|
- စစ်ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီ click - ဒေါ်အောင်ဆန်းစုကြည်က ထိုင်းကို မဝေဖန်ဟုဆို click - NLD က ဆိုင်းဘုတ်နဲ့ အလံကို ဖြုတ်ချမှာမဟုတ် click - ယခုလကုန်တွင် ၀န်ထမ်းများ လစာတိုးဦးမည်ဟု သတင်းထွက်ပေါ် click ယခုလကုန်တွင် ၀န်ထမ်းများ လစာတိုးဦးမည်ဟု သတင်းထွက်ပေါ် မိုးမခ အထောက်တော်၊ ရန်ကုန် ဧပြီ ၂၄၊ ၂၀၁၀ အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများအား ယခုနှစ် ဇန်န၀ါရီလမှ စတင်ပြီး ပေါ်ကြွယ်စရိတ် ခေါင်းစဉ်ဖြင့် ကျပ် ၂သောင်းခံစားခွင့် ပြုပြီး ၄လအကြာ ဧပြီလကုန်တွင် လစာထပ်မံ တိုးမြှင့်ပေးမည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ရန်ကုန်မြို့ရှိ အရပ်ဘက် အစိုးရအရာရှိ တဦး၏ ပြောကြားချက်အရ ယခုထပ်မံတိုးပေးမည့် ပမာဏမှာလည်း ကျပ် ၂သောင်းအနည်းဆုံး ရှိမည်ဖြစ်ပြီး အားလုံး တပြေးညီ ခံစားခွင့်ရှိမည် သို့မဟုတ် ရာထူးအဆင့်အလိုက် အနည်းအများ ကွာခြားမည်ဆိုသည်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးဟု ပြောဆိုသည်။ ယခုကဲ့သို့ လစာထပ်မံ တိုးမြှင့်ပေးမည့် ရည်ရွယ်ချက်သည် လာမည့်ရွေးကောက်ပွဲတွင် အစိုးရ၀န်ထမ်းနှင့် တပ်မတော်သားများ နအဖ ကျောထောက်နောက်ခံပြုမည့် ပါတီကို မဲပေးရန် ရည်ရွယ်သည်ဟုလည်း အဆိုပါ အရာရှိက ပြောဆိုသည်။ ထိုသို့လစာတိုးပေးရန် အတွက်အစိုးရ၏ ဘတ်ဂျက်အသုံးစရိတ်ကို မည်သို့ရှာကြံမည်ကို မသိရှိရသေးသော်လည်း ယခုနှစ်ပိုင်းတွင် လုပ်ငန်း အသေးစားနှင့် အလတ်စားများ အပေါ်ချမှတ်သည့် ၀င်ငွေခွန်များမှာ အဆနှင့်ချီမြင့်တက် သွားခဲ့ပြီး သာမန် ရေခဲစက်သေး လုပ်ငန်းအား တနှစ်လျင် အခွန်ငွေ ၂၅သိန်းထမ်းဆောင်ရန် ချမှတ်ခဲ့ပြီး လွန်ခဲ့သော ၅နှစ်ကနှင့်စာလျင် ၁၀ ဆ၀န်းကျင် မြင့်တက်လာသည့် သဘောလည်းဖြစ်သည်။ ထို့အတူ ယခုနှစ်ပိုင်းအတွင်း ကုန်ပစ္စည်းရောင်းဝယ်ခွန်၊ စားသောက်ကုန်များ ရောင်းချခြင်းအပေါ် စားသုံးခွန် ကောက်ခံခြင်း၊ ပြည်တွင်းနှင့် ပြည်ပ အရက် ဘီယာများ ရောင်းချခြင်းအပေါ် တပုလင်းချင်း ကုန်သွယ်ခွန် ပေးဆောင်စေရန် ခေါင်းစဉ်သစ်များ ဖေါ်ဆောင်ပြီး ကောက်ခံလျက် ရှိရာကုန်ပစ္စည်း ဈေးနှုန်းများမြင့်တက်လာ စေသည့် အကြောင်းတစ်ရပ်အဖြစ် လုပ်ငန်းရှင်များက ရှုမြင်လျက်ရှိကြသည်။ ၂၀၁၀ နှစ်စ လစာမတိုးမီ ယမန်နှစ် ကုန်ခါနီးတွင် ငါးထောင်တန် အသစ်ကို စတင်ထုတ်ဝေ သုံးစွဲခဲ့ပြီး ၇လအကြာတွင် ယခုလို လစာထပ်မံ တိုးမြင့်မည့် သတင်းများထွက် ပေါ်လာခြင်းဖြစ်သည်။ - စစ်တပ်ရေးတဲ့ ဖွဲ့စည်းပုံကြောင့် ထိုင်းနိုင်ငံရေး မတည်ငြိမ်ဟု ဒေါ်အောင် ဆန်းစုကြည် ဝေဖန် click - စစ်တပ်က ဖွဲ့စည်းပုံဥပေဒရေးဆွဲတာ ပြဿနာရှိနေကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြော click - အခြေခံဥပဒေ အခြေခံကိုမှ မသိပါက မဲဆန္ဒရှင်၏ မဲပေးမှုသည် အဓိပ္ပါယ် မရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြော click
သကြန်အထူး ထုတ် - သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက် click - မြန်မာနိုင်ငံနဲ့ မဆက်ဆံဖို့ တရုတ်ကို သြစတြေးလျ တိုက်တွန်း click - စစ်တွေမှာ ဆန္ဒပြပွဲအပြီး လျှပ်စစ်မီးပြန်ရ click - စစ်အစိုးရ အဆိုပြုချက် မွန်ပြည်သစ်ပါတီ ငြင်းဆို click - မွန်ဒုက္ခသည် (၂၀၀) ကျော် ထိုင်းနယ်စပ်ကို ထွက်ပြေးရောက်ရှိ click - ရက်ပေါင်း (၆၀) ကျော်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်တို့၊ အလံတို့ကို ဖြုတ်ချထားစရာ အကြောင်းမရှိဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို click - လူမှုရေးလုပ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် မှာကြား click | ဒီမိုကရေစီရေး စစ်တပ်ထဲက ပူးပေါင်းဖို့ အမေရိကန်အမတ် တိုက်တွန်း | 23 April 2010 | |  | အမေရိကန် အောက်လွှတ်တော်အမတ် မစ္စတာ ဒေနာ ရိုရာဘာကာ။ ဇူလိုင် ၁၇၊ ၂၀၀၇။ | မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားဖို့ စစ်တပ်အတွင်းက မျိုးချစ်တပ်သားတွေ အနေနဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို တိုက်ထုတ်ကြဖို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က တောင်းဆိုလိုက်ပါတယ်။ ဒီစစ်ခေါင်းဆောင်တွေရဲ့ ကူညီ လုပ်ဆောင်ပေးမှုတွေကြောင့် မြန်မာပြည်ဟာ တဖြည်းဖြည်းနဲ့ တရုတ်နိုင်ငံရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်လာနေပြီလို့ သူက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာဟာ တိုင်းတပါးရဲ့ လက်ထဲကို ရောက်တဲ့ အဖြစ်မျိုးနဲ့ မြန်မာနိုင်ငံသားတွေ ရင်ဆိုင်နေကြရတယ်လို့ ကာလီဖိုးနီးယားပြည်နယ်က ရီပတ်ဘလီကန် လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက ပြောဆိုလိုက်တာပါ။ ဒါ့အပြင် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သယံဇာတတွေ ခိုးယူနေရုံမကဘဲ မြန်မာနိုင်ငံကို သူ့လက်ခံ နိုင်ငံတနိုင်ငံ ဖြစ်ဖို့အတွက် တဖြည်းဖြည်းနဲ့ သိမ်းသွင်းနေတယ်လို့ သူက ပြောပါတယ်။ “တရုတ်နိုင်ငံဟာ မြန်မာလူထု လက်ထဲကနေ တိုင်းပြည်ကို တဖြည်းဖြည်းနဲ့ လုယူနေပါတယ်။ အဲဒီလို မတရားသဖြင့် ရယူနိုင်ဖို့ အတွက်လည်း ကိုယ့်တိုင်းပြည်အပေါ် သစ္စာစောင့်သိဖို့ထက် မိမိအာဏာ တည်မြဲရေးကိုသာ ဦးစားပေး လုပ်ဆောင်နေကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ အကူအညီ အထောက်အပံ့နဲ့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ “ဒါကြောင့် တိုင်းပြည်ကို ကယ်တင်လိုစိတ်ရှိတယ်၊ စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို လုပ်ဆောင်လိုကြတယ်၊ မြန်မာနိုင်ငံကြီး တိုင်းတပါး လက်အောက်ခံနိုင်ငံ ဖြစ်မသွားစေချင်ဘူး ဆိုရင် မျိုးချစ်စိတ် ရှိသူတွေနဲ့ လွတ်လပ်မှုကို လိုလားကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အာဏာရှင်တွေကို ဆန့်ကျင် တိုက်ထုတ်နိုင်ဖို့ အားလုံး တညီတညွတ်တည်း ပူးပေါင်းလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။” တိုင်းပြည်ကို ဆယ်စုနှစ်ပေါင်းများစွာ တင်းတင်းကျပ်ကျပ် ဖိနှိပ် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်တွေကို တိုက်ထုတ်နိုင်ဖို့အတွက် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တခြား မျိုးချစ်ပုဂ္ဂိုလ်တွေ ပူးပေါင်း လုပ်ဆောင်ကြဖို့ လိုအပ်တယ်လို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် တပ်မတော်အတွင်းက မျိုးချစ် အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ အနေနဲ့လည်း ဒီမိုကရေစီ အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ခေါင်းဆောင်တွေကို ပုန်ကန် တိုက်ထုတ်ကြဖို့ လွှတ်တော်အမတ်က တောင်းဆိုလိုက်ပါတယ်။ “အတိုက်အခံ အင်အားစုတွေကလည်း ဂုဏ်သရေ ပြည့်ဝပြီး ပြည်သူနဲ့ တိုင်းပြည်အကျိုးကို ရှေးရှုတဲ့ တပ်မတော်ကြီး ဖြစ်လာဖို့ ဆန္ဒရှိနေကြတဲ့ စစ်တပ်အတွင်းက မျိုးချစ်ရဲဘော်တွေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ လိုပါတယ်။ တပ်မတော်အတွင်းက စစ်မှန်တဲ့ စိတ်ထား ရှိကြတဲ့ ခေါင်းဆောင်တွေ အနေနဲ့လည်း အမှန်တကယ် လွတ်လပ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီး ဖြစ်လာရေး လုပ်ဆောင်ကြဖို့ အချိန်ရောက်ပါပြီ။” အခုချိန်ဟာ တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီ အင်အားစုတွေ အပါအ၀င် မျိုးချစ်စိတ်ရှိတဲ့ တပ်မတော်သားတွေအတွက် တော်လှန် ပုန်ကန်ကြဖို့ အခွင့်အခါကောင်း ဖြစ်တာကြောင့် ဒီအခွင့်အရေးကို လက်လွတ်ဆုံးရှုံး မခံကြဖို့ လွှတ်တော်အမတ် ရိုရာဘာကာက တိုက်တွန်းပါတယ်။ အဲဒီလို ဒီမိုကရေစီ အရေးအတွက် တော်လှန် ပုန်ကန်သူတွေဘက်မှာ ကမ္ဘာ့မိသားစုကြီးက ရှိနေမှာ ဖြစ်သလို သူတို့ကို ထောက်ခံအားပေးကြမှာပါလို့ သူက ပြောပါတယ်။ မြန်မာစစ်အစိုးရက