတာပါ။ ယခင်က သိန်း ၃၊၄၊ ၅ဆယ်ရှိခဲ့ပေမယ့်လည်း လက်ရှိ ပြင်ပဖုန်းဈေးကွက်မှာ ကျပ် ၁၀သိန်းကျော်သာရှိပါတော့ တယ်။ ပြောဆိုခကတော့ ဂျီအက်စ်အမ်ဖုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ကမ်းရိုးတန်းဖုန်း၊ ကမ်းနီးကမ်းဝေးဖုန်း သို့မဟုတ် နာဂစ်ဖုန်း ၄၅၀ မီဂါဟတ်ဇ် စီဒီအမ်အေ စနစ်သုံး ဖုန်းကိုစတင ထုတ်ပေးတဲ့ရက်နဲ့ မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်း ၀င်ရောက်တဲ့ရက် တိုက်ဆိုင်ပြီး နာဂစ်ဒဏ်ခံစားရတဲ့ ဧရိယာတွေမှား နာဂစ်ဒဏ်နဲ့ ဖုန်းလိုင်းတွေ ပျက်စီးနေစဉ် အသုံးဝင်ခဲ့လို့ အချို့က နာဂစ်ဖုန်းလို့ခေါ်ဆိုကြတာပါ။ စတင်စဉ်က ကမ်းရိုးတန်း ပြည်နယ်နဲ့တိုင်းတွေကို အဓိက ရည်ရွယ်ပြီး တပ်ဆင်ခဲ့တာကြောင့် တရားဝင်အမည်က ကမ်းနီးကမ်းဝေး စီဒီအမ်အေလို့ ခေါ်ပြီး သုံးစွဲသူအများကြားမှာတော့ ကမ်းရိုးတန်းဖုန်းရယ်လို့ လူသိများပါတယ်။ အထိုင်ဖုန်းနဲ့လည်း သုံးလို့ရသလို တရုတ်နိုင်ငံက တင်သွင်းလာတဲ့ Hand Set တွေနဲ့လည်း မိုဘိုင်းဖုန်းသဖွယ်သုံး စွဲနိုင်ပါတယ်။ ၂၀၀၈ခုနှစ် မေလနောက်ပိုင်း စတင်ငှားရမ်း ခဲ့ရာမှာ အခုဆို မြန်မာနိုင်ငံမှာ မြို့အများဆုံးမှာ သုံးစွဲ နိုင်တဲ့ ဖုန်းဖြစ်နေပါပြီ။ လက်ရှိမြို့ပေါင်း ၁၂၀ ၀န်းကျော်မှာ သုံးစွဲနိုင်တယ်လို့သိရပါတယ်။ ကြိမ်နှုန်းနိမ့်စနစ်ဖြစ်လို့ အသံအရည်အသွေး မကောင်းခြင်း၊ ပါဝါ သုံးစွဲမှုများပြီး ဘထ္ထရီ နာရီကြာကြာမခံခြင်း စတဲ့အားနည်းချက်တွေ ရှိပါတယ်။ သို့ပေမယ့် ဧရာဝတီတိုင်းလိုမျိုးမှာ နေရာအတော်များများ သုံးစွဲနိုင်ခြင်း ရန်ကုန်မန္တလေး ကားလမ်းတလျှောက်၊ ရန်ကုန်မော်လမြိုင် ကားလမ်းတလျှောက် သုံးစွဲနိုင်ခြင်းတွေက အားသာချက်တွေပါ။ အစိုးရထံမှ ငှားရမ်းတဲ့အခါ စတင်ငှားရမ်းခါစ ၁၆သိန်းမှ သိန်း ၂၁၊ ၂၂သိန်းထိ ရှိခဲ့ပြီး ယခုအခါပြင်ပဈေးကွက်မှာ ၁၅သိန်း၊ ၁၆သိန်း ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။ အထူးသဖြင့် ကျေးရွာများမှာ နေထိုင်သူတွေ၊ ကျေးရွာ အုပ်ချုပ်ရေး ရယက၊ ကျေးရွာ ဘုန်းတော်ကြီးကျောင်းများမှာ အသုံးများတာ တွေ့ရပါတယ်။ ၄၅၀စီဒီအမ်အေ နက်ဝေါ့ခ်တိုင်တတိုင်ဟာ မိုင်ငါးဆယ် အကွာအဝေးထိ ရောက်ရှိတာမို့လို့ ယခင်က မိုဘိုင်းဖုန်း လက်လှမ်းမမီတဲ့ ကျိုက်ထီးရိုးဘုရားပေါ်လိုမျိုးမှာ ကမ်းရိုးတန်းဖုန်း သုံးနိုင်တာတွေ့နေရပါတယ်။ ပြောဆိုခ ကတော့ စီဒီအမ်အေမိုဘိုင်း၊ ဂျီအက်စ်အမ်တို့နဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဖုန်းနံပါတ်က ၀၉၈၅… ၀၉၈၆…. ၀၉၈၇…. စတဲ့နံပါတ်တွေနဲ့စပြီး ဂဏန်း ၉လုံးပါရှိပါတယ်။ ကဒ်ဖုန်း သို့မဟုတ်တလခံ ဂျီအက်စ်အမ်ကဒ် ၂၀၀၉ ဇန်န၀ါရီတရက်နေ့ ရတနာပုံ စီတီး အိုင်တီပွဲမှာ စတင် မိတ်ဆက်ခဲ့တဲ့ ကြိုတင်ငွေပေးစနစ်သုံး ဂျီအက်စ်အမ် ဖုန်းပါ။ စတင်ရောင်းစဉ်က အက်ဖ်အီးစီ ၁၀တန်၊ ၂၀တန် နှစ်မျိုးရောင်းချ ခဲ့သော်လည်း ယခုနောက်ပိုင်း ၂၀တန်ကဒ်သာ တွင်ကျယ်နေပါတယ်။ အထွက်ခေါ်ဆိုမှု တမိနစ်ကို အက်ဖ်အီးစီ .၃ ယူနစ် (မြန်မာငွေ ကျပ်၃၀၀ ကျော်) နဲ့ အ၀င်လက်ခံခြင်းကို တမိနစ် အက်ဖ်အီးစီ .၀၅ ယူနစ်(ကျပ် ၅၀ကျော်) ကျသင့်ပါတယ်။ စာတိုပို့ရင်တော့ တစောင်ကို အက်ဖ်အီးစီ .၀၅ယူနစ်ကျသင့်ပါတယ်။ ကျောင်းသား လူငယ်များ၊ ယာယီအားဖြင့် အလုပ်ကိစ္စအရေးကြီးလို့ ဆက်သွယ်ဖို့ နံပါတ်တခုလိုအပ်သူများ၊ လုံခြုံရေးအရ နံပါတ်သေ မကိုင်လိုသူများ နဲ့ ပြည်ပမှ အလည်လာရောက်တဲ့ နိုင်ငံခြားသား ခရီးသည်များ ကိုင်ဆောင်ကြပါတယ်။ ယခုဖုန်းကဒ် မပေါ်ထွက်ခင်က ဖုန်းကိုင်ဆောင်လိုရင် ကိုယ်ပိုင်ဝယ်လိုက ၀ယ်၊ မ၀ယ်ပဲ ငှားရမ်း အသုံးပြုမယ်ဆို အနည်းဆုံး တလ ကျပ် ၄ သောင်းမှ ၄ သောင်းခွဲ သုံးစွဲကြရပြီး ယခုလို ၂၀တန်ဆင်းကဒ် ပေါ်လာတဲ့အခါ ထိုသို့သောသူများ အတွက် အဆင်ပြေလို့ သုံးစွဲကြပါတယ်။ နိုင်ငံတော် သူဌေးကြီးဖြစ်တဲ့ ဦးတေဇပိုင် ထူးကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ စင်ထရယ် မားကက်တင်း က ဖြန့်ချီရောင်းချခြင်း ဖြစ်ပြီး ရောင်းဈေး အက်ဖ်အီးစီ ၂၀သတ်မှတ်ထားပေမယ့် သုံးစွဲသူအများစုမှာတော့ တဆင့်ခံ ပြန်ရောင်းသူတွေဆီကပဲ ၀ယ်ယူကြရပါတယ်။ ပြင်ပပေါက်ဈေး တကဒ်ကို ၂သောင်း ၄ထောင်မှ ယခုလအတွင်း ၂သောင်း ၈ထောင်ကျော်ထိ မြင့်တက်လာပါတယ်။ တလမပြည့်မီ ပြောဆိုခကုန်သွားခဲ့ရင် ထပ်မံဖြည့်သွင်းလို့မရပဲ စာတိုပို့စနစ်သာ လက်ခံနိုင်ပါတော့တယ်။ ကျပ်သိန်းဆယ်ဂဏန်းနဲ့ ချီတဲ့မိုဘိုင်းဖုန်းကို ပေးမ၀ယ်တဲ့သူများ အနေနဲ့ ကျပ်ငွေ ၂သောင်းကျော်နဲ့ မိုဘိုင်းဖုန်း တလုံး တလခန့်ကိုင်နိုင်လို့ သုံးစွဲကြတာမျိုးလည်း တွေ့ရပါတယ်။ ဒဗလျူစီဒီအမ်အေ ဖုန်း WCDMA တနည်းအားဖြင့် သရီးဂျီနက်ဝေါ့ခ် လို့လည်း ခေါ်ဆိုတဲ့ ဒဗလျူစီဒီအမ်အေဖုန်း ကိုလွန်ခဲ့တဲ့ နှစ်နှစ်ခန့်က စတင်မိတ်ဆက် ခဲ့ပါတယ်။ ရန်ကုန်မြို့တွင်း ၆မြို့နယ်မှာသာ သုံးစွဲနိုင်ပြီး အလုံးရေ ထောင်ဂဏန်း ၀န်းကျင်သာ ငှားရမ်းပေးတာပါ။ သိရှိရသလောက်ဆိုရင် တရုတ်နိုင်ငံ ဆက်သွယ်ရေး ကုမ္ပဏီ တခုက နအဖ အစိုးရကို အဆိုပါနက်ဝေါ့ခ်နဲ့ ပတ်သက်လို့ နမူနာအဖြစ် ပေးတဲ့ ပစ္စည်း ကိရိယာတွေကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တပ်ဆင်ပြီး ဖုန်းသုံးစွဲသူတွေကို ရောင်းစားလိုက်တာ လို့ဆက်သွယ်ရေး အရာရှိတဦးက ဆိုပါတယ်။ အဆိုပါ စနစ်နဲ့ ပတ်သက်တဲ့ အလားတူ ပစ္စည်းတွေလည်း မ၀ယ်ယူတော့ပဲ စကားပြောစဉ် တဖက်က အရုပ်ကို တဖက်က မြင်နိုင်တယ် ဆိုပြီး ဒဗလျူ စီဒီအမ်အေ ကိုကြေငြာခဲ့ပါတယ်။ လက်တွေ့မှာ ရန်ကုန်မြို့တွင်း ၆မြို့နယ်မှာသာ ဒဗလျူစီဒီအမ်အေ စနစ်နဲ့ သွားပြီး ထိုမြို့နယ်များ ကျော်လွန်သွားခဲ့ရင်တော့ ရိုးရိုး ဂျီအက်စ်အမ် ဖုန်းလိုပဲ သုံးစွဲနိုင်တော့မှာပါ။ ပြောဆိုခ ဂျီအက်စ်အမ် ဖုန်းနဲ့ အတူတူပဲ ဖြစ်ပါတယ်။ အပြင်ဈေးကွက်မှ ဖုန်းတန်ဖိုးလည်း ဂျီအက်စ်အမ်ထက် အနည်းငယ်မျှသာ ဈေးပိုတာကို တွေ့ရပါတယ်။ ၅သိန်းတန် ၄၅၀ မီဂါဟဇ် စီဒီအမ်အေ နေပြည်တော်မှ ပထမဆုံးခွင့်ပြုတဲ့ ကမ်းရိုးတန်းစနစ်သုံး စီဒီအမ်အေဖုန်းနဲ့ စနစ်လည်းတူ ပြောဆိုခလည်းတူပါတယ်။ သို့ပေမယ့် သုံးစွဲနိုင်တဲ့ ဧရိယာမှာတော့ ကမ်းရိုးတန်းဖုန်းလို တနိုင်ငံလုံး မဟုတ်ပဲ နေပြည်တော် ဧရိယာအတွင်း