|
ကါးစီးကြမယ် ဒေါ်လာ တစ်ရာရှိလျှင် ကားဝယ်ရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင် ရန်ကုန်၊ မေ ၁၂ နိုင်ငံခြားငွေစာရင်း ဖွင့်နိုင်သည့် ဘဏ်များတွင် မေလ ၁၄ ရက်နေ့မှ စတင်ကာ ဒေါ်လာတစ်ရာ ထည့်သွင်းပြီး ကားတင်သွင်းရန် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ... ယင်းဆုံးဖြတ်ချက်ကို မေလ ၁၁ ရက်နေ့ ညနေပိုင်းက ၎င်းတို့ဘဏ်သို့ အကြောင်းကြား ထားသဖြင့် လာမည့် မေလ ၁၄ ရက်နေ့ (တနင်္လာနေ့) တွင် စတင် အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ "တနင်္လာနေ့ ကစပြီး လူတိုင်းရပြီ။ ဝန်ထမ်းထဲ ကလည်း ဖွင့်ချင်တဲ့သူတွေ ဖွင့်ကြမှာ" ဟု ယင်း ဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်သည့် ဘဏ်များမှာ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ်နှင့် မြန်မာ့ စီးပွားရေးဘဏ်တို့ ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များတွင် ဖွင့်လှစ်နိုင်မည် မဟုတ်ကြောင်း အဆိုပါ ဘဏ်များထံမှ စုံစမ်းသိရှိ ရသည်။ admin | News | 6 hours ago ၂၀၀၇ ခုနှစ် မော်ဒယ်နှင့် အထက်မော်တော်ယာဉ်များ တင်သွင်းရန် လိုအပ်ချက်များ မော်တော်ယာဉ်တင်သွင်းလိုလျှင် လိုင်စင်လျှောက်ထားရမည့်နေရာမှာ- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ နေပြည်တော်နှင့် ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ ရန်ကုန်မြို့ တို့တွင် လာရောက်လျှောက်ထားနိုင်ပါသည်။ လျှောက်ထားရာတွင် လိုအပ်သည်အချက်အလက်များမှာ- ၂၀၀၇ ခုနှစ်မော်ဒယ်နှင့် အထက် မော်တော်ယာဉ်တင်သွင်းခွင့် ပြုရာတွင် ဆောင်ရွက်ရမည့်အစီအစဉ် ၁။ ကားတင်သွင်းခွင့် လျှောက်ထားရာတွင် လျှောက်လွှာတွင် ပါဝင်ရမည့် အချက်အလက်များ (က) အမည် - (ခ) အဘအမည် - (ဂ) နိုင်ငံစီစစ်ရေးကဒ်အမှတ် - (ဃ) နိုင်ငံခြားငွေစာရင်းအမှတ် - (င) ဘဏ်ရှိငွေပမဏ - (စ) တင်သွင်းလိုသည့်မော်တော်ယာဉ် - အမျိုးအစား ထုတ်လုပ်သည့်ခုနှစ် (ဆ) ဆိတ်ကမ်းရောက်မော်တော်ယာဉ် - တန်ဖိုး (ဇ) နေရပ်လိပ်စာ - ၂။ ပါရှိရမည့် အထောက်အထားစာရွက်များ (က) မှတ်ပုံတင်/နိုင်ငံသားစီစစ်ရေးကဒ်မှုရင်းနှင့် မိတ္တူ (ခ) ဘဏ်စာအုပ်မှုရင်းနှင့် မိတ္တူ (ဂ) အိမ်ထောင်စုစာရင်း မိတ္တူ (ဃ) တင်သွင်းမည့် မော်တော်ယာဉ် Invoice မှုရင်း (င) မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီမှ စီစစ်ခွင့်ပြုခဲ့သည့် စာရင်း ခေါင်းစဉ်တွင်ပါဝင်သော သင်္ဘောသားများ၊ နိုင်ငံခြားတွင် အလုပ်လုပ်ကိုင် သည့် အလုပ်သမားများ၊ နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သောဝန်ထမ်းများအပါအ၀င် လူပုဂ္ဂိုလ် တစ်ဦးချင်းအားခွင့်ပြုပါမစ်ထုတ်ပေးခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက်။ Reference: http://www.commerce.gov.mm/index.php?option=com_content&view=article&id=917%3A2012-05-11-10-06-11&catid=5%3Aupdate-international-news&Itemid=89&lang=my မေလ ၁၁ရက်၊ ၂၀၁၂ ခုနှစ်-အိမ့်ခိုင်ဦး YPI ယခုသီတင်းပတ် တနင်္လာနေ့က ကားပါမစ် တင်းကြပ်ထားခြင်းမှ နိုင်ငံခြားငွေ စာရင်းရှိသူတိုင်း နိုင်ငံသားတဦးလျှင် ၂၀၀၇ မိုဒယ်အထက်ကား တစီးစီသွင်းခွင့်ရှိသည်ဟုကြေငြာ လိုက်ပြီးနောက် ကားဈေးကွက်မှ မိုဒယ်မြင့်၊ မိုဒယ်နိမ့်၊ မအပ်မီကား၊ ပါမစ် အသီးသီးဈေးကျဆင်းကုန်သည်ဟု ကားပွဲစားများက ပြောသည်။ ဟံသာဝတီ ကားပွဲစားတန်းမှ ပွဲစားကိုသိန်းလွင်က “ မတ်တူး ရွှေငါး စတိ( ယာယီနံပါတ်) အရင် သိန်း ၂၅၀ ရောင်းတာမထွက်ဘူး၊ အရင် ၂၈၀ -၈၅ ရောင်းတဲ့ဟာ၊ ခြုံပြောရင် သိန်း ၄၊ ၅ ဆယ်ကျတယ်” ဟု ယခုသီတင်းပတ် ကားဈေးနှုန်းကို ရှင်းပြသည်။ ထို့ပြင် ယခင် သီတင်းပတ်က သိန်း ၂၈၀ -၈၅ သိန်းရောင်းချသည့် တိုယိုတာ Belta ၂၀၀၇ မိုဒယ်မှာ ယခုရက်ပိုင်းတွင် သိန်း ၂၀၀ အထိကျဆင်းသွားကာ ၀ယ်သူလည်း မရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။ ယခုလတ်တလော ဂျပန်မှတင်သွင်းလာသည့် ကားများသာမက နံပါတ်နိမ့် မိုဒယ်နိမ့်ကားများလည်း သူ့အတိုင်းအတာဖြင့် ဈေးကျသွားကြောင်း နစ်ဆန်း ဆူပါဆလွန်း ၈၆၊ ၈၇ ခုနှစ်မိုဒယ် ဆိုပါက ယခင် ၁၃၀၊ ၁၄၀ သိန်းရှိရာမှ ယခုအခါ သိန်း ၁၀၀ စွန်းစွန်းသာရှိတော့သည်ဟုလည်း မေးမြန်းသိရှိရသည်။ ကားဝယ်ရောင်း တဦးဖြစ်သည့် ဦးသက်လင်းက “အောက်ကားအရင်က သိန်း ၁၃၀ တန်က အခု ၁၀၀ လောက်ပဲရှိတော့တယ်။ ဈေးကွက်ထဲမှာလည်း စောင့်ကြည့် နေကြတယ် ဘယ်သူမှ မ၀ယ်ရဲကြသေးဘူး” ဟု အောက်ကားဟု ခေါ်သည့် သိန်း၁၀၀ ကျော်ကားဈေးကွက် လက်ရှိအနေအထားကို ပြောပြသည်။ ကိုသိန်းလွင်က “ မနေ့က နဲ့ ဒီနေ့ အပွင့်လင်းဆုံးပြောရင် ၀ယ်သူက စင်ပေါ်ကပဲ၊ ကြိုက်ဈေးပေးဝယ်လို့ရတယ်၊ သိန်း ၂၅၀ ခေါ်တယ်၊ ၂၃၀ နဲ့လည်း ပေးတာပဲ၊ အော်ဖာ (ဈေးပေးခြင်း) သာရဲရဲပေး ရောင်းသူက ဆုံးဖြတ်ပြီး ချရောင်းသွားတာတွေရှိတယ်” ဟု မေလ ၉ ရက်နေ့ ကားဈေးကွက်အခြေအနေကို ရှင်းပြသည်။ ယခုသတင်းမထွက်ပေါ်မီ သင်္ဘောသား ပါမစ်တစောင်လျှင် ၆၅ သိန်းရှိရာမှ ပါမစ်ခွင့်ပြုလိုက်ပြီးနောက်တွင် သိန်း ၂၀ ၀န်းကျင်သာရှိတော့သည်ဟုလည်း ကားပွဲစားများက ပြောသည်။ ယမန်နှစ် ယာဉ်အိုယာဉ်ဟောင်း လဲလှယ်သည့် အစီအစဉ်စတင်ချိန်မှစ၍ ကားဈေးနှုန်း သိသိသာသာ ကျဆင်းလာရာ ယခုလ ၇ ရက်နေ့က ပါမစ်တင်းကြပ်မှု ဖြေလျော့လိုက်သည့်နောက် ဆယ်စုနှစ်တခုကျော်အတွင်း ကားဈေး အနိမ့်ဆုံးသို့ ကျဆင်းလာခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၄ နှစ်ဝန်းကျင်က သိန်း ၁၄၀၀ အထိ ဈေးပေါက်ခဲ့သည့် ၂၀၀၄ မိုဒယ် မတ်တူး (ရွှေငါး) ကားမှာ ယခုအခါ သိန်း ၂၀၀ ကျော်သာရှိသည့် အထိ ဈေးနှုန်းကျဆင်းလာသည်ကိုတွေ့ရသည်။ ။ မတ်လဆန်းက တပ်မတော် ခန်းမတွင်ပြုလုပ်သည့် ကားပြပွဲတွင် တွေ့ရသည့် တိုယိုတာ မတ် အိတ်စ် အမျိုးအစားကား ၊ ထိုစဉ်က ၄၉၉ သိန်းဟု ဈေးနှုန်းကပ်ထားသည့် ယင်းကားအမျိုးအစားမှာ ယခုအခါ ကျပ် သိန်း ၃၀၀ အောက်တွင်သာရှိတော့သည်ကိုဟု သိရှိရသည်။ (ဓါတ်ပုံ-သူရမျိုး) Yangon Press International 20 comments: မှတ်ချက်များကို စီစစ်ပြီးမှ ဖော်ပြပေးမည် ဖြစ်ပါသဖြင့် ဤစာမျက်နှာပေါ်မှာ
ချက်ချင်း မြင်ရမည်မဟုတ်ပါ။ မကြာခင် နောက်တခါ ပြန်လာပြီး မိမိ၏
မှတ်ချက်ကို ပြန်ကြည့်ပါရန် မေတ္တာရပ်ခံပါသည်။ ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မေလ ၇ရက်နေ့က ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ နိုင်ငံခြားငွေ Account ဖွင့်ထားသူတိုင်း ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ မိမိသွင်းလိုသော ကားအရေအတွက်၊ မိမိ တင်သွင်းရာတွင် ကုန်ကျမည့် ငွေပမာဏကိုသာ ငွေစာရင်းတွင် ထည့်သွင်းရမည်ဖြစ်ပြီး အစိုးရဘဏ်များတွင် သာမက ပုဂ္ဂလိကဘဏ်များတွင်လည်း Account ဖွင့်နိုင်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး မဟုတ်ဘဲ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် တင်သွင်းလိုပါက သက်ဆိုင်ရာ ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီး ၀န်ကြီးချုပ်၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားပါသည်။ အဆိုပါအစီအစဉ်ကို နှစ်ရက်အတွင်း စတင်အကောင်အထည်ဖေါ်မည် ဖြစ်ပြီး စီပွားကူးသန်းဝန်ကြီးဌာနမှ ၂၀၀၇ ခုနှစ်အထက် ကားတင်သွင်းလိုသူများ၏ လျှောက်ထားမှုကို ယနေ့ မေလ ၇ ရက်နေ့မှ ၂ ရက်အတွင်း စတင်လက်ခံလုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ ဘဏ်စာရင်းဖွင့်လှစ်ရန် သတ်မှတ်ထားသည့် အသက်အရွယ်ပြည့်ပြီးသူတိုင်း ဘဏ်စာရင်းဖွင့်လှစ်ကာ ကားတစ်စီးစီ တင်သွင်းခွင့် ရရှိမည် ဖြစ်ကြောင်း သိရှိရသည်။ နိုင်ငံခြားငွေ ဖွင့်လှစ်ရန်ခွင့်ပြုထားသည့် မည်သည့်ဘဏ်တွင်မဆို ငွေစာရင်းဖွင့်လှစ်နိုင်ပြီး ငွေစာရင်းဖွင့်လှစ်ရာတွင် ကားတင်သွင်းရန်ဟု ပြောကာ ဖွင့်လှစ်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါသတင်းစာရှင်းလင်းပွဲ မကျင်းပမှီ စီးပွားကူသန်းဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် တရားဝင် ကားအရောင်းပြခန်း ဖွင့်ခွင့်ရထားသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နံနက် ၁၀နာရီ ၀န်းကျင်တွင် ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် အရောင်းပြခန်း ဖွင့်ခွင့်ရ လုပ်ငန်းရှင်များမှ ပြောင်းလဲပြင်ဆင်ရန်ရှိသည့် မူဝါဒများအပေါ် မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဆာကူရာ ဦးဌေးအောင်မှ "အခုလို