အခုနှစ်အတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရားမျှတပြီး သက်ဆိုင်သူတွေ အားလုံး ပါဝင်နိုင်အောင် ဖန်တီးပေးဖို့ အာဆီယံနိုင်ငံ အတွင်းက ခေါင်းဆောင်တွေ အပါအ၀င် ကမ္ဘာ့တိုင်းပြည် အသီးသီးက ၀ိုင်းဝန်း တောင်းဆိုနေကြတဲ့ အချိန်မှာ လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာက အမေရိကန် လွှတ်တော်ကို ပြောကြားတဲ့အထဲ အခုလို ထည့်သွင်း ပြောဆိုသွားတာပါ။ မြန်မာစစ်အစိုးရက ထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက တရားမျှတမှု မရှိတဲ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရှိအောင် တမင် လုပ်ကြံရေးဆွဲ ထားတာကြောင့် ဒီဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ စစ်အစိုးရအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်လုပ်ဆောင်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းတုန်းက အမေရိကန် အထက်လွှတ်တော်အမတ် ၉ ဦးက သမ္မတ အိုဘားမားကို စာရေးသား တောင်းဆိုခဲ့ကြပါတယ်။ | အာဏာရှင်အောက်က ရုန်းထွက်ဖို့ အလားအလာ အကောင်းဆုံးအချိန် | 24 April 2010 | | အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်က ရီပါပလစ်ကန် ကွန်ဂရက်စ်လွှတ်တော်အမတ် ဒေနာ ရိုရာဘာကာ (Dana Rohrabacher) က အခုအချိန်ဟာ မြန်မာပြည်သူတွေ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ မျိုးချစ် တပ်မတော်သားတွေ ညီညီညွတ်ညွတ်နဲ့ စစ်အာဏာရှင်စနစ်အောက်ကနေ ရုန်းထွက်ဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ ကွန်ဂရက်စ်လွှတ်တော်မှာ သူပြောကြားတဲ့မိန့်ခန်းနဲ့ပတ်သက်ပြီး ဗွီအိုအေ မြန်မာပိုင်းက ဆက်သွယ်မေးမြန်းချက်ကို ဖြေကြားရာမှာ သူက အခုလို ပြောကြားသွားတာဖြစ်ပါတယ်။ အထက်က ပြောကြားခဲ့သလိုပဲ မြန်မာပြည်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ မျိုးချစ်တပ်မတော်သားတွေ ပူးပေါင်းကြရင် လျှပ်တပြတ်အတွင်းမှာ အောင်မြင်မယ်လို့ မစ္စတာ ရိုရာဘာကာ က ဆိုထားတဲ့အတွက် ဒါဟာ အပြောလွယ်သလောက် လုပ်ရခက်မယ့်ကိစ္စ၊ "easier said than done" ဖြစ်မနေဘူးလား ဆိုတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ အမေးကိုတော့ သူက အခုလို စပြီးတောဖြေပါတယ်။ "ကျနော့်အနေနဲ့ အမေရိကန်နိုင်ငံခြားရေး မူဝါဒချမှတ်ရာမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာခဲ့ပြီး မြန်မာ့အရေးကို မြန်မာပြည်သူတွေရဲ့ အကျပ်အတည်းကို သတိထားစောင့်ကြည့်လာခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ အခုချိန်ဟာ မြန်မာပြည်သူတွေ သူတို့ကိုယ်သူတို့ လွတ်မြောက်အောင်လုပ်ဖို့၊ အာဏာရှင်စနစ်အောက်က လွတ်မြောက်အောင်လုပ်ဖို့အတွက်ရော၊ တရုတ်တို့ရဲ့ ကျွန်အဖြစ် ကျရောက်နိုင်တဲ့ အန္တရာယ်က လွတ်မြောက်အောင် လုပ်ဖို့အတွက်ပါ အခွင့်အလမ်း အကောင်းဆုံး အချိန် ဖြစ်ပါတယ်။" အခုချိန်ဟာ အခွင့်အသာဆုံးလို့ဆိုရလောက်အောင် အရင်ကနဲ့ ဘာများကွာခြားနေလို့လဲ ဆိုတဲ့မေးခွန်းကိုတော့ လွှတ်တော်အမတ် ဒေနာရိုရာဘာကာ က အခုလို ဖြေကြားသွားပြန်ပါတယ်။ "ကျနော်တို့ဟာ အခု ပွင့်နေတဲ့တံခါးဝတခုကို ရောက်ရှိနေပါတယ်။ မင်းဆိုးမင်းညစ်စနစ်ကို ဆန့်ကျင်တဲ့ မြန်မာပြည်က အဖွဲ့အစည်းအမျိုးမျိုးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေ ဦးဆောင်တဲ့မြန်မာတွေ တိုင်းရင်းသားအုပ်စုတွေဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ပါ။ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခဟာ အခုလောက် ဘယ်တုန်းကမှ မဆိုးခဲ့ပါဘူး။ စစ်တပ်အတွင်းမှာရှိတဲ့ မျိုးချစ်တပ်မတော်သားတွေအနေနဲ့လည်း ချစားပျက်စီးနေတဲ့ အစိုးရ၊ တရုတ်လို ပြည်ပနိုင်ငံမျိုးရဲ့ လက်အောက်ခံလုပ်ချင်နေတဲ့ အစိုးရရဲ့ စစ်တပ်ဖြစ်နေတာထက် လူထုရဲ့ ချစ်ခင်လေးစားမှုကို ရရှိတဲ့ ပြည်သူ့ဝန်ထမ်း တပ်မတော်ဖြစ်မြောက်ရေးကို လိုလားတောင့်တနေကြပါတယ်။" အမေရိကန်အောက်လွှတ်တော်အမတ် ဒေနာရိုရာ ဘာကာ ပြောသွားတာဖြစ်ပါတယ်။ ဒီဆက်သွယ်မေးမြန်းချက် အပြည့်စုံကို ဗုဒ္ဓဟူးနေ့မှာတင်ဆက်ပေးမယ့် မြန်မာ့အရေးသုံးသပ်ချက် အစီအစဉ်မှာ ဆက်ပြီးနားဆင်နိုင်ပါတယ်။ Saturday, 24 April 2010 22:00 သျှမ်းသံတော်ဆင့် တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။ “နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။ ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
“မနေ့က ညနေပိုင်း ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။ ၀ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။ ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။ “မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့” - အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။ ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။ ဧရာဝတီ Friday, April 23, 2010 နေပြည်တော် စစ်ဌာနချုပ် နယ်မြေနှင့် ဆက်စပ်နယ်မြေ အတွင်း ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့က စတင်၍ လုံခြုံ ရေး တိုးမြှင့်ထားပြီး စစ်တပ် အဆင့်မြင့် အရာရှိကြီးများ၏ နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်များ ကန့်သတ် ထားကြောင်း သိရသည်။
ကန့်သတ်မှုမှာ တိုင်း စစ်ဌာနချုပ်များ၏ တိုင်းမှူးအဆင့် ဗိုလ်ချုပ်များနှင့် တပ်မမှူး အဆင့်ရှိ ဗိုလ်မှူးချုပ်များ၏ ခရီးစဉ်များဖြစ်ကြောင်း နေပြည်တော် စစ်ဌာနချုပ်မှ လာသော သတင်းများက ဆိုသည်။
 ယင်းတိုင်းမှူးနှင့် တပ်မမှူးအဆင့်ရှိ အရာရှိကြီးများနေဖြင့် နေပြည်တော်သို့ လာရောက်မည့် အကြောင်းကို ကြိုတင် သတင်း ပေးပို့ရမည်ဖြစ်ပြီး သွားရောက်တွေ့ဆုံမည့် အရာရှိကြီးများ၏ ခွင့်ပြုချက်လည်း လိုအပ် သည်ဟု တပ်မတော် စစ်ရုံးချုပ် ရုံးစိုက်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ အရှာရှိတဦးက ပြောဆိုသည်။
“ဧပြီ ၁၇ ရက်နေ့က ကက(ကြည်း)ကနေ တိုင်းစစ်ဌာနချုပ်နဲ့ တပ်မဌာနချုပ်တွေကို ညွှန်ကြားချက်ပို့ထားပါ တယ်၊ ဘယ်တိုင်းမှူး ဘယ်တပ်မမှူးမှ ခွင့်ပြုချက်မပါဘဲ စစ်ရုံးချုပ်ရှိတဲ့ နေပြည်တော်တိုင်း စစ်ဌာနချုပ်ကို လာစရာ မလိုဘူးလို့ ညွှန်ကြားထားတယ်”ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
နေပြည်တော်သို့ လာရောက်သည့် တိုင်းမှူး ဗိုလ်ချုပ်များနှင့် တပ်မမှူး ဗိုလ်မှူးချုပ်များ၏ တည်းခိုရာနေရာကို လည်း ကြိုတင် သတင်းပေးပို့ရမည်ဖြစ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာန စစ်ရုံးချုပ်ရှိ ကက(ကြည်း)၏ ညွှန်ကြား ချက် ရရှိမှ တည်းခိုနေထိုင်ရမည်ဖြစ်သည်ဟုလည်း ယင်းစစ်ဌာနချုပ် အရာရှိက ပြောဆိုသည်။
တိုင်းမှူးနှင့် တပ်မမှူးများ၏ နေပြည်တော်ခရီးစဉ်အတွင်း လုံခြုံရေးအရ လိုက်ပါမည့်သူများနှင့် ရုံးအဖွဲ့ကို လည်း ခရီးစဉ်မတိုင်ခင် ၄ ရက်ခန့် ကြိုတင်သတင်းပို့ပေးရန်နှင့် ခွင့်ပြုချက်ရပြီးမှ ဆက်လက်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း သိရသည်။
“အဓိက ကတော့ လက်နက်ခဲယမ်း ယူဆောင်လာတာကို ကန့်သတ်ဖို့ပဲဖြစ်ပါတယ်၊ ကက(ကြည်း)က အကြောင်း အမျိုးမျိုးကြောင့် နေပြည်တော်ကို လာရောက်မယ့် အရာရှိတွေရဲ့ လက်နက်ခဲယမ်းများ ယူဆောင်တာကို နဂို ကထက် တင်းကျပ်လိုက်တာဖြစ်တယ်”ဟု အထက်ပါ အရာရှိက ဆက်ပြောသည်။
