#fullpost {display:none;}
- မြန်မာပြည် ရွေးကောက်ပွဲကို ကမ္ဘာက စောင့်ကြည့်နေကြောင်း အီးယူ ပြောဆို click
- ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို လူငယ်အများစုက စိတ်မ၀င်စား click
- ရွေးကောက်ပွဲရက် ကြေညာသည့်အပေါ် မတူကွဲပြားသည့် တုံ့ပြန်ချက်များ click
- ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးခရီးအတွင်း သံဃာတပါး လူဝတ်လဲရ click
သည်မော်နိုင် (မွန်တီ)က ဇွတ်အတင်း ဆွဲခေါ်သွားတဲ့တနေ့မှာ ဆရာနဲ့ စတွေ့ပါတယ်။ ညတိုင်းညတိုင်း ရန်ကုန် ဘူတာကြီးမှာ ကုန်ထမ်းသမားလုပ်ပီး သတ္တဗေဒဂုဏ်ထူးတန်း တက်နေသူ။ မဂ္ဂဇင်းတွေမှာ စာနဲနဲပါးပါးရေးပီး အင်တာဗျူးအတိုအစလေးတွေ လုပ်နေသူ လူငယ် တယောက်။ ဂျင်း ဘောင်းဘီ အစုတ်အပြဲ ပိုသီဖတ်သီနဲ့။ ဖတ်လက်စ စာအုပ်ဟောင်းတွေပါတဲ့ ကျွတ်ကျွတ်အိပ် တလုံးကို လက်မှာဆွဲလို့။ ၃၉ လမ်းဒေါင့်က လှေခါးအိုကြီးပေါ် ဝုန်းဒိုင်းကျဲ ပြေးတက်လာကြတယ်။ ထော်လော် ကန့်လန့် ဝတ်စားနေထိုင်ပုံတွေအတွက် သူ့မှာ စိတ်အနှောက် အယှက်ဖြစ်ပုံမရဘူး။ မိန်းကလေးများ ဂျင်းဘောင်းဘီဝတ်တာ ပိုတောင်လုံခြုံ အပြေးအလွှားခေတ်နဲ့ လိုက်လျောညီထွေ ရှိနေသေး ဆိုတဲ့ ဆရာ။ လူငယ်တွေ ပြောနေသမျှ အိပ်မက်တွေ ဝေဒနာတွေ အကြောင်း မညည်းမညူ နားထောင်ပေးနေတဲ့ဆရာ။ ဆရာရဲ့ အတင်း တိုက်တွန်းမှုကြောင့်ပဲ ဘာကြေးမှ မပေးရပဲ FMA (Feeling, Mood & Action) English speaking class မှာ ကျောင်းတော်သား စဖြစ်ပါတယ်။ FMA: ဂုဏ်အယူရဆုံးထဲမှာ တခု။ အင်္ဂလိပ်စကား ပြောရရင် အဆင်ပြေအောင် မင်းနာမည်က Wilbur တဲ့။
စစချင်းရောက်တဲ့နေ့ကပဲ ထောင်ထဲမှာ ညှဉ်းပန်းခံခဲ့ရတဲ့ ဒဏ်တွေ ကြောင့် ချိုင်းထောက်အတို တခုကို အားပြုပီး လျှောက်နေရတဲ့ ခေါင်းမာပုံရတဲ့ နားရွက်ကားကား နဲ့ လူထုဦးစိန်ဝင်းဆိုတာကို ကျနော် ငေးနေမိတယ်။ သူလား ချောအိမန် အကြောင်း ရေးခဲ့တဲ့ ဝင်းဇော်ဆိုတာ။ အဲဒါလွန်ခဲ့တဲ့ ၁၈နှစ်။ တထောင့်ကိုးရာ ကိုးဆယ့်နှစ်။
တကယ်တော့ နိုင်ငံခြားသွားဖို့ လမ်းစရိတ်လဲမရှိ၊ အင်္ဂလိပ်လို ပြောစရာ ပတ်ဝန်းကျင်လဲ မရှိတော့ အဲဒီတုန်းက အင်္ဂလိပ်စကားပြောဖို့ရာ ဒါလောက်စိတ်မဝင်စားခဲ့ပါဘူး။ အင်္ဂလိပ် လို ခပ်လွယ်လွယ် ဝတ္တု ကဗျာ စာအုပ်လေးတွေ ဖတ်နေဖို့သာ ပိုအားသန်ခဲ့တာ။ ဒါပေမယ့် FMA စာသင်သား တွေအတွက် ဝေငှပီး ဆရာဖတ်ပြတဲ့ အင်္ဂလိပ်လို ဆောင်းပါးတွေမှာတော့ ကျနော် ငြိမ်ကျသွားတယ်၊ အငြင်းပွားစရာ Euthanasia တဲ့။
Euthanasia လို့ခေါ်တဲ့ Mercy killing၊ ချစ်လွန်းလို့ မကြည့်ရက်တော့လို့ သတ်ပစ်ရတဲ့ ပုံပြဥပမာထဲမှာ Coma အဆင့်ခံစား နှစ်နဲ့ချီပီး မျောနေတဲ့ ကလေးမ တယောက်ကို သူ့ မိဘတွေက မကြည့်ရက်တော့ဘူး။ သူ့ကြည့်ပီး ခံစားရင်နင့်လွန်းလို့ ဘဝကူးပါစေတော့လို့ အရေးဆိုတယ်။ ဆရာဝန်တွေဘက်ကတော့ လူနာရဲ့ အောက်ဆီဂျင်ပိုက်တွေ ဖြုတ်ခွင့် မရှိဘူး။ နှစ်ပေါင်းများစွာ ကိုးမားအဆင့်နဲ့ မေ့မျောနေရာ က သတိပြန်လည်လာတဲ့ သာဓကတွေလဲ ရှိတယ်။ သတိပြန် မလည်နိုင်တော့တာလဲ ရှိတယ်။ မျှော်လင့်ချက်အရ ငါးဆယ် ငါးဆယ်။
ဥပဒေ အရဆိုရင် မေ့မြောနေတဲ့ ကလေးမ မှာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ပိုင်ခွင့်လဲရှိတယ်။ ကလေးမကိုယ်တိုင် ကတော့ မျော နေတဲ့ အတွက် ဒီပုံ ဒီဒုက္ခနဲ့ အသက်ဆက် ရှင်ချင် မရှင်ချင်တော့ မသိရဘူး။ လူ့အခွင့်အရေးအရကျတော့ သူ့မိဘတွေမှာ သားသမီးရဲ့ ရှင်ခွင့်သေခွင့်ကို ဆုံးဖြတ်ခွင့် မရှိဘူး။ ကုန်ကျစားရိတ်အရဆိုရင်လဲ ဒီလိုနှစ်နဲ့ချီ မေ့မျောနေတဲ့ ကလေးမလေးကို အလိုလျောက် စက်တွေနဲ့ ထိန်းသိမ်း စောင့်ရှောက်ဖို့ ဒေါ်လာ သန်းနဲ့ချီသုံးစွဲရတယ်။ ဒီငွေဟာငတ်မွတ် ခေါင်းပါးနေတဲ့ အာဖရိကမှာ ကလေးတွေ သိန်းနဲ့ချီပီး အသက်မသေအောင် ကျွေးနိုင်မယ့် ပမာဏ။ အဲဒီတော့ ယူသနေးစီးယား လုပ်သင့်မလုပ်သင့်။
အဲဒီဆောင်းပါးလေးကို ဖတ်ပြ ဘာသာပြန်ပြပီး ဆရာက သူ့စားပွဲသူပြန်ထိုင်တဲ့အခါ စားပွဲဝိုင်းတွေ ပါတ်လည်မှာ ထိုင်နေတဲ့ ကျောင်းသားတွေက ဒီအကြောင်း ဆက်ဆွေးနွေးရတယ်။ စည်းကမ်းကတော့ ဘိုလို ပဲ ငြင်းခုန်ရတယ်။ မြန်မာလိုပြောရင် ဒဏ်ကြေး တကျပ်ဆောင်ရမယ်။ အခြေအတင် ငြင်းကြတယ်။ ဟိုဘက်ဒီဘက် သိပ်ပြောချင်ဇောကြီးလာတဲ့အခါ သဒ္ဒါမှန်လားမမှန်လား မကြည့် တော့ဘူး။ ပြောပစ်ကြတာပဲ။ နားထောင်တဲ့သူကလဲ နားလည်ပစ်လိုက်တာပဲ။ ဦးနှောက်ထဲမှာ မုန်တိုင်းဆင်ရင်း ဘက်စုံဒေါင့်စုံ တွေးတောဆင်ခြင်ရင်း စကားလုံးတွေ နဲနဲချင်း တိုးတိုးလာတယ်။ စကားလုံးတွေ တိုးလာရင်း တွေးခေါ်မျှော်မြင် ပိုလုပ်ချင်လာတယ်။ ဒီလို ငြင်းစရာ ဆောင်းပါး လေးတွေ တပုဒ်ပီးတပုဒ်။ တနေ့ပီးတနေ့။ တလပီးတလ။ တစပီးတစ။ ဒီလိုနဲ့ပဲ ဘိုလို ပြောဖို့ နှုတ်ရဲ အာရဲ ဖြစ်ရတော့သကိုး။
တခါတလေ တချို့စားပွဲဝိုင်းတွေမှာ အားလုံးက အဆိုတခုမှာပဲ သဘောတူကြတယ်။ အငြင်း အခုံ မရှိတော့ဘူး။ အားလုံးသဘောက အတူတူဖြစ်နေတယ်။ နှုတ်နဲကြတာလဲ ဖြစ်မယ်။ ဘိုလို ပြောရမှာ ရှိုးတိုးရှန်းတန်းသမားတွေလဲများမယ်။ အဲဒီလို လူဆယ်ယောက် လောက်ထိုင်ပီး ဘာမှ မငြင်းပဲ ငြိမ်နေတဲ့ ဝိုင်းမျိုးတွေ ရှိရင် ဆရာက ကျနော့် ကို လှမ်းခေါ် ပီး အဲဒီဝိုင်းမှာ ပြောင်းထိုင်ခိုင်း လေ့ရှိတယ်။ ကျနော်က ယုံယုံမယုံယုံ အယူအဆ တဖက် မှာ ရပ်ပီး ငြင်းခုံပေးရတော့မယ် ဆိုတာ မပြောပဲသိတယ်။ အငြင်းသန်တဲ့နေရာမှာ ညစ်ပုပ်ကပ်ကျယ်ဆိုတော့၊ Devil's Advocate ဆိုတာမျိုး။ သူ့နာမည်ကိုယ့်နာမည် မိတ်ဆက်ပီး ခဏနေတော့ အဲဒီဝိုင်းမှာ အလုအယက် ဘိုလို ငြင်းခုံနေကြပီ။ ဆူညံလာကြပီ။ ဆရာကြီးက တချက်တချက် လှမ်းကြည့်တယ်။ ဒါဆို အထာသိ။ အိုကေဧ၊၊်။
ဂီတဆိုတာ နယ်စည်းမခြား တလောကလုံးအတွက် ဖြစ်သင့်သလား။ ကိုယ်ပိုင် အမျိုးသား ဂီတ ကိုယ့်မူကိုယ့်ဟန် ဆိုပီး ခွဲခြားထားသင့်သလား။ မြဝတီမင်းကြီးဦးစတို့ခေတ်က ယိုးဒယားတီးလုံးတွေ မြန်မာမှုပြုခဲ့တာ။ ပလေးဘွိုင်သန်းနိုင်တို့ နိုင်ငံခြား ဂီတသံစဉ် တွေကို ကူးယူပီး ကော်ပီဂီတလုပ်ခဲ့ကြ တာတွေ။ ဖြစ်သင့် မဖြစ်သင့် ဆွေးနွေး ငြင်းခုန်ကြတဲ့ နေ့မှာတော့ ဂီတနဲ့ ဆိုင်တဲ့ အင်္ဂလိပ်စာလုံး အလုံ အလောက်မသိတော့ဘူး။ စိတ်ဝင် တစား ဒေါသတကြီး အလုအယက် ငြင်းခုန်ချင်ဇောက တားမရ။ ကျောင်းခန်းအောက် ၃၉ လမ်း ဒေါင့်နားက လဘက်ရည်ဆိုင်မှာ ချိန်းဝိုင်း မြန်မာလို အကန့်အသတ်မရှိ ဆက်ငြင်းဖို့ တယောက်ချင်း လူခွဲပီး ဆရာကြီးကို နှုတ်ဆက်ပီး လစ်ကြတယ်။ ဆရာကတော့ စာတအုပ် ကိုဖတ်နေရင်းက မသိချင် ယောင် ဆောင်နေတာပဲ ဖြစ်မယ်။