လူတိုင်းကို ကားတင်သွင်းခွင့် ပေးမယ်ဆိုတဲ့ မူဝါဒတွေကြောင့် တရားဝင်ဖွင့်ခွင့်ရရှိထားတဲ့ ကားအရောင်း ပြခန်းတွေမှာ စလစ်နဲ့လာဝယ်တဲ့သူက လွဲလို့ ကျန်တဲ့သူတွေက လာဝယ်ကြတော့မှာ မဟုတ်ဘူး။ လူတိုင်းကားတင်သွင်းခွင့် ရှိတဲ့အတွက် ကိုယ့်ဘာသာကိုယ် တင်သွင်းကြမှာပဲ။ အခုလုပ်တဲ့ ဆွေးနွေးပွဲမှာလည်း ဒီလုပ်ငန်းရှင်တွေ အနေနဲက မူဝါဒပိုင်းဆိုင်ရာ မေးခွန်းတွေ အများကြီး မေးပြီး ဆွေးနွေးခဲ့ကြတယ်။ ဥပမာ- အိမ်ထောင်စုတစ်ခုမှာ လူ ၁၀ ယောက်ရှိရင် ၁၀ ယောက်လုံး သွင်းခွင့်ရမှာလား။ အရင်ကားဟောင်းအပ်ပြီး အသစ်သွင်းထားတဲ့ သူတွေကော ထပ်သွင်းလို့ ရမှာလား။ ဘဏ်အကောင့် ဖွင့်ရင်ကော ဘယ်လိုပုံစံမျိုးနဲ့ ဖွင့်ရမှာလဲ အစရှိတဲ့ မေးခွန်းတွေအပါအ၀င် မေးခွန်းပေါင်း မြောက်များစွာကို မေးမြန်းခဲ့ကြပါတယ်" ဟု ပြန်လည် ရှင်းပြပါသည်။ Ref : Myanmar Times ကားသွင်းခွင့်မူဝါဒသစ်ပေါ်ထွက်လာပြီးနောက် ကားဝယ်သွင်းလိုသူများ ယနေ့(မေ၉ရက်) မြန်မာနိုင်ငံခြားကုန်သွယ်မှု့ဘဏ်(MFTB) နှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု့ နှင့်ကူသန်းရောင်းဝယ်ရေးဘဏ်များတွင်ငွေစာရင်း သွားရောက်ဖွင့်ရာဖွင့်၍မရကြောင်းကိုယ်တိုင်ငွေစာရင်းသွားရောက်ဖွင့်လှစ် ပြီး မရ၍ပြန်လာရသူများကပြောသည်။ "အိတ်စပို့၊အင်ပို့သမားတွေကိုဘဲဖွင့်ပေးတယ်ကျန်တဲ့သူတွေကိုဖွင့်မပေး ဘူး" ဟုယနေ့ငွေစာရင်းသွားဖွင့်လှစ်ခဲ့သူတစ်ဦးကပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးကို မေးမြန်းရာထိုကိစ္စအတွက်ဌာနပေါင်းစုံမှတာဝန်ရှိသူ များ ယနေ့ညနေတွင် ညှိနှိုင်းအစည်းအဝေးပြုလုပ်နေကြပြီဖြစ်ပြီး မကြာခင်လုပ်ငန်းစဉ်များလွယ်ကူရန်ထုတ်ပြန်ပေးသွားမည်ဟု ပြောကြား သည်။  ပည်ပတွင်အလုပ်လုပ်ကိုင်သူများ မော်တော်ယာဉ် တင်သွင်းခွင့် ထပ်မံလျှောက်ထားနိုင်ပြီ
11/May/2012
| | | | ယာယီရပ်ဆိုင်းထားခဲ့သည့် ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်သူများ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်လွှာများကို မေ ၃ ရက်မှစ၍ ထပ်မံလျှောက်ထားနိုင်ပြီဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနမှ သတင်းရရှိသည်။ ပြည်ပတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများအား ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း (၄၃)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန သင်တန်းကျောင်း ပင်လုံခန်းမ၌ ဆက်လက်၍ အရေအတွက် သတ်မှတ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။
| | | | |
မော်တော်ယာဉ်များကို တင်သွင်းခွင့်ပြုမည့်အစီအစဉ် ထုတ်ပြန်ကြေညာ
12/May/2012
| | | | ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၁၂) ၏ ဆုံးဖြတ်ချက်အရ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများအား ၂၀၀၇ ခုနှစ်နှင့်အထက် (ခရီးသည်တင်ဘတ်စ်မှအပ) ဘယ်မောင်းညာမောင်း မခွဲခြားဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သတင်းကို ရုပ်မြင်သံကြား၊ သတင်းစာနှင့် ဂျာနယ်များတွင် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန်အသိပေး ကြေညာခဲ့ပြီးဖြစ်သည်။ မော်တော်ယာဉ်တင်သွင်းခွင့် လျှောက်ထားလိုသူများအနေဖြင့် (၁) မော်တော်ယာဉ် တင်သွင်းခွင့်လျှောက်လွှာ၊ (၂) မှတ်ပုံတင်/ နိုင်ငံသားစိစစ်ရေးကတ် မူရင်းနှင့် မိတ္တူ၊ (၃) ဘဏ်စာအုပ်မူရင်းနှင့် မိတ္တူ၊ (၄) အိမ်ထောင်စုစာရင်းမူရင်းနှင့် မိတ္တူ၊ (၅) တင်သွင်းမည့် မော်တော်ယာဉ်အတွက် Invoice မူရင်း၊ (၆) မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ စိစစ်ခွင့်ပြုခဲ့သည့် လူပုဂ္ဂိုလ်တစ်ဦးချင်းအား ခွင့်ပြုပါမစ် ထုတ်ပေးခဲ့သည့် စာရင်းတွင် မပါဝင်ကြောင်း ခံဝန်ကတိပြုချက် စသည့် စာရွက်စာတမ်းများနှင့်အတူ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီသို့ လာရောက်လျှောက်ထားနိုင်သည်။ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် မော်တော်ယာဉ် တင်သွင်းခွင့် လာရောက်လျှောက်ထားသူများ အဆင်ပြေချောမွေ့စေရေးနှင့် စိတ်ချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးအမှတ် (၃) တွင် ဝန်ထမ်းများ အဆင်သင့်စုဖွဲ့ စီစဉ်ထားရှိပြီး ၂၀၁၂ ခြုနှစ် မေလ ၁၁ ရက်(သောကြာနေ့) မှစတင်၍ မော်တော်ယာဉ် တင်သွင်းခွင့်ပါမစ်များ ထုတ်ပေးနေပြီဖြစ်ပါကြောင်းနှင့် အဆိုပါ နိုင်ငံခြားငွေစာရင်းရှိသူ နိုင်ငံသားများအား မော်တော်ယာဉ် တင်သွင်းခွင့်ပြုမည့် အစီအစဉ် ဆိုင်းငံ့ထားသည်ဟု ဖြစ်ပေါ်နေသည့် ကောလာဟလ သတင်းများ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဟု ၂၀၁၂ ခုနှစ် မေလ ၁၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။ | | Friday, 11 May 2012 10:07 | var addthis_product = 'jlp-1.2'; var addthis_config = {username : 'elevenmeida', ui_language : 'en', ui_hide_embed : false, data_track_clickback : true} ကားတင်သွင်းခွင့်ရရှိနိုင်ရန် လိုအပ်သည့် နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်ခြင်းအစီအစဉ် ကို ဆောင်ရွက်ပေးနိုင်ရန် ဘဏ္ဍာ ရေးနှင့်အခွန်ဝန်ကြီးဌာနသို့ တင်ပြ ထားဆဲဖြစ်၍ စတင်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက''အခု ပြောင်းလဲထားတဲ့ မူဝါဒနဲ့အညီ နိုင်ငံခြားကနေ ကားတင်သွင်းနိုင်ဖို့ နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်လှစ်ပေးမယ့် အစီအစဉ်ကို အစိုးရဘဏ် (၂) ခုဖြစ်တဲ့ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာနိုင်ငံ ရင်း နှီးမြှပ်နှံမှုဘဏ်မှာ စတင်လက်ခံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံခြားဝင်ငွေရှိတဲ့သူတွေကို ဆောင်ရွက်ပေးတဲ့ Bank Account တွေကိုတော့ ဆောင်ရွက်ပေးနေပါတယ်။ မူဝါဒသစ်ဖြစ်တဲ့ Money Exchange Centre တွေကနေ ဒေါ်လာဝယ်ပြီး (Bank Account) ဖွင့်တဲ့ စနစ်ကိုတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသို့ တင်ပြထားဆဲဖြစ်ပါတယ်''ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မေလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ မော်တော်ယာဉ်တင်သွင်းခွင့် ရ ရှိစေရန် ဖွင့်လှစ်သည့် နိုင်ငံခြားငွေ စာရင်း (Bank Account) သို့ နိုင်ငံခြားမှ တင်သွင်းမည့် ကားတန်ဖိုး ပမာဏကိုသာ ဒေါ်လာထည့်သွင်းရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က မေလ၇ရက်နေ့က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပသည့် မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မီဒီယာ တွေ့ဆုံရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က'' Bank Account ဖွင့်တာနဲ့ ပါတ်သက်လို့ မိမိတင်သွင်းခြင်တဲ့ ကားကို ပေးချေရမယ့် ပမာဏပဲ Bank Account ထဲကို ထည့်ရ မှာဖြစ်ပါတယ်။ ဥပမာ- မိမိက ၁သောင်းတန်သွင်းမယ်ဆို ၁သောင်းပဲ Bank Account ထဲမှာ ဖြည့်လို့ရပါတယ်။ အစိုးရဘဏ်တင် မဟုတ်ပါဘူး။ နိုင်ငံခြားငွေ ဖော်ဆောင်တဲ့ဘက်တွေမှာလည်း Bank Account ဖွင့်လို့ ရပါတယ်။ အဲဒီလို Bank Account ဖွင့်ပြီးမှသာ သူ့နာမည်နဲ့ စီးပွားကူးသန်းက တင်သွင်းခွင့်လိုင်စင် ထုတ်ပေးမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
မော်တော်ယာဉ် တင်သွင်းခွင့် ရရှိစေရန် ဖွင့်လှစ်သည့် နိုင်ငံခြားငွေစာရင်း (Bank Account) ဖွင့်လှစ်ခြင်းကို မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုဘဏ်များတွင် မြန်မာနိုင်ငံသားဖြစ်ပါက ဖွင့်လှစ်နိုင်ပြီး(Bank Account) သို့ ထည့်သွင်းရမည် ဒေါ်လာကို တရားဝင်ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့တွင်းရှိ Money Exchange Centre များမှ ၀ယ်ယူထည့်သွင်းရမည်ဖြစ်ကြောင်း သိရှိရသည်။ |