အဆိုပါ ကက(ကြည်း)၏ တိုင်းမှူး၊ တပ်မမှူးများကို နေပြည်တော်သို့ ခရီးသွားလာခွင့် ကန့်သတ်ခြင်းနှင့် လုံခြုံရေး အတွက် အတူပါလာသည့် အရာရှိများ၏ လက်နက်ခဲယမ်းများ ကန့်သတ်ခြင်းသည် စစ်ရုံးအတွင်း ပစ်ခတ်မှုများ ဖြစ်လာမည်ကို စိုးရိမ်မှုကြောင့် ဖြစ်ကြောင်း စစ်ဘက်လေ့လာသူများက သုံးသပ်သည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့(သင်္ကြန် အကြတ်နေ့)က ရန်ကုန်မြို့ မင်္ဂလာ တောင်ညွန့်မြို့နယ် ကန်တော် ကြီး အနီးရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ပေါက်ကွဲမှုကြောင့် ရန်ကုန်တိုင်း အမှတ်(၄) စစ်ဒေသ မှူး ဗိုလ်မှူးကြီး အုံးချိုနှင့် မြို့နယ်အဆင့် အရာရှိများအပါအ၀င် လူ ၁၇၀ ဒဏ်ရာရရှိပြီး အငြိမ်းစား ဗိုလ်ကြီး တဦးဖြစ်သည့် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသန့်စင်သိမ်း အပါအ၀င် ယနေ့ အထိ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်မြို့က အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဖေါ်ပြသည်။
ယင်းဧပြီ ၁၅ ရက်နေ့ တရက်တည်းတွင်ပင် နေပြည်တော်ရှိ Asia World ကုမ္ပဏီပိုင် မြတ်တော်ဝင် ဟိုတယ် တွင်လည်း ဗုံးတွေ့ရှိကြောင်း ဟိုတယ် တာဝန်ရှိသူတဦးက ပြောသည်။ နောက်ဆုံးနေ့အထိ ဒေါ်စုအပေါ် သစ္စာရှိမည်ဟု ဦးခင်မောင်ဆွေ ပြော မြင့်မောင် | ကြာသပတေးနေ့၊ ဧပြီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် သဘောကွဲ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပါတီများမှတ်ပုံတင်ရမည့် နောက်ဆုံးရက်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိမှုကို ပြသသွားမည်ဟု ပြောကြားလိုက်သည်။ ''NLD ရွေးကောက်ပွဲ မှတ်ပုံတင်ရက် မကျော်မချင်း ဘာမှ လုပ်မှာမဟုတ်ပါဘူး။ NLD အပေါ်မှာ သစ္စာရှိတဲ့အနေနဲ့၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိတဲ့အနေနဲ့ နောက်ဆုံး မေလ ၆ ရက် မရောက်မချင်း၊ မကျော်မချင်း ဘာဆိုဘာမှ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။ လာမည့် မေလ ၆ ရက်နေ့သည် ရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း လျှောက်ထားရမည့် နောက်ဆုံးနေ့ရက် ဖြစ်သည်။ အဓိက အတိုက်အခံပါတီကြီးဖြစ်သော NLD က စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများ တရားမျှတမှု မရှိခြင်းကြောင့် ပြန်လည်မှတ်ပုံတင်ခြင်း မပြုရန် တခဲနက်ဆန္ဒဖြင့် ဆုံးဖြတ်ထားသည်။ သို့သော် နောက်ပိုင်းတွင် ဦးခင်မောင်ဆွေက ပါတီကို ဝေဖန်မှုများကို လူသိရှင်ကြား ပြုလုပ်သေးသောအခါ ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ဝင်လိမ့်မည်ဟူသော ကောလာဟလများလည်း ထွက်ပေါ်လာသည်။ “ရွေးကောက်ပွဲ ဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ တသီးပုဂ္ဂလအနေနဲ့လည်း ဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ ဘေးကလူတွေက ထင်ကြေးတွေနဲ့ ပြောနေကြတာပါ။ လောလောဆယ် ဘာမှ လုပ်ဖို့ ရည်ရွယ်ချက် မရှိသေးပါဘူး။ စောင့်ကြည့်နေတာပဲ ရှိပါတယ်'' ဟု လက်ရှိ NLD ပြန်ကြားရေးအဖွဲ့ဝင်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အတိုက်အခံပါတီကြီး NLD ကဲ့သို့ ပါတီဟောင်းများအနေဖြင့် ပြန်လည်၍ မှတ်ပုံမတင်ပါက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဖြစ်သည်။ ပါတီမှတ်ပုံတင်ရန် သဘောထားရှိခဲ့သူ နောက်တဦးဖြစ်သည့် NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာသန်းငြိမ်း (ရန်ကုန်တိုင်း ဒုဥက္ကဋ္ဌ) ကလည်း ပါတီမှတ်ပုံတင် နောက်ဆုံးရက်နေ့အထိ NLD အပေါ် သစ္စာရှိသွားမည်ဟု ပြောသည်။ “မေလ ၆ ရက်နေ့ မတိုင်ခင် NLD ရှိနေသမျှ ကျနော်တို့က အဖွဲ့ဝင်တွေပဲလေ။ ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ ဆုံးဖြတ်ထားတာတွေ မရှိပါဘူး” ဟု သူက ပြောသည်။ သို့သော်လည်း နှစ်ဦးလုံးက မေလ ၆ ရက်နေ့ကျော်လျှင် ဘာလုပ်မည်ဆိုသည်ကို ဖြေကြားရန် ငြင်းဆိုသွားသည်။