FMA ကျောင်းသားတွေ စုပီး ရေးသားထုတ်ဝေတဲ့ Vision ဆိုတဲ့ စာစောင်ငယ်လေးကိုလည်း သတိရတယ်။ အယ်ဒီတာအဖွဲ့ထဲမှာပါတဲ့ကျနော်က ငဖွ ချွန်ပင့်ထောင်လုပ်ပီး Debate section မှာ အက်ဆေး တပုဒ် ရေးရတယ်။ အမောင်ယောက်ျားတို့ မိန်းကလေးတွေက တုန့်ပြန်လာကြတဲ့ ချစ်ခြင်း မေတ္တာဆိုတာ အစစ်အမှန်လို့ မထင်နဲ့ သတိထားကြပေရော့လို့ ဘိုလို ရေးလိုက်တယ်။ အဲဒါကို ဖတ်ရ တဲ့ မိန်းကလေး ကျောင်းသူတွေ စီကနဲ ဖြစ်သွားတယ်။ စာစောင် အောင်မြင်တယ်။
မိန်းကလေးတယောက်ဟာ သူ့ကိုကမ်းလှမ်းလာတဲ့ ယောက်ျားလေးတွေထဲကမှ သူက တုန့်ပြန်ရတယ်။ သူက ရွေးချယ်တာ မဟုတ်ဘူး။ ရွေးချယ်ခံရတာသာဖြစ်တယ်။ သွားသူမဟုတ်ဘူး။ စောင့်သူ။ သူ့မေတ္တာ တုန့်ပြန်မှုက သူ့ကိုကမ်းလှမ်းတဲ့သူ အပေါ်မှာပဲ မူတည်တယ်။ သူ့မေတ္တာတုန့်ပြန် မှုဟာ မိမိ ဘာသာ နိုးကြားလာမှု မဟုတ်ဘူး။ သူကြိုက်တဲ့ တယောက်ကိုလဲ ရေလာမြောင်းပေး အထာပေးရုံကလွဲလို့ ဟိုက မလှုပ်ရင် သူကလည်း ခုံကစလှုပ်မှာ မဟုတ်ဘူး။ မြန်မာ့ယဉ်ကျေးမှု အရ သူကစ ချစ်စကားဆိုမယ် မဟုတ်ပေဘူး။ အကြောင်းမတိုက်ဆိုင်လို့ သူ့ကို ဘယ်ကောင်လေးကမှ မပိုးပန်းရင် သူ့မှာ တုန့်ပြန်စရာ ချစ်မေတ္တာတရား နိုးကြားစရာသုည။ သူ့ကို နှစ်ယောက်ကတပြိုင်တည်းလာပီး ကမ်းလှမ်းရင် သူက ပိုကြိုက် တဲ့ တယောက်ကို တုန့်ပြန်မယ်။ ဒါဟာ ဖန်တီးယူရတဲ့ မေတ္တာတရား တမျိုးဖြစ်တယ်။ လုပ်ယူ ညှစ်ယူထားရတဲ့ ခံစားမှုဖြစ်တယ်။ သူ့ကို ကမ်းလှမ်းလာတဲ့ အပေါ် မူတည်ပီး အချစ်ဦးတွေ အချစ်ဆုံးတွေ ကောင်မလေးရဲ့ ဘဝမှာ အများကြီး ဖြစ်နိုင်တယ်၊ ဒါကို ကောင်လေးတွေ အလွန်အကျွံ မယုံသင့်ဘူးလို့ ဘိုလို ရေးတယ်။ ကောင်လေးတွေက စပ်ဖြဲစပ်ဖြဲနဲ့ ထောက်ခံတယ်။
ဒီလိုရေးတာကို မကျေနပ်တဲ့ မိန်းကလေးတွေ မဟာမိတ် တပ်ပေါင်းစုဖွဲ့ပီး ကျနော့် အလာ ကို စောင့်ကြတယ်။ ကျနော်ထိုင်တဲ့စားပွဲမှာ ပါတ်ချာလည်ဝိုင်းထိုင်ကြပီး ကက်ကက် လန်အောင် ငြင်းကြ တယ်။ ဆရာကတော့ ဘိုလို ငြင်းခုံနေကြရင် အားပေးနေတာပဲ ဆိုတော့ သူကတော့ မသိလိုက် မသိ ဘာသာပဲ။ ခပ်လှမ်းလှမ်းသူ့စားပွဲမှာ ထိုင်ရင်း စာတအုပ်နဲ့။ အဲဒီအက်ဆေးထဲကလော့ဂျစ်ကို ကျနော် တကယ်မယုံပါဘူး။ စကားပြောစရာရှိအောင် တမင်ရေးတာပါ Devil's Advocate ဘဝ သက်သက်ပါ ဗျာလို့ မျက်နှာငယ်လေးနဲ့ ပြောပြလဲ ဒေါသထွက်နေသော မိန်းကလေးတအုပ်ကတော့ လက်မခံကြ ဘူး။ ဒီကောင်ဣတ္တိယ မျိုးနွယ်အားလုံးကို ရန်စတယ်။
ယောက်ျားလေးတွေရဲ့ အချစ်ဆိုတာကရော ဘယ်လောက်များယုံရလို့လဲ ဆိုပီး စောဒက တက်ကြ တယ်။ အဲဒီမိန်းကလေးအုပ်ကို ကြောက်လို့ ကျနော် FMA အနားမသွားပဲ တပတ်လောက် ကိုယ်ယောင်ဖျောက် နေရဖူး တယ်။ စကားအခြေအတင် ဦးနှောက် မုန်တိုင်းမဆင်ရပဲ FMA မှာ ဒေါသ ဆိုင်ကလုန်း တအုံးအုံး။