ကန့်သတ်ထားရှိတာ ကိုတွေ့ရပါတယ်။ ပြောဆိုခ ကမ်းရိုးတန်း ဖုန်းနဲ့ အတူတူဖြစ်ပြီး နီးနီးဝေးဝေး တမိနစ် ၅၀ကျပ် ဖြစ်ပါတယ်။ ၅သိန်းတန် ၈၀၀ မီဂါဟဇ် စီဒီအမ်အေဖုန်း ယခုနှစ်ဆန်း မှာ မန္တလေးမြို့မှာ ပထမဦးဆုံးစတင် ငှားရမ်းပေးပြီး နောက်ရန်ကုန်မှာပါ ငှားရမ်းပေးနေတဲ့ ဖုန်းအမျိုးအစားပါ။ ယခင်ခြင်းဖုန်း၊ စီဒီအမ်အေ မိုဘိုင်းဖုန်းတွေနဲ့ နည်းပညာ စနစ်ခြင်းအတူတူ ဖြစ်သော်လည်း ၅သိန်းတန်ဖုန်းတွေကို ကဒ်စနစ်နဲ့ ပြုလုပ်ထားပြီး ကျပ်၅သိန်းပေးသွင်း ရင်ဆင်းကဒ် တကဒ်သာ ထုတ်ပေးပြီး ဖုန်းအထိုင်သို့မဟုတ် လက်ကိုင်ဖုန်းကို မိမိဘာသာ ၀ယ်ယူရပါတယ်။ ထူးခြားတာက ပြောဆိုခကို ကြိုတင်ငွေပေးကဒ် စနစ်နဲ့သာ ထည့်သွင်းဖို့ ပြုလုပ်ထားပြီး ကျပ် ၁၊ ၂၊ ၃သောင်းနဲ့ အက်ဖ်အီးစီ ကြိုတင်ငွေပေးကဒ် တွေဝယ်ပြီးဖြည့်သွင်းမှ ဖုန်းဆက်သွယ်လို့ ရမှာ ဖြစ်ပါတယ်။ ပြောဆိုခ တမိနစ် ၅၀ကျပ် ပဲဖြစ်ပါတယ်။ ပြည်ပပြောဆိုခကိုတော့ အက်ဖ်အီးစီ ကြိုတင်ငွေဖြည့်ကဒ် ဖြည့်သွင်းထားမှ ဆက်သွယ်နိုင်မှာပါ။ ရန်ကုန်မြို့မှာတင် အလုံးရေ ၁သိန်း အငှားချပေးမယ်လို့ ထုတ်ပြန်ပြောဆိုချက် များအရ သိရပါတယ်။ အစိုးရနဲ့ နီးစပ်တဲ့ ထူးကုမ္ပဏီရဲ့ ကုမ္ပဏီခွဲ များကပဲ ဟန်းဆက်ရောင်းချခြင်း ကဒ်ရောင်းချခြင်းတို့ လုပ်ဆောင်နေတာပါ။ ရန်ကုန်အတွက်တော့ ၇၃….နဲ့ စတင်ပြီး ဂဏန်း ၈လုံးပါရှိတဲ့ နံပါတ်တွေကို သုံးစွဲပါတယ်။ ပြောဆိုခနှုန်းထားကတော့ ပြည်တွင်း ခေါ်ဆိုမှုအတွက် တမိနစ် ကျပ် ၅၀ ပုံသေဖြစ်ပါတယ်။ ယခင်ကထက် ဈေးလျော့လာပေမယ့် နိုင်ငံတကာနဲ့ ယှဉ်ရင် မယှဉ်နိုင်အောင် မြင့်လျက်ရှိနေ မြန်မာပြည်မှာ ဒီလောက်တောင် များပြားလှတဲ့ ဖုန်းစနစ်တွေ အမျိုးအစားတွေနဲ့ သုံးစွဲသူတွေအတွက် ရွေးချယ်ရ ခက်ခဲလျက်ရှိ ပါတယ်။ နှစ်ကာလ ကြာရှည်စွာ တယ်လီဖုန်းဆိုတာ ပိုင်ဆိုင်မှု တခု၊ ရောင်းချလို့ရတဲ့ အရာတခု၊ သက်ဆိုင်ရာ အစိုးရထံမှ ၀ယ်ယူခွင့်ရရင် အခွင့်အရေး တရပ်အဖြစ်နဲ့ စွဲမြဲမှတ်ယူလာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၁၀စုနစ် တခုလုံးလည်း