- ရွေးကောက်ပွဲ မ၀င်ပေမဲ့ NLD ရုံးချုပ် ပိတ်ဖို့မရှိ click - အပစ်အခတ်ရပ်တို့ ပြန်တိုက်ရန်ပြင် click - ကချင်ပြည်နယ် လုံခြုံရေးတိုးမြှင့်၊ တပ်မိသားစု စစ်ပညာသင်ကြား click - ကချင်ပြည်လွတ်လပ်ရေးတပ်မတော်က လိုင်ဇာတွင် လူထုရှင်းလင်းပွဲ ပြုလုပ် click - ကေအိုင်အိုနှင့် နအဖတို့ လိုင်ဇာတွင် ထပ်မံတွေ့ဆုံ click - နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကချင်နှင့် စစ်အစိုးရတို့ ထပ်မံတွေ့ဆုံ click - မြန်မာစစ်အစိုးရအရာရှိများအား သင်တန်းပေးမှု နယူးဇီလန်အတိုက်အခံများ ဝေဖန် click - မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်သည့် ရွေးကောက်ပွဲဖြစ်ဖို့ စင်္ကာပူနှင့် ဂျပန် ပြောကြား click - လွတ်လပ်ပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ကျင်းပရေး စင်ကာပူနဲ့ ဂျပန် တိုက်တွန်း click - စစ်ရေးနဲ့ မဖြေရှင်းဖို့ KIA သတိပေး click - စစ်ရေးနဲ့ မဖြေရှင်းဖို့ KIA သတိပေး (ဗွီဒီယိုသတင်း) click - မြစ်ဆုံရေကာတာ ဗုံးပေါက်ကွဲမှု KIO ပါဝင်ပတ်သက်မှု ငြင်းဆို click - မြစ်ဆုံရေကာတာ ဗုံးကွဲမှုကို စစ်အစိုးရနှင့် ကေအိုင်အို ပူးတွဲစုံစမ်းဖို့ သဘောတူ click - သင်္ကြန်ဗုံးကွဲမှု လူ (၃) ဦး ဖမ်းဆီးခံရ click - သင်္ကြန်ဗုံးပေါက်ကွဲမှု ဓာတ်ပုံရိုက်သူ စာရေးဆရာနှင့် သားကို ဖမ်း click - စစ်အစိုးရ စွပ်စွဲချက်ကို အတိုက်အခံများ ပယ်ချ click ေနြပည်ေတာ်နှင့် မန္တေလးတွင် အင်တာနက် ဖိုင်ဘာ ဆက်ေြကာင်း ြပီး၍ ဝိုင်မက်စံနစ် သံုးေတာ့မည်  ေကျာ်ရ ခွရနှင့် အချုိ့ရက်ြကီးများတွင် အြမန်နှုန်း ချတတ်ေသာေြကာင့် ြမန်နှုန်းြမင့် Wimax စံနစ်ကို အသံုးြပုသူများ မယံုြကည်နိုင် ြကေသး © ( လူထုအသံ ) ရန်ကုန်ြမို့မှ တဆင့် အဓိကြမို့ြကီးများ ြဖစ်ေသာ မန္တေလး နှင့် ေနြပည်ေတာ် တို့ကို ဖိုင်ဘာ ဆက် ေြကာင်းများ ြပီးစီးသွားြပီ ြဖစ်သြဖင့် ထိုြမို့ြကီးများတွင် ြမန်နှုန်းြမင့် အင်တာနက် လိုင်းများ သံုးစွဲနိုင်ေတာ့မည် ြဖစ်ေြကာင်း ြမန်မာ့ ဆက်သွယ် ေရး လုပ်ငန်းမှ ေြကညာလိုက်ြပီ ြဖစ် သည်။ အင်တာနက် အြမန်နှုန်း ၁ ဂျီဂါဘိုက်မှ ၁၀ ဂျီဂါ ဘိုက် အထိ အြမန်နှုန်းများ ြမင့်တက်လာမည် ြဖစ် ြပီး၊ ထိုဖိုင်ဘာ ဆက်ေြကာင်းမှာ ြပင်ဦးလွင်ရှိ ရတနာပံု ဆိုက်ဘာစီးတီးမှ တိုက်ရိုက် ဆက်သွယ်ြခင်း ြဖစ်သည်၊ ထိုမှတဆင့် တနိုင်ငံလံုး ကျယ်ြပန့်စွာ ြဖန့်ကျက် ဆက်သွယ် ဦးမည်ဟု ေြပာြကားလိုက် သည်။ ယခုနှစ် ဂျွန်လ မှာပင် ရန်ကုန်ြမို့၌ ဆက်ေြကာင်း ဆက်သွယ်မှု ြပီးစီးမည်ဟု ေမှျာ်လင့်ထားသလို ရန်ကုန်ြမို့တွင် Wimax စံနစ် အင်တာနက် ဆာဗစ်၂၀၀၀ ခန့် အသံုးြပုနိုင်မည် ြဖစ်ြပီး မန္တေလး၌ ဝိုင်မက်ဆာဗစ် ၃၅၀ရရှိမည်ဟု သိရှိရြပီး၊ ြမန်မာနိုင်ငံတွင် ဝိုင်မက်ဆာဗစ် အင်တာနက် စံနစ်သည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ကတည်းကပင် မိတ်ဆက် အသံုးြပုေနြပီ ြဖစ်သည်ဟု သိရှိရသည်။ ယခု ဖိုင်ဘာ ဆက်ေြကာင်းမှာ user များသည် အင်တာနက် ဆက်ေြကာင်းကို ဖိုင်ဘာ လမ်းမြကီး ေပါ်တွင် တိုက်ရိုက် အသံုးြပု၍ ၁၀ ဂျီဂါဘိုက် အထိ အသံုးြပုနိုင်ြခင်း ြဖစ်ြပီး ယခင် အသံုးြပုေနေသာ စံနစ်မှာ E1 လိုင်းမှ အသံုးြပု သြဖင့် ြမန်နှုန်း capacity နိမ့်ြခင်း ြဖစ်သည်ဟု ြမန်မာ့ ဆက်သွယ်ေရး ဋ္ဌာနမှ တာဝန်ရှိသူက ဆိုသည်။ အများြပည်သူ အသံုးြပုနိုင်ေသာ အင်တာနက်ဆိုင်များ ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ကပင် ြမန်မာနိုင်ငံတွင် အသံုးြပုခွင့် လိုင်စင် ချေပးရာမှ ယခင်နှစ် ဒီဇင်ဘာလက တနိုင်ငံလံုး ဆိုင်ေပါင်း ၆၇၂ ဆိုင် မှတ်ပံုတင်ထားြပီး ယခုအခါ ရန်ကုန်ြမို့တွင် အင်တာနက် ဆိုင်ေပါင်း ၅၀၀ ခန့် ရှိေနြပီဟု သိရှိရသည်။ ထို အင်တာနက် ဆိုင်များအား ြမန်မာ အင်ဖို တက်ခ် မှ နှစ်စဉ် ေြကး လစဉ်ေြကးများ ကောကျခံနေရာ ယခင်က နှစ်စဉ်ေြကး ြမန်မာေငွ ၅သိန်း ( US $ 500 ) လစဉ်ေြကး ၅ေသာင်း ( US $ 50 ) ေကာက်ခံေနရာမှ ယခင် နှစ် နိုဝင်ဘာလမှ အင်တာနက်ေြကး ေလှျာ့ချခဲ့ရာ နှစ်စဉ်ေြကး၂သိန်း ( US $ 200 ) နှင့် လစဉ်ေြကး ၃ေသာင်း( US $ 30 )ခန့် ေကာက်ခံေနသည်ဟု သိရှိရသည်။ ရန်ကုန်သင်္ကြန်ပေါက်ကွဲမှု လက်ပစ်ဗုံးများဖြစ်သည်ဟုဆို မျိုးသိဏ်း | အင်္ဂါနေ့၊ ဧပြီလ ၂၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၅ မိနစ် ရန်ကုန် (မဇ္ဈိမ)။ ။ ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများတွင် လက်ပစ်ဗုံးအမျိုးအစားဖြစ်သည်ဟု စုံစမ်းစစ်ဆေးရာတွင် ပါဝင်ခဲ့သူ စစ်အင်ဂျင်နီယာတပ်အရာရှိတဦးက ပြောသည်။