ကျနော်နဲ့ဆရာ မကြာမကြာ ငြင်းခဲ့ရတာတွေကိုလဲ သတိရတယ်။ ရပ်ကွက်ထဲက ညကျောင်း စာသင်ခန်းလေးနဲ့ ဘုန်းကြီးကျောင်းတခုမှာ ဆင်းရဲသား ဆယ်တန်းကလေးတွေရဲ့အခမဲ့ ဘိုင်အိုဆရာ လုပ်ရင်း အမှတ်မထင် ဗွမ်းကနဲ ဘိုင်အိုကျူရှင် ဆရာ ဖြစ်သွားတော့ မဂ္ဂဇင်းဂျာနယ် လောကထဲကနေ လုံးဝအစပျောက်သွားတဲ့ နောက်ပိုင်း။ ဆရာ့ကို ကန်တော့ရင်း အလည်ရောက်တဲ့ တနေ့မှာတော့ ဂျာနယ်လစ် အလုပ်တွေကို ပစ်ချခဲ့ပီး သိက္ခာမရှိတဲ့ ကျူရှင်ဆရာလုပ်ရ ကောင်းလား ဆိုပီး အငေါက်ခံရပါတယ်။ မကျက်တကျက်အာလူးတဲ့။ စွဲစွဲမြဲမြဲမလုပ်လို့တဲ့။ လူငယ်တွေ ဘာပဲလုပ်လုပ် ဝိုင်းစဉ်းစားပေးရုံ အကြံပေးရုံကလွဲလို့ ကိုယ့်ကြမ္မာ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခိုင်းပီး ဘာလုပ်ညာလုပ်ဆိုတာမျိုး သူဘယ်တုန်းက ပြောဖူးလို့လဲ။ ကျနော့်ကို ဂျာနယ်လစ်ပဲ ဆက်လုပ်စေ ချင်ပုံများလား။ အဲဒါက တထောင့်ကိုးရာ ကိုးဆယ့်ငါး။
သူ့ဆီမှာကျူရှင်တက်မှ စာတတ်တော့မယောင်။ သူသာလျှင်အတော်ဆုံးအတတ်ဆုံး ဆိုပီး ကြော်ငြာပီး ကလေးကြိုက်ဟောပြော ပိုက်ဆံတွင်တွင်တောင်းနေတဲ့ ကျူရှင်ဆရာဆိုတာ ဂုဏ်သိက္ခာ မရှိကြ၊ အရှက်မရှိကြဘူးဆိုပီး ဆရာက ပယ်ပယ်နယ်နယ်တွယ်ပါတယ်။ ကျနော်ကတော့ စစ်အစိုးရ ခေတ်ကျပ်ကျပ်ကြီးမှာ ဘုန်းကြီးကျောင်း ပညာဒါန စာသင်ခန်းတွေ ခေတ်စားလာနေတဲ့ အကြောင်း။ သီးသန့် လူနည်းစုစာသင်ဝိုင်း တွေက ဝင်ငွေနဲ့တင် ဂျာနယ်အယ်ဒီတာ လေးငါးယောက်စာလောက် ဝင်ငွေနဲ့ အေးဆေး ရပ်တည်နိုင် ညီ၊ ညီမ လေးယောက်နဲ့ အမေ့ကို ကူနိုင်တဲ့ အကြောင်း။ ကျနော့် လစဉ်ဝင်ငွေဟာ စာတော်ပီး ဆင်းရဲ တဲ့ ကျောင်းသား ငယ်တွေအတွက်လည်း စာအုပ်ဖိုး ခဲတံဖိုးဖြစ် လာနေတဲ့အကြောင်း။ ကျနော့်ကြောင့် ဆင်းရဲသား ကျောင်းသား ရာပေါင်းများစွာ ကျူရှင်ခသက်သာ ရာ ရနေတဲ့အကြောင်းတွေ ပြောတယ်။ ကိုယ့်ကျူရှင်ခန်းလေးထဲမှာ ကိုယ်ပိုင်စာအုပ်စင်တွေနဲ့ စာကြည့်တိုက်ထူထောင်ပီး ကလေးတွေကို စာများများ ဖတ်ခိုင်း အားပေးနိုင်နေတဲ့ အကြောင်းတွေ ပြောပြပီး ကျနော်ပြန်ငြင်းပါတယ်။ ကိုယ်တိုင် ငယ်ငယ် ကတည်းက ဆင်းရဲပီး စာရမြန်လို့ ကျူရှင်အတော်များများမှာ ဆရာတွေရဲ့ မေတ္တာနဲ့ အခမဲ့ တက်ခွင့်ရခဲ့တဲ့ အရပ်ရှစ်မျက်နှာ ကျေးဇူးတရားတွေ ကျနော်တွေးမိနေတယ်။ ခုကိုယ့် အလှည့် မဟုတ်ရတော့ဘူးလား။ ဆရာ့ကို ပြန်ငြင်းရင်း ကျနော် မျက်ရည်ဝဲနေတယ်။ ဆက်တိုက် အသက်မရှူ အငမ်းမရ ပြောချလိုက်တုန်း အသံတွေ တုန်နေတယ်။ သူသိတယ်။ ဆရာ ဘာမှ ပြန်မပြောတော့ဘူး။ ခေါင်းငြိမ့်နေတယ်။ ဘာပဲပြောပြော ဆရာက အဲလို လွတ်လပ်စွာ ငြင်းဆန်ခွင့် ကွဲလွဲခွင့်ပေးခဲ့တာ။
ဘာသာပြန်ကိစ္စအကြောင်း ဆရာနဲ့ အငြင်းအခုန် ဖြစ်ခဲ့တဲ့ တနှစ်ကိုလည်း မှတ်ထားဖြစ်တယ်။ အဲဒါ တထောင်ကိုးရာ ကိုးဆယ့်ရှစ်။