မိုဘိုင်းဖုန်း တလုံးကို သုံးစွဲနိုင်ဖို့ ၀ယ်ခွင့်ရသူကို သိန်းဆယ်ဂဏန်းနဲ့ ချီပြီး အကျိုးအမြတ်တွေ ပေးခဲ့ရပါတယ်။ ယခုတလောမှာ မြို့နယ်တခုတွင်း ပြောဆိုသုံးစွဲနိုင်တဲ့ ၈၀၀ စီဒီအမ်အေ ဖုန်းတွေကို ကျပ်၅သိန်းနဲ့ ရောင်းပေးမယ် ဆိုတာကြောင့် ဒါဟာ အခွင့်အလမ်းတရပ်လားလို့ ထင်မြင်သူက ထင်မြင်နေကြပါသေးတယ်။ သို့ပေမယ်လို့ ဖုန်းအတွက် ကားအတွက် မြန်မာပြည်သူပြည်သားတွေ ရင်းနှီးပေးဆပ်ရတဲ့ ငွေပမာဏများပြားလွန်းလှပြီး နောက်ထပ် ၀ယ်အား မရှိကြတော့ပါဘူး။ ဒိထက်ထပ်ကျ နိုင်သေးတယ်လို့လည်း ယူဆလာကြပါပြီ။ နကိုက ၁၇သိန်း၊ သိန်း ၂၀တန် တပြည်လုံးသုံး နိုင်တဲ့ မိုဘိုင်းဖုန်း ဈေးလည်း ပြုတ်ကျလာပါတယ်။ ထိုင်းနိုင်ငံမှာ ဆင်းကဒ် တကဒ်ကို ၂၅ ဘတ် (၇၅၀ ကျပ်)သာပေးရပြီး တမိနစ် ပြောဆိုခဟာလည်း တဘတ်(ကျပ် ၃၀သာသာ) ပဲရှိတာမို့ မြန်မာနိုင်ငံမှာတော့ အနိမ့်ဆုံး ကျပ်ငါးသိန်း ရှိပါသေးတယ်။ အဆ ၇၀၀ နီးနီး ကွာခြားနေပါသေးတယ်။ ဖုန်းပြောခမှာလည်း မြန်မာနိုင်ငံက ထိုင်းနိုင်ငံထက် မြင့်နေပါတယ်။ အဲဒီအချက်တွေဟာ ဘယ်အချက်မှာ အခြေခံလည်းဆိုရင် လွတ်လပ်စွာ ပြိုင်ဆိုင်လုပ်ကိုင်ခွင့် မရှိတဲ့ အချက်မှာပါ။ မိုဘိုင်း ဆက်သွယ်ရေးကို နအဖ အစိုးရက နီးစပ်ရာ ကုမ္ပဏီကြီး တခုနှစ်ခုကိုပဲ လုပ်ပိုင်ခွင့်ပေးပြီး သုံးစွဲသူအများဆီက အကျိုးအမြတ်များ ညှစ်ယူနေတဲ့ သဘောထား ကြောင့်လည်းသုံးစွဲသူတွေမှာ ရွေးစရာ လမ်းမရှိဖြစ်နေတဲ့ သဘောပဲ ဖြစ်ပါတယ် Buzz အမည်ရှိ ဆိုင်ဘာလူမှုကွန်ယက်သစ်ကို ဂူဂဲလ်က မိတ်ဆက်  နက်ဇဇ်တစ်တွင်တွေ့ ရသောဘဇ် Buzz အမည်ရှိ အင်တာနက်လူမှုကွန်ယက် စာမျက်နှာ တစ်ခုကို ဂူဂဲက မနေ့ က စတင်လွှင့်တင်ခဲ့ရာ နှစ်နာရီ အတွင်းမှာပင်နိုင်ငံတကာမှ သုံးစွဲ သူတစ်သန်းခန့် ရှိသည် ဟု သတင်းရရှိသည်။ Buzz ဟု အမည်ပေးထားသည့် ထို လူမှုကွန်ယက်သည် ဂျီမေး လုပ်ဆောင်မှုနှင့် တစ်ပြိင်နက်တည်း အသုံးပြု၍ရသည်။ထင်ရှားသော လူမှု ကွန်ယက်ဝဘ်ဆိုတ် များဖြစ်သည့် ဖေ့ဘွတ် နှင့် တွစ်တာ ကဲ့သို့ ပင် ဂူဂဲဘဇ် သည် မိမိ၏ သင်းပင်း မိတ်ဖွဲ့ ချိတ်ဆက်မှု ကွန်မြုနတီ တစ်ခု ကိုတည်ဆောက်ထား နိုင်သည် ။ ဂူဂဲ ဘဇ်ကို စတင်သုံးစွဲခဲ့သူ ရန်ကုန် မြို့ မှ အင်တာနက် ဆိုင်ပိုင်ရှင် တစ်ဦးကမူ သူက ဂျီမေးရှိတာ နဲ့ အဆင်သင့်သုံးလို့ ရတယ်ဆိုတော့ ပိုပြီးတွင်ကျယ်တယ်။ တွစ်တာ နဲ့ ဖန်ရှင် ပိုတူတယ်။အခု ဒီမှာ Buzz က ဟော့ဖြစ်နေတယ်ဟုပြောသည်။ တွစ်တာ နှင့် ဖေ့ဘွတ် တွင် ပိုစ် တစ်ခုအတွက် မက်ဆေခ်ျ တို နှင့်စာလုံးရေကန့် သတ် မှု ရှိသှောလည်း ဘဇ် တွင် မရှိ သည် သုံးစွဲသူများ အဆင်ပြေစေသောအချက်ဖြစ် သည်။ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ စစ်တမ်းအရ နိုင်ငံတကာမှ အင်တာနက် သုံးစွဲသူ ၁၇၂ သန်း ကဂူဂဲ ကို အသုံးပြုသည် ဟုသိရသည်။ဂူဂဲက ဘဇ် ပလက်ဖောင်းကို တည်ဆောက်ခြင်း သည် ဖေ့ဘွတ် ၊တွစ်တာ ၊မိုင်စပေ့ တို့ ၏ ဈေးကွက် ကို ရယူ နိုင်ရန် ပထမ ခြေလှမ်းဖြစ် သည် ဟု ဆီလီကွန် ဗယ်လီ အသိုင်းအဝိုင်းတွင် ပြောဆိုကြသည်။ ဘဇ် သည် နှေးကွေးသော အင်တာနက် စနစ်တွင် လည်းအသုံးပြူနိုင်သည်။ တင့်လွင်
ဒီဇင်ဘာ ၂၁၊ ၂၀၀၉
၂၀၀၉ခုနှစ်မှာ မြန်မာနိုင်ငံ အင်တာနက် သုံးစွဲသူများအကြား ရုတ်တရက် အသုံးများလာတဲ့ ဆိုရှယ်နက်ဝေါ့ခ် (မိတ်ဆွေဖွဲ့ ကွန်ရက်) ၀က်ဆိုက်ကတော့ facebook.com ပဲဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာစတင်ခဲ့တဲ့ အဆိုပါ ဆိုရှယ်နက်ဝေါ့ခ် ၀က်ဆိုက်ဟာ မြန်မာနိုင်ငံအင်တာနက် သုံးစွဲသူများအကြား ၂၀၀၈ အကုန် ၂၀၀၉ ထဲမှာတော့ ပိုမိုလူသိများလာခဲ့ပြီး အချို့သုံးစွဲသူများ ဆိုရင် နေ့စဉ် နာရီနဲ့ချီ မသုံးရရင် မနေနိုင်လောက်အောင် စွဲလမ်းတဲ့အဖြစ်တွေ အထိရှိပါတယ်။ စွဲလမ်းစေတဲ့ အကြောင်း အချက်တွေထဲမှာ ဂိမ်းတွေက အဓိကပါဝင်ပြီး ဒုတိယအနေနဲ့ ဥာဏ်စမ်းပုစ္ဆာ ဖြေဆိုတာ၊ အဲဒီနောက်မှာတော့ တယောက်နဲ့တယောက် အပြန်အလှန်ရေးသားကြတဲ့ ပို့စ်(post) တွေမက်ဆေ့ခ်ျတွေ ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ရဲ့ မားဖီးယား ဂိမ်းနဲ့ လယ်စိုက်တဲ့ ဂိမ်းတို့ဟာ စွဲလမ်းဆုံး နှစ်ခုဖြစ်တာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများအနေနဲ့ အချို့သောနိုင်ငံတွေမှာလို ဖေ့စ်ဘွတ်ကို မေးလ်အစားထိုး ဆက်သွယ်ရေး ၀က်ဆိုက်အဖြစ်တော့ သုံးစွဲတာမတွေ့ရသေးပါဘူး။ အများနည်းတူ ဓါတ်ပုံတင်တာနဲ့ မိမိဖတ်မိတဲ့ အထဲက နှစ်သက်တာ ဝေမျှလိုတာတွေကို လင့်ခ်ပေး ထင်မြင်ချက်ရေးပြီး ပို့စ်လုပ်ကြတာတွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းသုံးစွဲသူ ၆သောင်းကျော်ရှိနိုင်မယ်လို့ မကြာသေးမီက ပြုလုပ်တဲ့ ဆက်သွယ်ရေးဝန်ကြီးဌါနက ရှင်းလင်းပွဲတခုမှာပြောဆိုခဲ့ပါတယ်။ ထိုလိုင်း၆သောင်းကျော်ကိုသုံးစွဲသူ သိန်းဂဏန်းနဲ့ ရှိမှာတော့ သေချာပါတယ်။ အဲဒီအထဲမှာ ဖေ့စ်ဘွတ်သုံးစွဲသူ သောင်းနဲ့ချီရှိမှယ်လို့ ခန့်မှန်းရပါတယ်။
Facebook ရဲ့သြဇာမြန်မာနိုင်ငံကို လျင်မြန်စွာလွှမ်းမိုးလာခဲ့တာကို အံ့သြစရာကောင်းလှပါတယ်။ facebook မှာကျောင်းတုန်းက သူငယ်ချင်းတွေ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေကို နာမည်နဲ့ ဖြစ်စေ သူငယ်ချင်းတဆင့် တဆင့်နဲ့ ဖြစ်စေ ပြန်အဆက်အသွယ်ရကြတာဟာလည်း ရေပန်းစားရခြင်း အကြောင်းတချက်ပါ။ မိမိရှာလိုတဲ့ သူငယ်ချင်းဟောင်း၊ မိတ်ဆွေဟောင်းရဲ့ အမည်ကိုရိုက်ထည့်ရှာရုံနဲ့ သူသာ facebookသုံးနေမယ်ဆို မတွေ့စရာအကြောင်းမရှိလောက်အောင် ရှာလို့လွယ်ကူပါတယ်။
ပိတ်ရာ ဆို့ရာမှာ နာမည်ကြီးလှတဲ့ မြန်မာနအဖ အစိုးရက facebook ကိုအမြင်ကပ်ပြီး ပိတ်မှာလည်းစိုးရပါတယ်။ အခုတောင် ဖေ့စ်ဘွတ်အဓိကစာမျက်နှာမဟုတ်ပဲ facebook ရဲ့inbox လင့်ခ ကိုပိတ်ထားပါတယ်။ မိမိ အကောင့်ထဲကို တစုံတယောက်က မက်ဆေ့ခ်ျပို့ထားပြီး ထိုအကြောင်းကို အသိပေးတဲ့ အီးမေးလ်က ကိုယ့်ရဲ့ email inbox ထဲရောက်နေတယ်ဆို အဲဒီလင့်ခကို ကလစ်လုပ်ရင် တားမြစ်ထားတယ် Access Denied ဆိုတဲ့ သတိပေးစာမျက်နှာ တက်လာပါတယ်။ အဆိုပါစာမျက်နှာကို ကြည့်ချင်ရင် ဒီအတိုင်းကြည့်လို့မရပဲ လင့်ခကိုကော်ပီလုပ်ပြီး ပရောက်စီကျော်ထားတဲ့ ၀က်ပေ့ခ်ျကနေ သွားကြည့်ရမယ့်သဘောပါ။