စစ်မြေပြင်အင်ဂျင်နီယာတပ်၊ မှုခင်းရဲတို့ပါဝင်သော အဖွဲ့က ဧပြီလ ၁၅ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သော နေရာများကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဒေသမှူးနှင့် ရဲတိုင်းမှူးတို့က ကွပ်ကဲမှုပေးခဲ့သည်။ မဏ္ဍပ်ရှေ့ ရှုပ်ထွေးနေသော လူအုပ်အကြားသို့ လက်ပစ်ဗုံးသုံးလုံးကို ကိုက်အနည်းငယ်အကွာမှ ပစ်သွင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ပစ်ဗုံးစနက်တံ နှစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။
"လူအုပ်ကြားထဲ ပစ်ထည့်လိုက်တာပါ။ Safety Pin နှစ်ခုကို ရှာတွေ့တယ်။ တွေ့တဲ့နေရာနှစ်ခုက ကိုက် ၂ဝ လောက်ခြားတယ်။" ဟု သူကပြောသည်။
ပေါက်ကွဲမှုတွင် ဝမ်းဗိုက်ဒဏ်ရာရရှိခဲ့သည့် ရန်ကုန်တိုင်း အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုံးချို မှာ ပေါက်ကွဲမှုဖြစ်ပွားခါနီးအချိန်မှ X2O မဏ္ဍပ်အနီးရှိ လုံခြုံရေးတပ်ဖွဲ့များ စုဝေးရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ု ပေါက်ကွဲမှုများကြောင့် ၉ ယောက်သေဆုံးခဲ့ပြီး ၁၇ဝ ယောက်အထိ ဒဏ်ရာရခဲ့ရသည်။ သို့သော် ဧပြီ (၁၈) တွင် ရန်ကုန်ဆေးဆေးရုံကြီးတွင် တက်ရောက်ကုသနေသော ဗုံးလူနာ ၅ဝ ကျော်ပဲ ကျန်တော့ကာ အများစုမှာ ဦးနှောက်နှင့်အာရုံကြောကုသရေးဆောင်တွင်ဖြစ်သည်။
စစ်မြေပြင် အင်ဂျင်နီယာတပ်မှ အရာရှိက- " ဖြစ်တဲ့အချိန် မဏ္ဍပ်ရှေ့မှာ လူ ၃ဝဝ နဲ့ ၄ဝဝ ကြားလောက် ရှိနေခဲ့တယ်လို့ သိရတယ်။ ကားလမ်းပေါ်မှာ လူတွေကနေတဲ့အချိန်မို့လို့ ချိန်ကိုက်ဗုံး မဖြစ်နိုင်ဘူးလို့ အစကတည်းက တွက်မိပါတယ်။ နောက်မဏ္ဍပ် စပွန်ဆာပေးထားတဲ့ စီးကရက်ဘူးတွေကို မဏ္ဍပ်ပေါ်က ကြဲချနေတယ်၊ အဲ့ဒီစီးကရက်ဘူးတွေကို အောက်ကလူတွေလဲ ပြန်ပစ်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရတယ်။ စီးကရက်ဘူးတွေနဲ့ တခြားပစ္စည်းတွေနဲ့အတူတူ Grenade ကို ရောပြီး ပစ်ထည့်တာလို့ ခန့်မှန်းရပါတယ်။"ဟု ဆိုသည်။
အစိုးရအရာရှိများ ရောက်ရှိချိန် အချိန်ကိုက်ဖြစ်ပွားခြင်းဖြစ်၍ ယင်းတို့အား ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းခဲ့ရာတွင် အတိအကျပြောဆိုနိုင်ခြင်းမရှိကြောင်း စစ်ဆေးမှုတွင် ပါဝင်ခဲ့သူ အဆိုပါအရာရှိကဆိုသည်။
| | ဗုံးပေါက်ကွဲမှုအကြောင်း Documentary ထုတ်လွှင့် မျိုးဝင်းဇော်/ ၂၁ ဧပြီ ၂ဝ၁ဝ  | | | ဗုံးပေါက်ကွဲသည့်နေ့မှ ဧပြီ (၁၈) ရက်နေ့အထိ ရိုက်ကူးထားသည့် ရုပ်သံ Documentary အစီအစဉ်တခုကို ဧပြီ (၂ဝ) ရက် ည (၈) နာရီကျော်တွင် MRTV-4 ချယ်နယ်မှ ထုတ်လွှင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။ ဗုံးပေါက်ကွဲမှုကဲ့သို့ မှုခင်းကြီးတခုကို ယခုကဲ့သို့ ရုပ်သံချယ်နယ်တခုမှ Documentary အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်သွားခြင်းသည် ဆယ်စုနှစ်တခုအတွင်း ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရန်ကုန်မြို့ခံ သတင်းအယ်ဒီတာတဦးက ပြောသည်။ ၎င်းက “ဗုံးပေါက်ကွဲပြီးနောက် အခြေအနေတွေ၊ ဆေးရုံက မြင်ကွင်းတွေ၊ အဲဒီအချိန်က အနီးအနားမှာ ရှိတဲ့သူတွေကို မေးမြန်းပြီး ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာ တွေ့ရတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိ အာဏာပိုင် အသိုင်းအဝိုင်းကို မေးမြန်းထားတာ၊ မှုခင်းဖော်ထုတ်ဖို့ ဘယ်လို အရေးယူ ဆောင်ရွက်နေတယ် ဆိုတာမျိုးတွေတော့ မပါဘူး။ ထူးဆန်းတာ တခုက MRTV-4 ရဲ့ အဲဒီနေ့လွှင့်မယ့် အစီအစဉ်စာရင်းထဲမှာ Documentary မပါဘူး။ (၁) နာရီနီးပါးကြာတဲ့ ဒီအစီအစဉ်အတွက် နဂိုအစီအစဉ် (၂) ခုကို ဖျက်ပြီးတော့ လွှင့်တာ တွေ့ရတယ်” ဟု ပြောသည်။ အဆိုပါ Documentary ထဲတွင် ရန်ကုန်ဆေးရုံအုပ်ကြီးနှင့် အင်တာဗျူး ပြုလုပ်ထားသည့်အပြင် ထိခိုက်ဒဏ်ရာကုဌာန၊ ခွဲစိတ်ကုဆောင်၊ ရင်ခေါင်းခွဲစိတ်ကုဆောင်၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆောင်မှ တာဝန်ရှိသူ ဆရာဝန်ကြီးများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။ အင်တာဗျူးထဲတွင် လူနာများ၏ အသက်ကယ်ဆယ်ရေး မည်သို့ ဆောင်ရွက်ခဲ့သည်၊ မည်သို့ ခံစားရသည် စသဖြင့် မေးမြန်းထားသည့်အပြင် ဒဏ်ရာရ လူနာ အတော်များများကိုလည်း အင်တာဗျူးလုပ် ဖော်ပြထားသည်။ သို့သော် ဆေးကုသမှုပေးပြီး နောက်ပိုင်း လူသေဆုံးမှုရှိကြောင်း ရန်ကုန်ဆေးရုံအုပ်ကြီး၏ ပြောဆိုချက်ကိုမူ အစိုးရက သတင်းထုတ်ပြန်ခြင်း မရှိခဲ့ပေ။ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့်အဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူတို့က ဆေးရုံသို့လာရောက်ကာ ဗုံးဒဏ်ရာရသူများအား ငွေကြေး၊ ထမင်းထုပ် လှူဒါန်းခြင်းတို့ကိုလည်း MRTV-4 ချယ်နယ်မှ ပြသခဲ့သည်။ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက ဒဏ်ရာရလူနာတဦးလျှင် ကျပ်ငွေ (၅,ဝဝဝ) စီနှင့် သေဆုံးသူတဦးလျှင် ကျပ်ငွေ (၁) သိန်းစီ ပေးအပ်ခဲ့ကြောင်း သိရသည်။ Documentary ထဲတွင် ဧပြီ (၁၈) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ငွေကြေးသွားရောက်လှူဒါန်းသည့် ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ အဆိုတော် မိုးမိုး၊ သရုပ်ဆောင် ကျော်ကျော်ဗို၊ မင်းသွေး၊ မင်းသမီး ဖူးစုံတို့နှင့် အင်တာဗျူးများကိုလည်း ထည့်သွင်းထားသည်။ ဗုံးကွဲပြီး မကြာခင် MRTV ရုပ်သံအဖွဲ့သားများ အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် ရိုက်ကူးသတင်းယူနိုင်မှု၊ အနီးအနားက ပရိသတ်များကို မေးမြန်းနိုင်မှု၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားပြီး အင်တာဗျူးများလုပ်ပြီး ရိုက်ကူးနိုင်မှုတို့သည် အံ့အားသင့်စရာ ကောင်းကြောင်း Documentary ကို ကြည့်လိုက်ရသူ ရန်ကုန်မြို့ခံတဦးက ပြောသည်။ ၎င်းက “ဒါမျိုး အရင်ကဆိုရင် အထက်အဏာပိုင်တွေရဲ့ ခွင့်ပြုချက်မရလို့ မလုပ်နိုင်ဘူး။ သေချာတာတခုကတော့ အစိုးရဟာ အခုကိစ္စကို သတင်းကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်နေတာ ဖြစ်တယ်” ဟု ပြောသည်။ ရန်ကုန်မြို့နှင့် နယ်မြို့အချို့တို့တွင် အခမဲ့ ထုတ်လွှင့်နေသည့် MRTV-4 ချယ်နယ်ကို ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ သားတဦးက ပိုင်ဆိုင်ပြီး ၎င်းပိုင် ကုမ္ပဏီသည် အခပေး ပြည်တွင်းနှင့်နိုင်ငံတကာ ရုပ်သံလိုင်းလွှင့်ခွင့်ကို တဦးတည်း လုပ်ကိုင်ခွင့်ရထားကာ အကျိုးအမြတ် ကြီးမားစွာ ရရှိနေကြောင်း၊ ယခုအခါ အခပေး ရုပ်သံလိုင်း (၃ဝ) ကျော် ထုတ်လွှင့်ရောင်းချပေးနေကြောင်း သိရသည်။ | |
Hot Candid Photos of Myanmar Popular Model, Wutt Hmone Shwe Yi Posted: 22 Apr 2010 12:57 PM PDT  
 | | Myanmar Popular Model, Wutt Hmone Shwe Yi's Hot Fashion |
 | | Myanmar Hot Model Photos: Wutt Hmone Shwe Yi |
 | | Myanmar Model, Wutt Hmone Shwe Yi's Sexy Style??? | |
Sexy Candid Photos of Myanmar Popular Model and TV Commercial Star, Wutt Hmone Shwe Yi were leaked on Internet this week. Although Wutt Hmone is well-known as the cute girl and Korean Look-alike celebrity in Myanmar, these recent photos push Wutt Hmone up as a sexy and hot girl. Wutt Hmone is showing of her fair smooth skin and pretty legs by wearing strapless short blue fashion dress. Myanmar Model : Wutt Hmone Shwe Yi Photographer : Unknown ( Credit to Original Photographer) Photos From Academy@mmcp
|