ဇီဝဗေဒမှာ characteristic ဆိုတာကို ဝိသေသလက္ခဏာလို့ပဲ ဘာသာပြန်ထားကြတယ်။ ရှေးဆရာကြီးတွေကို ပါဠိအားကိုးပြန်ခဲ့တာကို ကျနော်က လက်မခံချင်ဘူး။ ဒါ မြန်မာစကား မဟုတ် ဘူး။ Dialectical materilism ကို သခင်စိုးဘာသာပြန်ခဲ့တဲ့ အနုပဋိလောမ ရုပ်ဝါဒ ဆိုတာ မြန်မာလို စင်စစ်မဟုတ်လို့ ရှေးဆရာတွေ ဘဝင်မကျခဲ့တာ ဖတ်ဖူးတယ်။ ဇီဝဗေဒမှာ တခြား ပါဠိသက် ပါဠိပျက် ဘာသာပြန်တွေလဲ အများကြီး။ ဒါပေမယ့် cell ဆိုတဲ့ စာလုံးမျိုးတွေကိုတော့ ဘာမှ မတတ်နိုင်ဘူး။ ဆဲလ် လို့ပဲ အသံ ဖလှယ်ပီး မွေးစားလိုက်ရတယ်။ ကလပ်စည်းတခုလို့ ဆရာတချို့ပြန်တာလဲ မတွင်ကျယ်ဘူး။ ကျနော့် သဘော ကတော့ ခုခေတ်ကြီးမှာ မြန်မာလို ဘာသာပြန်စရာ စကားလုံး ရှားပါး လာမယ်။ ကမ္ဘာကြီးက မြန်မြန်လည်နေပီ။ အချိန်မရတော့ဘူး။ ဘာကိုဆိုလိုသလဲ နားလည် အောင် အနက်ဖွင့်ပေးပီးတော့ အင်္ဂလိပ်စာအသံ ထွက်အတိုင်း များများမွေးစားစေချင်တယ်။ ဒီလိုနဲ့ မော်တော်ကား။ တယ်လီဖုန်း။ ကွန်ပျူတာဆိုပီး မူရင်းအတိုင်း တွင်နေနှင့်ပီ။
ပြင်သစ်တွေက လော့ဂ်နီနာတာ လို့ ကိုယ်ပိုင်စကားနဲ့ ပြောပေမယ့် ကွန်ပျူတာ လို့ အင်္ဂလိပ်လို ပြောလဲ နားလည် ကြရတာပဲ။ ထိုင်းက တိုရဆတ်လို့ ခေါ်ပေမယ့် ဘိုလို ဖုန်း လို့ ပြောလိုက်တော့လဲ နားလည်နေကြရ တာပဲ ဆိုတော့။ ကွန်ပျူတာခေတ်မှာ ဒီထက် ပိုပီး မြန်မြန် များများ မွေးစားဖို့လိုမယ် ထင်တယ်။ ဒါပေမယ့် ဆရာ ကတော့ ရှေးက သတင်းစာ ဆရာကြီး တွေက ကြိုးစားပီး မြန်မာမှု ပြုခဲ့ တာ အတုယူ လိုအပ်ရင် ထွင်သင့်ထွင် သုံးခဲ့ကြတာကို နမူနာပြ တယ်။ ပြုတ်တူဆိုတဲ့ စကားလုံး လိုမျိုး ရှေးသတင်းစာဆရာ တွေ ထွင်သုံးခဲ့ကြတာကို ဥပမာပြတယ်။ အခုခေတ် လူငယ် တွေမှာလဲ ကြိုးစားပီး မြန်မာစကားလုံးရှာ ဘာသာပြန်ဖို့ တာဝန်ရှိတဲ့ အကြောင်း ပြောတယ်။ အကြာကြီးပဲ နှစ်ယောက်ထဲ တယောက်တလှည့် ငြင်းကြတယ်။ ကျနော်တွေးပုံက မြန်မာ့ ယဉ်ကျေးမှု မြန်မာစာ မြန်မာစကား အတွက် ကြောက်စရာ ကောင်းတဲ့ အတွေးအခေါ်လဲ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ အဲဒီနေ့ကကျနော် နဝေတိမ်တောင် ဖြစ်ပီး ပြန်လာခဲ့တယ်။ ဘဝင်မကျဘူး။ လက်မခံချင်ဘူး။ ဆရာက ငြင်းခွင့် ပေးတဲ့ အတိုင်း စကားကြုံ စပ်မိတိုင်းလဲ ဒီကိစ္စကို ဥာဏ်မီ သလောက် ပြန်ငြင်းခဲ့တာပါပဲ။
နောက်ဆုံးတွေ့တဲ့နေ့က ချောအိမွေးနေ့။ အောက်တိုဘာ၁၃။ ဆရာ့ဆီမှာ ဆုံကြဖို့ချိန်းထားပီး ဒီကောင် ပေါ်မလာတဲ့နေ့။ ပတ်စ်ပို့ရုံးကထွက်ပီး ဆရာ့ကို ဝင်နှုတ်ဆက်တယ်။ ကမ္ဘောဒီးယားမှာ ဂျာနယ်လစ်ဇင် စာနယ်ဇင်းသင်တန်း သွားတက်တော့ မယ့်နှစ်။ ဒီတုန်းကတော့ ခရစ်သက္ကရာဇ် နှစ်ထောင့်နှစ်။
ကျနော်ကဘာမှ မပြောရခင် ကျနော့ကို တွေ့ချင်နေတဲ့ အကြောင်း ဆရာက ဆက်တိုက် ပြော တယ်။ ဆင်းရဲတဲ့ ဆယ်တန်း ကျောင်းသားတွေအတွက် ဘုန်းကြီးကျောင်းပညာဒါန စာသင်ခန်းတွေ များများထူထောင် မယ်ဆိုရင် ဘာတွေလိုအပ်မလဲ။ ဘယ်လိုစီစဉ်ရလဲ။ ဘယ်လောက်ကုန်ကျနိုင်လဲ။ နေရာတွေ အတော်များများမှာ ထူထောင်ဖို့ တွက်ချက် အကြံပေး ဝိုင်းလုပ်စေ့ချင်တယ်။ နိုင်ငံခြား ရောက် ဆရာ့တပည့်တွေထဲက ကူညီလှုဒါန်းမယ့် သူတွေရှိတယ်။ စသဖြင့်။
ကျနော်ရင်းနှီး ကျွမ်းဝင်တဲ့ ကိစ္စဆိုတော့ ပညာဒါန စာသင်ခန်း တခုဖွင့်ဖို့ ဆရာတွေ စုမိရုံနဲ့ ကျောင်းသားမသိမရှိဖြစ်နေတတ်တဲ့ အကြောင်း လူသိများအောင် လမ်းပန်း အနေအထားအလိုက် ကြော်ငြာဖြန့် လူသိများအောင် စီစဉ် ရတာတွေ စာသင်ခန်း အသစ်တခုအတွက် လိုအပ်တဲ့ ပရိဘောဂကအစ စာသင်နှစ်တခု စသင့် ဆုံးသင့်တဲ့အချိန် စလယ်ဆုံး၊ ကြုံခဲ့ဖူးသမျှ ဘုန်းကြီးကျောင်း ပညာဒါနစာသင်ခန်းတွေ အများစုရဲ့ စီမံခန့်ခွဲပုံတွေ ကုန်ကျ စားရိတ်တွေ အသေးစိတ်ပြန်ပြောပြရပါတယ်။