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန ၀န်ကြီးနှင့် မီဒီယာများ တွေ့ဆုံပွဲကို ၂၀၁၂ ခုနှစ် မေလ ၇ ရက်နေ့လည် ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန အစည်းအဝေးခမ်းမတွင် ကျင်းပ ခဲ့သည်။ ထိုတွေ့ဆုံပွဲတွင် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီးက စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန အနေဖြင့် ပြီးခဲ့သည့် (၁)နှစ် တာကာလအတွင်း ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈.၁၅ ဘီလီယံ ဆောင်ရွက်နိုင် ခဲ့ပြီး ယခင်နှစ်ကထက် အမေရိ ကန်ဒေါ်လာ (၃)ဘီလီယံ ပိုမို ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပို့ကုန် ရော သွင်းကုန်ပါ တိုးတက်ခဲ့ပါ တယ်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုကြီးကြပ်ရေးကော်မတီ (TISC) ကို ၂၀၁၁ ခုနှစ်၊ ဧပြီလ ၂၀ နေ့ တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖျက်သိမ်း ခဲ့ပြီး၊ ပို့ကုန်၊ သွင်းကုန်လုပ်ငန်း များ ညှိနှိုင်းမှုကော်မတီ (EICC) အစည်းအဝေးဖြင့် နေ့စဉ်ပြုလုပ် စိစစ်ခွင့် ပြုပေးလျှက်ရှိပါတယ်၊ စားအုန်းဆီတင်သွင်းမှုကို ဈေးကွက် လိုအပ်ချက်အရ လွတ်လပ်စွာ တင်သွင်းခွင့်ပြုပြီး စားသုံးသူများ အတွက် အရည်အသွေးမြင့် စား သုံးဆီများ စားသုံးနိုင်ရေးအတွက် CP 10 မှ CP 8 သို့ပြောင်းလဲတင် သွင်းစေပြီး၊ ပင်လယ်ရေကြောင်း အပြင် နယ်စပ်ဒေသများမှလည်း တင်သွင်းခွင့်ပြုပေးလျှက်ရှိပါ တယ်၊ စက်သုံးဆီတင်သွင်းမှုကို နိုင်ငံခြားငွေရှိသည့် ပုဂ္ဂလိကလုပ် ငန်းရှင်များအား တင်သွင်းခွင့်ပြု ပေးခဲ့ပါတယ်၊ ယာဉ်အန္တရာယ် များကို လိုသလောက် တင်သွင်း ခွင့်ပြုပေးလျှက်ရှိပါတယ်၊ ယခင် က ပိတ်ပင်ထားတဲ့ လူသုံးကုန် ပစ္စည်း(၅)မျိုးအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့မှစ၍ အကန့်အသတ်ဖြင့် တင်သွင်းခွင့် ပြုပေးလျက်ရှိပါတယ်၊ ပို့ကုန်တိုး မြှင့်ရေးအတွက် ကုန်သွယ်လုပ် ငန်းခွန် (၈ရာခိုင်နှုန်း) ကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ အထိ (၆)လ ထပ်မံကင်းလွတ်ခွင့် ပြုပေးလျက်ရှိပါတယ်၊ ပို့ကုန်အ မယ်အသစ်များကိုလည်း တင်ပို့ ခွင့်ပြုထားပါတယ်၊ ပြည်တွင်း ဆန်စီးဆင်းမှုကို လွတ်လပ်စွာ စီး ဆင်းခွင့်ပြုထားပြီး၊ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးနှင့်အညီလုပ် ငန်းရှင်တိုင်းကို တင်ပို့ခွင့်ပြုပေး လျက်ရှိပါတယ်၊ ကုန်သွယ်မှုလျှင် မြန်ချောမွေ့စေရေးအတွက် လိုင် စင်အများစုကို နေပြည်တော်သို့ လာရောက်ပြုလုပ်ရန် မလိုဘဲ ရန်ကုန်မှ Online စနစ်ဖြင့်ဆောင် ရွက်ပေးလျက်ရှိပါတယ်၊ကုန်သွယ် မှုဆိုင်သော ဖြေလျော့မှုများ (Trade Liberalization) ကိုလည်း ပြုလုပ်ပေးလျက်ရှိပါတယ်။(ဥပ မာ-ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုတွင် အရေးပါသည့်ရင်းနှီး ကုန်စည်များနှင့် လုပ်ငန်းသုံးကုန် ကြမ်းများကို ကန့်သတ်မထားဘဲ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကုန်စည် စီးဆင်းမှုလျှင်မြန်ချောမွေ့စေရေး အတွက် မြ၀တီနယ်စပ်ကုန်သွယ် ရေးစခန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကုန်ပစ္စည်းစစ်ဆေးရေးစခန်းမရမ်း ချောင်းနှင့် ရေပူစခန်းတို့အား ရုပ်သိမ်းခဲ့ပါတယ်။ နယ်စပ်ကုန် သွယ်ရေး စခန်းသစ်များကိုလည်း တိုးချဲ့ဖွင့်လှစ်ရန် ဆောင်ရွက် လျက်ရှိပါတယ်၊ ပြည်တွင်း ကုန် စည်ထုတ်လုပ်မှုနှင့် ကုန်သွယ်မှု တိုးတက်ရေး၊ သယ်ယူပို့ဆောင် စရိတ်များ လျှော့ချရေးနှင့် မလို အပ်သော အပိုကုန်စရိတ်များ လျှော့ချရေးတို့အတွက်ပြည်ထောင် စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော် မတီအစည်းအဝေးများကို ကျင်း ပပြုလုပ်ခဲ့ပါတယ်၊ သက်တမ်း လွန်ယာဉ်များ အစားထိုးလဲလှယ် ခြင်း၊ မော်တော်ကားသစ်များ တင်သွင်းခွင့်ပြုခြင်းနှင့် မော်တော် ယာဉ်များလွယ်လွယ်ကူကူဈေးနှုန်း မှန်မှန်ကန်ကန်ဖြင့် ၀ယ်ယူနိုင်ရေး အတွက် ကားအရောင်းစင်တာ များဖွင့်လှစ်ခွင့်ပေးခဲ့ပါတယ်၊ မော် တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင်(၁၁)ဦးပါဝင် သောအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ပို့ကုန် သွင်းကုန်လုပ်ငန်းဆောင်ရွက်နေ သော ကုမ္ပဏီများ၊ နိုင်ငံခြား ပညာသင်များ၊ နိုင်ငံခြားတွင် အ လုပ်လုပ်ကိုင်နေသော အလုပ်သ မားများ၊ သင်္ဘောသားများ၊ ဟို တယ်နှင့် ခရီးသွားလာရေးလုပ် ကိုင်နေသော လုပ်ငန်းရှင်များ၊ နိုင်ငံခြားတွင်တာဝန်ထမ်းဆောင် နေသော ၀န်ထမ်းများအတွက် လူစီးမော်တော်ယာဉ်များ စိစစ် ခွင့်ပြုလျက်ရှိပါတယ်။ စိုက်ပျိုး ထုတ်လုပ်သူလယ်သမားများနှင့် ပြည်ပတင်ပို့မှုတို့အား ထိခိုက်မှု မရှိစေရေးတို့အတွက် နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းဆောင်ရွက် ပေးပြီး တောင်သူလယ်သမားများ ထံမှ စပါးကိုသင့်တင့်သော ဈေး နှုန်းဖြင့် ၀ယ်ယူလျက်ရှိရာ စုစု ပေါင်း စပါးတင်း(၁၆.