Posted by zarny win | 9:01 AM | Overseas News | 0 comments » ကိုယ့် gmail ကို အခြားသူတစ်ဦးဦးက ခိုးပြီးဝင်သုံးနေသလား စစ်ဆေးရန်။
ကိုယ့် Gmail ကို အခြားသူများ ၀င်သုံးနေလားဆိုပြီး အရင်က သံသယရှိသူ၊ စစ်ချင်သူများ ၀မ်းမြောက်ဖွယ်ပါ။ Google မှ မိမိ၏ Gmail တွင် အခြားသူတစ်ဦးက ၀င်ရောက်အသုံးပြုသွားပါက ထိုသူ၏ IP Address အား ဖေါ်ပြပေးထားပါပြီ။
Gmail ၏ ပထမစာမျက်နှာ အောက်ဆုံးနားသို့ သတိထားကာ သွားကြည့်လျှင် -

ယခုကဲ့သို့ This account is open in 1 other location (xxx.xxx.xxx.xxx) Last account activity 5 Hours ago. ဆိုပြီး (၀င်ရောက်ချိန်ကြာမြင့်မှုကို ပြသော) စာသားလေး မြင်ရလိမ့်မည်။ ပြည့်ပြည့်စုံစုံ ကြည့်ချင်ပါက ဘေးနားရှိ Detail ဆိုသော လင့်ကလေးနှိပ်ပါက - ယခုကဲ့သို့ IP Address များကို မြင်ရမည်ဖြစ်ပြီး ကိုယ့်အကောင့်ကို သူများ သုံးခဲ့ဘူးသလား၊ ဘယ်နေရာကလဲ စသဖြင့် သိနိုင်ပါပြီ။
အကယ်လို့များ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်ကြည့်နေတုန်းမှာ တစ်ဘက်မှာလဲ ကိုယ်မသိအောင် ၀င်သုံးနေပါက Concurrent Session Information တွင် IP များ တစ်ခုထက် ပိုတွေ့နေရမည်ဖြစ်ပြီး သူတို့ကိုပါ Logout လုပ်ပစ်ချင်ပါက အောက်နားရှိ Sign Out all other sessions ခလုပ်ကလေးနှိပ်ပါက ရှိသမျှ တပြိုင်နက်သုံးနေသော users ယူဆာများကို Logout လုပ်နိုင်ပါတယ်၊ ပြီးလျှင်တော့ ကိုယ်ရဲ့  Password ကို မြန်မြန်သာ ပြောင်းလိုက်ပေတော့ဗျာ။ (ဒီနေရာမှာ ဖြည့်စွက်ပြောချင်တာကတော့ မိမိရဲ့  password ပြောင်းရုံတင်မက security question(s) တွေနဲ့  answer(s) အဖြေတွေကိုပါ ပြောင်းသင့်ပါတယ်။ မိမိ gmail settings မှာလည်း အခြားသောသူများက ခိုးထည့်ထားတတ်တဲ့ forward email လိပ်စာတွေ ရှိ မရှိကိုလည်း စစ်ကြည့်တာ ကောင်းပါတယ်)။ (http://kozaw357.multiply.com/journal/item/122 ကနေ ပြန်လည်ဖေါ်ပြတာ ဖြစ်ပါတယ်)။ အပြည့်ဖတ်မည်... ပြန်ချုံ့မည်...
|