တဆက်ထဲမှာပဲ ကျနော့်ဘက်က နှုတ်ဆက်စကား။ ကမ္ဘောဒီးယား မှာ စာနယ်ဇင်းသင်တန်း လေးလတက်ပီးရင် လွတ်မြောက် နယ်မြေလို့ခေါ်တဲ့ ထိုင်းမြန်မာနယ်စပ်မှာ ချုပ်ချယ်ပိတ်ဆို့ထားတဲ့ စာပေစိစစ်ရေးမရှိပဲ လွတ်လပ်တဲ့ သတင်းမီဒီယာ အလုပ်တွေ လုပ်ကြည့်ချင်တယ်။ မြန်မာပြည်ပြန်လာဖြစ်ဖို့ မသေချာတော့လို့ ဆရာ့ကို လာကန်တော့ရင်း နှုတ်ဆက်တဲ့အကြောင်း ပြောပြတယ်။ ဆရာက ခပ်တွေတွေကြည့်နေတယ်။ ဆရာအလိုမကျဖြစ်သွားတာ သိသာတယ်။ သူက တခြား ထွေထွေထူးထူး မပြောပေမယ့် ရုပ်ရှင် တေးကဗျာမဂ္ဂဇင်းကို ဖတ်ကြည့်ပါအုံးလို့ ဆိုပြီး တဖက် လှည့်နေတယ်။ ချောင်းတွေဆိုးနေတယ်။ စိတ်မကောင်းပဲ ပြန်ထွက်လာပီး ပန်းဆိုးတန်း စာအုပ်ဟောင်းတန်း မှာ ရုပ်ရှင်တေးကဗျာ မေလထုတ် ကိုရှာရတယ်။ သူဘာကို ဆိုလိုတာလဲ။ ဆရာ့ ဆောင်းပါးကို ဖတ်ကြည့်ပီးမှ ပိုပီး စိတ်မကောင်းဖြစ်ရပါတယ်။ ရေးထားတဲ့ ဆောင်းပါး ခေါင်းစဉ်က ကိုယ်လွတ်ရုန်းသူများတဲ့။ အဲဒီဆောင်းပါး ခေါင်းစဉ်က ရင်ဘတ်ထဲမှာ ခုထက်ထိ ရိုတ်ခတ် မြည်ဟီး နေတာ သေချာတယ်။ ကိုးနှစ်စာမြည်တွန်တောက်တီးသံ။ ကိုယ်လွတ်ရုန်းသူများ။
ဆောင်းပါးထဲမှာက လူငယ်တွေ မြန်မာပြည်မှာ မနေချင်တော့လို့ နိုင်ငံခြားကို အပြီး ထွက် နေကြတဲ့ အကြောင်းကို ရေးထားတာ။ မြန်မာပြည်မှာနောက်ကျကျန်ရစ်နေတာတွေအတွက် လုပ်စရာ တွေရှိနေတဲ့အချိန်၊ တိုင်းပြည်ကိုတည်ဆောက်ဖို့ လူငယ်တွေက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ကြိုးစားပေးဆပ်ရမယ့်အစား ပြည်ပကိုပဲအပြီး ထွက်ခွာသွားနေကြတာကို ကန့်ကွက် ရေးထားတယ်။ ထိုင်းမြန်မာနယ်စပ်မှာ ကျောတခင်းစာပဲရရ သတင်းမီဒီယာ အလုပ်တွေ လွတ်လပ်စွာလုပ်မယ်လို့ ဒုံးဒုံးချနေတဲ့ ကျနော်ကတော့ ဆုံးဖြတ်ထားပီးသား မပြင်တော့ဘူး။ နယ်စပ်မှာ လွတ်လပ်စွာထုတ်ဝေ နေတဲ့ ဂျာနယ်တွေ စာစောင်တွေ ပြည်တွင်းက ပရိသတ်ဆီ ရောက်ဖို့ခက်တာ ပြည်တွင်းလူထုနဲ့ ဆက်သွယ်မှုနဲတာတွေ ကိုတော့ မစဉ်းစားမိခဲ့ပါဘူး။ ပြန်မလာတော့ဘူးလို့ ပြောပီးထွက်သွားတဲ့ တဇွတ်ထိုး သားကြီးကို လေယာဉ်ပေါ်မတက်ခင်ထိ မျက်ရည်ဝဲပီး လိုက်ပို့တဲ့ အမေနဲ့ အဖေ လက်ပြပီး ရန်ကုန် လေဆိပ်ထဲက ကျောက်ရုပ်တွေလို ကျန်ရစ်ခဲ့တယ်။ ကျနော်ကတော့ အမေနဲ့အဖေကို ကျော်လွန်ပီးတော့ အဝေးကြီးမှာ ဆရာ့ဆောင်းပါးခေါင်းစဉ်စာတန်းကို မြင်ယောင်မိနေတယ်။ ကိုယ်လွတ်ရုန်းသူများတဲ့။
ကြမ္မာဆိုးနေတဲ့ မြန်မာပြည်ကို စွန့်ခွာ တကိုယ်ရေကောင်းစားရေး သက်သက် ထွက်လာခဲ့တာ မဟုတ်ပါဘူး ဆရာရယ်လို့ ကျနော် ဘယ်လိုပြန်ငြင်းရမှန်း မသိသေးဘူး။ ဒီလောက်ထိ တောအုပ်ကြီး မီးလောင်နေတုန်း ကိုယ့်နားက ပျားရည်စက်တွေနဲ့ မိန်းမူးနေတာ မဟုတ်ရပါဘူး။ လူတယောက်ဟာ ကမ္ဘာကြီးရဲ့ ဘယ်ဒေါင့်နားကိုရောက်ရောက် အများအကျိုး ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအကျိုး တခုခု မလုပ်နိုင်တော့ဘူးတဲ့လား။ မြန်မာပြည်နဲ့လူငယ်တွေကို ဆရာချစ်သလောက် တရားမျှတမှုကို ဆရာ မြတ်နိုးသလောက် ကျနော်လဲ မလျော့ပါဘူးလို့ ပြန်ငြင်းခွင့် ကြုံပါအုံးမလားလဲ မသိနိုင်ပါဘူး။
မင်းတို့ ဆရာကလေ ရေးလိုက်ရင် တဖက်စောင်းနင်းချည်းပဲလို့ ဝေဖန်တာတွေကိုတော့ ဘယ်နေရာပဲ ရောက်ရောက် ကျနော်ပြန် ငြင်းခွင့်ရခဲ့တယ်။ ဆရာက သူ့အမြင်ကို ဘယ်သူ့မှ မျက်နှာမထောက်ပဲ ရဲရဲရေးချင်ရေးမယ်။ ဘယ်သူ့မဆို လွတ်လပ်စွာ ငြင်းခုန်ဆွေးနွေး ကွဲလွဲခွင့်ကို အားပေးတတ်တာကို မင်းတို့ မသိဘူး။ ဒါပေမယ့် ဖုံးအဆက်အသွယ် ရတိုင်း စာဖတ်မလျော့ဖို့ နိုင်ငံခြား ရောက်နေပေမယ့် မြန်မာလိုလဲ ဆက်ဖတ်ဖို့ လိပ်စာပေးရင် သူ့ဆီက စာအုပ်တွေလှမ်းပို့ပေးမယ်လို့ အောက်ဆီဂျင်ပိုက် တန်းလန်းက အမောသံနဲ့ ပြောနေတဲ့ ဆရာအိုနဲ့ မျက်နှာချင်းဆိုင်ထိုင်ပီး ကျနော် ပြန်လှန် ချေပငြင်းခွင့် မရသေးဘူး။
သက်တော် ၇ဝမှာ ကျန်းမာရေး ဂရုစိုက်ပါ ဆရာရယ်။ ကျနော် ကိုယ်လွတ်ရုန်းသူ မဟုတ်ရပါဘူး။
(စာရေးသူသည် ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြားဌာန၏ အကြီးတန်းထုတ်လုပ်ရေးမှူးဖြစ်သည်)
![ယနေ့ ခောတ်အမျိုးသမီး များ ၏ ၀တ်စား ဆင်ယဉ်မှု စတိုင်ဟန် ကို မော်ဒယ် သီရီရှင်းသန့် က ၀တ်ဆင်ပြထားစဉ်]()
ယနေ့ ခောတ်အမျိုးသမီး များ ၏ ၀တ်စား ဆင်ယဉ်မှု စတိုင်ဟန် ကို မော်ဒယ် သီရီရှင်းသန့် က ၀တ်ဆင်ပြထားစဉ်
မြန်မာ နိုင်ငံ ရဲ့ အဓိက မြို့ ကြီးတွေ ဖြစ်တဲ့ ရန်ကုန်၊မန္တလေး အပါအ၀င် အခြားမြို့ တွေ မှာ တော့
မြန်မာ အမျိုးသမီး ငယ်တွေ ရဲ့  ၀တ်စားဆင်ယဉ် မှု တရှိန် ထိုး ပြောင်းလဲနေတာ ကြောင့် ဝေဖန် ရှုံချ ကြသူများ
လည်း ရှိသလို့  ဒါဟာ ခောတ်ယဉ် ကျေးမှု ဆိုပြီး ထောက်ခံ အားပေးကြသူ တွေ လည်းရှိပါတယ်။
ရန်ကုန် မြို့ က နာမည်ကျော် မော်ဒယ် တစ်ဦး ဖြစ်တဲ့ မိုးဟေကို ကတော့ ဒီလို ဖက်ရှင် အပြောင်းအလဲ ဆန်း
သစ်မှု တွေ ပိုမြန်ဆန်လာ တာ ၂၀၀၈ ခုနှစ် နောက် ပိုင်းမှ ပို သိတာ လာတယ် လို့ ဆိုပါတယ်။
![မြန်မာ ရိုးရာ ၀တ်စား ဆင်ယဉ်မှု စတိုင်]()
မြန်မာ ရိုးရာ ၀တ်စား ဆင်ယဉ်မှု စတိုင်
အခုလို အမျိုးသမီး ငယ်တွေ ရဲ့  ၀တ်စား ဆင်ယဉ်မှု ဖက်ရှင် တွေ က ပိုပြီးတော့ ဆန်းသစ်လာခြင်းဟာ
မြန်မာ့ ရိုးရားယဉ် ကျေးမှု နဲ့ ဓလေ့ စရိုက်တွေ ကို အနည်းနဲ့  အများ ဆိုသလို ထိခိုက် နိုင်တယ်လို့ 
ရန်ကုန်အခြေစိုက် သက်ကြီးရွယ်အို စာနယ် ဇင်းသမား တွေ ကသုံးသပ် တယ် လို့ ဆိုပါတယ်။
သူတို့ တွေ နဲ့ အမြင် မတူ တဲ့ သူ တစ်ဦးကတော့ ဂျပန် နိုင်ငံ မှာ ဘွဲ့ လွန် ကျန်းမာ ရေး စောင့်ရှုမှု
ပညာသင်ကြားနေတဲ့ မ လမင်းဝန်း ပါ။ သူကတော့’ ရိုးရာ ယဉ်ကျေးမှု က မြန်မာ တစ်နိုင်ငံတည်းရှိတာ
မဟုတ်ပါဘူး ၊ ဘယ်နိုင်ငံမှမဆို ရှိပါတယ်။ စကတ် အတို ၀တ်တာ တို့  မဖော်သင့်တဲ့ နေရာ တွေ က လွဲ
လို့ ကျန်တဲ့နေရာ တွေ ကို ဖော်ပြတာ တို့ တွေ ဟာ ကမ္ဘာ မှာ တော့ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး
ဒါတွေ ကို ဝေဖန် နေ မယ် ဆိုရင် မြန်မာ ဟာ ကမ္ဘာ နဲ့  ဘယ်လောက် အဆက်အသွယ်ပြတ် နေသလဲ
ဆိုတာ ထင်ရှား တယ် လို့ သူ့ ရဲ့ အမြင် ကိုပြောပါတယ်။
မြန်မာ နဲ့  အိမ် နီးချင်း ထိုင်း နိုင်ငံမှာ တော့ အဆိုတော် တွေ
မော်ဒယ် တွေ ဟာ ဘီကီနီ နဲ့ ပါ စင်ပေါ်
တက်ရောက် ဖျော်ဖြေခွင့် ရှိပါတယ်။
မြန်မာ နိုင်ငံမှာ တော့ ၂၀၀၉ ခုနှစ် ဆန်းလောက် စပြီး ဖျော်ဖြေရေး ပွဲစဉ် တွေ ၊မော်ဒယ်ရှိုးတွေ၊ အရောင်း
မြှင့် တင်ရေး ပွဲ စဉ် တွေ မှာ အဆိုတော် တွေ နဲ့  မော်ဒယ် တွေ က ပိုပြီး တော့ မလုံ့တလုံ့ ဝတ်စား ဆင်ယဉ်
မှု ပြုလာ ကြပါတယ်။
ဝေဖန်သူ တစ်ချို့ ကတော့ အဆိုတော်တွေ ၊ ရုပ်ရှင်မင်းသမီး တွေ ရဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု နဲ့ ဖီလာ
ဆန့် ကျင် တဲ့ ၀တ်စား ဆင်ယဉ်မှု တွေ ဟာ အမျိုးသမီး ငယ်တွေ အတု ခိုးမှား ပြီး အန္တရာယ် များ နိုင်တယ် လို့ 
ထောက်ပြကြပါတယ်။
ဒါပေမယ့် လည်း ဖျော်ဖြေရေး ပွဲ တွေ မှာ ခပ်ဟော့ သီဆိုလေ့ ရှိတဲ့ အဆိုတော် တစ်ဦး ကတော့ ပရိတ်သတ်
မိန်းကလေး တွေ က ကျွန်မ တို့ ထက် တောင် ပိုလန်း သေး တယ်.သူတို့ ဆီက တောင် အတု ခိုးရသေးတယ်
လို့ ဆိုပါတယ်။
ဖက်ရှင် စတိုင်လ် အပြောင်း အလဲ တွေ ဖြစ်ပေါ်နေတာ နဲ့ ပတ်သက်ပြီး ဒါဟာ ကောင်းတဲ့ လက္ခဏာ လား
ဆိုး တဲ့ လက္ခဏာ လား လို့  အမေရိကန် နိုင်ငံမှာ ဖက်ရှင် ဒီဇိုင်း ပညာ သင်ကြား နေတဲ့ မအင်ကြင်း ကိုမေး
ကြည့် တော့ “ဒီကိစ္စ ဟာ ခောတ်လူငယ်တွေ ရဲ့  စိတ်ဆန္ဒ တောင်း ဆိုမှု က ဖြစ်လာ တဲ့ အပြောင်း အလဲပဲ
ရာစု နှစ် တိုင်း ဆယ်စု နှစ် တိုင်း ဖက်ရှင် ကမ္ဘာ မှာ အပြောင်း အလဲ တွေ ရှိနေတာ ပဲ ငါတို့ ခောတ်က ၀တ်
သလို မျိုး သူ တို့  ခောတ်မှာ လည်း ၀တ်လို့ သွား ပြော လို့  မရဘူး လို့ သုံးသပ်ပါတယ်။
![ယနေ့ ခောတ်ပွဲ တက်ဖက်ရှင် ဖြစ်နေသည့် ၀တ်စုံ ကို ၀င်းထွဋ် တာရာ က ၀တ်ဆင်ပြသထားစဉ်]()
ယနေ့ ခောတ်ပွဲ တက်ဖက်ရှင် ဖြစ်နေသည့် ၀တ်စုံ ကို ၀င်းထွဋ် တာရာ က ၀တ်ဆင်ပြသထားစဉ်
ဖက်ရှင် စိတ်ပညာ ရပ်မှာ တော့ လှတဲ့ သူတွေ က သူတို့ အလှ ကို ဖော်ပြီး ၀တ်တာ မလှ တဲ့ သူ တွေ အဲဒီ
လို မ၀တ် ရလို့ မနာ လို ဖြစ်ပြီး ကဲ့ရဲ့ ကြတယ်လို့  ကော်လို ရာဒို တက္ကသိုလ် က ဖက်ရှင် ဒီဇိုင်း ပညာ ကျောင်း
သူ တစ်ဦး ကဆိုပါတယ်။
လွန်ခဲ့ တဲ့ ဆယ်စု နှစ် တစ်ခု ကျော် မြန်မာ နိုင်ငံမှာ ဖက်ရှင် ရှိုး တွေ ၊မော်ဒယ်(လ) တွေ စတင်ချိန်မှာ
ဝတ်စား ဆင်ယဉ်မှု တွေ နဲ့ ပတ်သက်ပြီး တားမြစ်ချက် တွေ ပြုလုပ် ခဲ့ပေမယ့် နောက် ပိုင်းမှာ တော့
ဘာ တားမြစ် ချက် တွေ မှ မလုပ်တော့ပါဘူး ။
နာမည် ကျော် ဖက်ရှင် ဒီဇိုင်နာ ဒေါ်နာကာရင်း ကတော့ ဖက်ရှင်ကြောင့် တော့ ပြည်တွင်း စစ်တွေ၊
ကမ္ဘာစစ်တွေ မဖြစ်ခဲ့ပါဘူး လို့ ဆိုပါတယ်။
မြန်မာ ပြည်ရဲ့ ခောတ် နဲ့ အညီ ၊ နိုင်ငံတကာ နဲ့ အညီ
ပြောင်း လဲ လာ တဲ့ ဖက်ရှင် ရေစီး ကြောင်း ကို
ဝေဖန် ကန့် ကွက် မှု တွေ ကို သက်ဆိုင်ရာ ကတောင် နား လည် သဘောပေါက်ပေမယ့် နေရာ တကာ
မှာ ဆရာ လုပ်ချင် တဲ့ တတ်ယောင်ကား မြန်မာ စာနယ်ဇင်း ဆရာ တွေ ကြောင့် စိတ် အနှောင့်အယှက်
ဖြစ်ရ တယ် လို့ နာမည် ကျော် မော်ဒယ်များ က တညီတညွှတ် တည်း Freedom News Group ကို ပြော
ပါတယ်။