၄၁၆)သိန်း ၀ယ်ယူပြီး ပေးခဲ့ပြီး ဆက်လက် ၀ယ်ယူရန် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။ ပုဂ္ဂလိက ဖွံ့ဖြိုးတိုး တက်ရေးအတွက် တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် သင်တန်း များပို့ချခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ များ ပြုလုပ်ခြင်းတို့ကို ဆောင် ရွက်လျက်ရှိပါတယ်။ လက်ကား ကုန်စည်ဒိုင်များ ဖွံ့ဖြိုးတိုးတက် ဖြစ်ပေါ်စေရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပပြုလုပ် ပေးခဲ့ပါတယ်၊ ဆန်စပါးအထူးပြု ကုမ္ပဏီ (၅၇)ခု၊ ပဲမျိုးစုံအထူးပြု ကုမ္ပဏီ(၂၂)ခုနှင့် စိုက်ပျိုးရေး အထူးပြုကုမ္ပဏီ(၁)ခု ဖွဲ့စည်းပြီး တောင်သူများသို့ မျိုး၊ သွင်းအား စုနှင့် စိုက်ပျိုးစရိတ်ချေးငွေ (၃၆. ၂၅၉)ဘီလီယံ တိုးတက်ပံ့ပိုး ဆောင်ရွက်ပေးခဲ့ပါတယ်။ ကျေး လက်ဒေသဖွံ့ဖြိုးရေးနှင့် အသေး စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးရွာ တစ်ရွာ ထုတ်ကုန်တစ်ခု (One Village One Product) အစီအစဉ် ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် လုပ်ငန်းများ ကွင်းဆင်းကောက်ယူခြင်း၊ အစု အဖွဲ့များဖွဲ့စည်းပေးခြင်းနှင့် ချေး ငွေပံ့ပိုးခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပြီး စုစုပေါင်း ကျပ်သန်း (၉၉၀) ခန့် ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ Automatic Licencing system နှင့် Non- Licencing system ပြောင်း လဲဆောင်ရွက်နိုင်ရန်အတွက်သက် ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်း အဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင် များနှင့် ဆွေးနွေးဆောင်ရွက်နေ ပါတယ်။ကုန်သွယ်မှုနှင့်ဆိုင်သော လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး အတွက် ကုန်သွယ်ရေးလုပ်ထုံး လုပ်နည်းသင်တန်းများနှင့်အပြည် ပြည်ဆိုင်ရာ ကုန်သွယ်ရေး သင် တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ် နိုင်ရန် ဆောင်ရွက်နေပါတယ်။ ထို့နောက် Hot News သတင်းဂျာနယ်မှ သတင်းအယ်ဒီ တာ စွန်ရဲနက်(ရွှေမှော်ဝန်း)မှ သိရှိလိုသည်များကို အောက်ပါ အတိုင်းမေးမြန်းခဲ့သည်။ မေး- ၀န်ကြီးအနေနဲ့ ကားပါမစ် တွေကို ပိုက်ဆံရှိသူတိုင်း စီးနိုင် အောင် တစ်ခါတည်း ပါမစ်ထုတ် ပေးခြင်းမပြုဘဲ နိုင်ငံခြားငွေပိုင် ဆိုင်မှုရှိသူကိုသာ ပါမစ်ထုတ်ပေး ခြင်းဟာ နိုင်ငံခြားငွေလဲ လှယ် မှုဈေးနှုန်း မြင့်တက်သွားနိုင်တယ် ဆိုတာ သတိထားမိပါသလား ခင်ဗျား။ ဖြေ- အဓိကကတော့ ပြည်သူ တွေ ကားစီးစေချင်တဲ့ စေတနာ ကို အဓိကထားပါတယ်။ နိုင်ငံ ခြားငွေလဲလှယ်မှုဈေးနှုန်း မြင့် တက်သွားစေချင်လို့လည်းပါပါ တယ်။ ပြည်သူတိုင်း ကားစီးနိုင်ဖို့ အတွက်တော့အဆင့်ဆင့်ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ မေး- ၀န်ကြီးအနေနဲ့ ၀န်ကြီးတွေ ပြုတ်မဲ့စာရင်းထဲမှာ ပါနေတယ်လို့ ပြောနေကြတဲ့အပေါ် ရှင်းရှင်းလင်း လင်းသိရအောင် ရှင်းပြပေးပါ။ ဖြေ- ဒီကိစ္စက ဖြေရမှာနည်း နည်းခက်တယ်ဗျ။ ခင်ဗျားတို့နဲ့ ပြည်သူတွေကကျွန်တော်စေတနာ ထားပြီးလုပ်နေတဲ့အပေါ် ကျေ နပ်မှုမရှိဘူးလို့ ဆိုရင်လည်း ခင် ဗျားတို့ သဘောအတိုင်းပေါ့ဗျာ။ ခင်ဗျားတို့က ကျွန်တော့်အပေါ် ကျေနပ်မှုရှိတယ် ဆိုရင်လည်း ကျွန်တော်လည်း ကျေနပ်တာ ပေါ့ဗျာ။ ထို့နောက် ဆန်စပါးလုပ် ငန်းအသင်း ဥက္ကဋ္ဌအား သတင်း အယ်ဒီတာစွန်ရဲနက်(ရွှေမှော်ဝန်း) မှ အောက်ပါအတိုင်း ဆက်လက် မေးမြန်းခဲ့သည်။ မေး- ဥက္ကဋ္ဌကို တစ်ခုမေးခြင်ပါ တယ်။ နိုင်ငံတော်က ပေါင် ၅၀ ကိုက်ကိုငွေကျပ်နှစ်သိန်းခုနှစ်သောင်း ဈေးပေါက်နေတဲ့အချိန်မှာ ပေါင် ၄၆ပေါင်ကိုက်ကို သုံးသိန်းဈေးနဲ့ အနစ်နာခံပြီး နိုင်ငံတော်အရံဆန် အဖြစ် ၀ယ်ယူပေးနေတဲ့ အချိန်မှာ ပဲခူးတိုင်းဒေသကြီး နတ္တလင်းမြို့ နယ်မှာ ဥက္ကဋ္ဌနှင့်အဖွဲ့ကငွေကျပ် သိန်းပေါင်း တစ်ထောင့်ငါးရာဘိုး ကို ကိုယ်ကျိုးရှာ အသုံးချသွားတဲ့ အပေါ်မှာ တိုင်ကြားထားတဲ့အပေါ် ဘယ်လိုအရေးယူဆောင်ရွက် ထားတယ်ဆိုတာ သိချင်ပါတယ်။ ဖြေ- ကျွန်တော်တို့အနေနဲ့ တောင်သူတွေဆီက အရံဆန် ၀ယ်ယူတဲ့အပေါ်မှာ တိုက်ရိုက် ၀ယ်ယူတဲ့စနစ်ကို ကျင့်သုံးပြီး အရံဆန်ဝယ်ယူရေး အဖွဲ့ငယ် တွေ ဖွဲ့ပြီး ၀ယ်ယူခဲ့ပါတယ်။ ဒါ ပေမယ့် ဧရာဝတီတိုင်းဘက်မှာ လည်း သတ်မှတ်ဈေးနှုန်း မရဘူး ဆိုပြီး တိုင်ကြားမှုတွေ ရှိပါတယ်။ ကျွန်တော်တို့ အဲဒါတွေကိုအရင် ကွင်းဆင်းစစ်ဆေး ဆောင်ရွက် နေပါတယ်။ နတ္တလင်းကိစ္စက တိုင်ကြားထားတာ ရှိပါတယ်။ ကျွန်တော်တို့ အနေနဲ့ အသေး စိတ်စုံစမ်း စစ်ဆေးပြီး အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ၀န်ကြီး ကိုလည်း တင်ပြသွားမှာဖြစ်ပါ တယ်။ ၎င်းစီးပွား/ကူးသန်းဝန်ကြီး နှင့် မီဒီယာတွေ့ဆုံပွဲသို့ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ၀န် ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက် တာပွင့်စမ်း၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်း၊ ကုန်လမ်းပို့ဆောင် ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးထွန်းအောင် ကျော်၊ အင်ဂျင်နီယာချုပ် ဦးခင် မောင်လင်း၊ အကောက်ခွန်ဦးစီး ဌာန ညွှန်ကြားရေးမှူး ဦးသိန်း ဆွေ၊ မြန်မာ့နိုင်ငံခြား ကုန်သွယ် မှုဘဏ် MFTB ဒုတိယအထွေ ထွေမန်နေဂျာ ဒေါ်ခင်ဥမ္မာအေး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်း ရောင်းဝယ်ရေးရေးဘဏ် MICB မန်နေဂျာ ဒေါ်အေးအေးမြင့်နှင့် စီးပွားရေး နှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ အရာထမ်းများ တက်ရောက်ခဲ့ကြ ကြောင်း တွေ့ရှိခဲ့ရသည်။
စွန်ရဲနက် (ရွှေမှော်ဝန်း) Tags: စွန်ရဲနက်(ရွှေမှော်ဝန်း), သတင်း ကားတင်သွင်းလိုသူများ အတွက် ငွေစာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားထားခြင်း မရှိဟုဆို ရန်ကုန်၊ မေ ၁၀ ကားတင်သွင်းလိုသော မြန်မာနိုင်ငံသားတိုင်းကို နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်၍ ၂၀၀၇ မော်ဒယ်နှင့် အထက် ကားများ တင်သွင်းခွင့် ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦးက မေ ၇ ရက်နေ့က ပြောကြားခဲ့သော်လည်း မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ် မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များတွင် နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ပေးရန် ညွှန်ကြားချက် မရောက်ရှိသေးကြောင်း အဆိုပါ ဘဏ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။ ကားတင်သွင်းခွင့် မူဝါသစ်ထွက်ပေါ်လာပြီးနောက် ကားဝယ်ယူ တင်သွင်းလိုသူများမှာ အဆိုပါဘဏ်များနှင့် မြန်မာ့စီးပွားရေး ဘဏ်တွင် နိုင်ငံခြားငွေ စာရင်း သွားရောက် ဖွင့်လှစ်ကြသော်လည်း ဖွင့်လှစ်ခွင့် မရရှိဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊ သင်္ဘောသားများနှင့် Shore Job များကိုသာ ဖွင့်လှစ်ခွင့်ပေးခဲ့သည်ကို တွေ့ရှိရသည်။ နိုင်ငံခြားငွေ လုပ်ပိုင်ခွင့်ရှိသော ပုဂ္ဂလိကဘဏ်များ၌ပါ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ခွင့် ပြုမည်ဟု ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သော်လည်း အဆိုပါ ပုဂ္ဂလိက ဘဏ်များတွင် Swift စနစ် တပ်ဆင်ရခြင်း မရှိသေးသဖြင့် လုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း ပုဂ္ဂလိကဘဏ်များထံ ဆက်သွယ် မေးမြန်းချက်များအရ သိရှိရသည်။  "ကားပါမစ်ဝယ်ထားသူများ ကျပ်သိန်း ၇ဝ ကျော် အရှုံးပေါ်" ၂ဝဝ၇ ခုနှစ်အထက် မော်တော်ယာဉ်များကို လွတ်လပ်စွာ တင်သွင်း ခွင့်ပြုလိုက်၍ ယခင် မော်ဒယ်မြင့်ကား တင်သွင်းခွင့်ပါမစ် တစ်စောင်လျှင် ကျပ်သိန်း ၇ဝ ကျော်ခန့် အရှုံးပေါ်နေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။ ၂ဝဝ၇ ခုနှစ်အထက် မော်ဒယ်မြင့် ကားပါမစ်များကို ယခင် သင်္ဘောသား များနှင့် နိုင်ငံခြား၌ အလုပ်သွားရောက် လုပ်ကိုင်နေသူများသာ တင်သွင်းခွင့် ရသည့် အနေအထား မှ ယခုအခါ မြန်မာ့နိုင်ငံခြားကုန် သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၌ နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားသူတိုင်း လွတ်လပ် စွာ တင်သွင်းခွင့် ပြုလိုက်သည်။ ''ဒီလိုမျိုး ခွင့်ပြုလိုက်တဲ့ဟာက မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကျတော့ ကောင်းတဲ့ဟာပဲ။ ဒီအစီအစဉ်ကို ကြိုဆိုတယ်။ ဒါပေမဲ့ အစိုးရအနေနဲ့ အစီအစဉ်တစ်ခု လုပ်မယ်ဆိုရင် စီမံကိန်းတော့ ရှိသင့်သလို ကြိုတင်ပြီး အချိန်ပေး ကြေညာခဲ့ရင် ဒီထက်ပိုကောင်းမယ်။ အခုဟာက သင်္ဘောသား တွေ နဲ့ နိုင်ငံခြားမှာ အလုပ်လုပ်တဲ့သူတွေ က ပါမစ်တစ်စောင်က အမြတ် လေး နည်း နည်းလောက်ရဖို့အတွက် နိုင်ငံခြားမှာ အလုပ်ကနေခွင့်ယူ၊ ဒီမှာ လေယာဉ်လက်မှတ်ခ အကုန်ခံပြီး အကောင့်လာဖွင့်၊ ပြီးတော့ ရုံးမှာ မနက် အစောကြီး ၅ နာရီလောက်ကတည်းက တန်းစီပြီးစောင့်၊ ပြီးရင် ပါမစ်ကျ ဖို့အတွက် တစ်လလောက်ထိုင်စောင့် အဲလိုတွေ လုပ်ခဲ့ရတာကနေ အခု ကျတော့ အားလုံးကို လွတ်လပ်စွာ တင်သွင်းခွင့်ပြုလိုက်တဲ့ အခါကျတော့ သူတို့တွေအတွက် ထိခိုက်မှုတွေ ရှိလာတယ်။ ဘယ်လိုပဲပြောပြော သူတို့ တွေက လူနည်းစုတွေ ဆိုသော်ငြားလည်း ဟိုဘက်နဲ့ ဒီဘက်ပေါင်းလိုက်ရင် လူအတော်များများ အရှုံးပေါ်သွားတယ်။ အဲဒီလူတွေအတွက် အစိုးရအနေနဲ့ အခုလိုလုပ်မယ်ဆိုရင် ကြိုပြီး အသိပေး ကြေညာသင့်ပါတယ်'' ဟု ကားတင် သွင်း ရောင်းဝယ်နေသူတစ်ဦးက ပြောသည်။ ထိုသို့ မော်ဒယ်မြင့်ကား တင်သွင်းခွင့်ပါမစ်ရထားသည့် သင်္ဘောသားများနှင့် နိုင်ငံခြား၌ အလုပ်လုပ်နေသူများ ပါမစ်ကြေး အရှုံးပေါ်နေသလို ကားဈေး ကွက်တွင်း၌ အမြင့် ကား လက်ဝယ်ကိုင်ဆောင် ထားသူများလည်း အရှုံး ပေါ်နေကြောင်း၊ အမြင့်ကားဈေးကွက်မှာလည်း လတ်တလောအခြေအနေ၌ ဈေးကွက်ပျောက်ဆုံးသွားကြောင်း ဟံသာဝတီ ကားဈေးကွက်တွင်းမှ အမြင့် ကားဝယ်ရောင်းတစ်ဦးက ပြောသည်။ ၄င်းက လက်ရှိဝယ်ရောင်း ကားဈေးကွက်တွင် အနိမ့်ကားမှာ ပုံမှန်အရောင်း အဝယ်ဖြစ်နေပြီး ယခင်လူကြိုက်များခဲ့သည့် မော်ဒယ်မြင့်ကားများမှာ ပေါက်ဈေး ခေါ်ဈေး မရှိတော့ကြောင်း၊ လက်ထဲတွင် ကိုင်ထားရမည့်အနေ အထား ရောက်နေကြောင်း ပြည်တွင်းကားဈေး ကွက်အခြေအနေအား ရှင်းပြသည်။ ''ကြိုတင်အသိပေး ကြေညာမှုတွေ မလုပ်တဲ့အတွက် ထိခိုက်နစ်နာ သွားမယ့် သူတွေ ရှိသွားနိုင်တယ်။ ဒါကြောင့် အရာရာတိုင်းမှာ အကျိုးသက်ရောက်မှုကို ထည့်စဉ်းစားရ မယ်။ အဲလိုမှ မဟုတ်ဘူးဆိုရင် အခုလုပ်နေတဲ့ပုံက အရင် တုန်းက အစိုးရလုပ်ခဲ့တဲ့ အတိုင်းဖြစ်နေမယ်''ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ပြောသည်။ ယခုလို အခြေအနေမျိုးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်လျှင် နိုင်ငံခြားသားများက စဉ်းစားနိုင်ကြောင်း ၄င်းက ပြော သည်။ ''ကျွန်တော်တို့ဆီက ပေါ်လစီက အခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်နေတယ်။ ဒါတွေကြောင့် ဘယ်သူမှလာပြီး ဒီမှာရင်းနှီးမြှုပ်နှံမှု လုပ်ကြမှာမဟုတ်ဘူး။ ပြည်တွင်းမှာ ရှိတဲ့သူတွေတောင် စိတ်ညစ်နေတယ်။ ဒီအခြေအနေမှာ ဒါကကောင်းတဲ့ လက္ခဏာမဟုတ်တော့ဘူး။ အခု လုပ်တဲ့ဟာကလည်း မကောင်းတဲ့ဟာ မဟုတ်ဘူး။ ဒါပေမဲ့ ပြည်သူတွေကို ကြိုတင်ကြေညာ သင့်တယ်။ အဲဒါမှ ပြည်သူတွေက ကြိုတင်ပြင်ဆင်သင့်တာကို ပြင်ဆင်လို့ရမှာ ဖြစ်ပါတယ်'' ဟု ဒေါက်တာစိုးထွန်း က ထောက်ပြပြောသည်။ LikeUnlike · · Share · Wednesday
ပုဂ္ဂလိကဘဏ်များ ဒေါ်လာကို သတ်မှတ်ငွေလဲနှုန်းထက် ပို၍ရောင်းချပါက တိုင်ကြားနိုင်
9/May/2012
| | | | နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ခွင့် လိုင်စင်ရထားသော (AD-Authorized Dealer) ပုဂ္ဂလိက ဘဏ်များသည် ဒေါ်လာကိုကုမ္ပဏီများသို့ ဘဏ်အချင်းချင်း ရောင်းဝယ်သောအခါ ဗဟိုဘဏ်က သတ်မှတ်သောနှုန်းထက် ပိုမိုရောင်းချပါက တိုင်ကြားနိုင်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “နိုင်ငံခြားငွေဝယ်လိုသော ကုမ္ပဏီများက ပုဂ္ဂလိကဘဏ်ကို သွားဝယ်မယ်ဆိုရင် ဗဟိုဘဏ်က နေ့စဉ်ထုတ်ပြန်တဲ့ Exchange Rate ထက် +(or) – 0.3% ထက်ကျော်လွန်ပြီး ရောင်းဝယ်နေတာကို တွေ့လို့ရှိရင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို တိုင်ကြားနိုင်တယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်ကုမ္ပဏီက သွားပြီးဝယ်တဲ့အခါ ဘယ်ဈေးနဲ့ ရောင်းပါတယ်ဆိုတာ မှတ်ပြီး တိုင်လို့ရတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ AD လိုင်စင်ကို ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်ရရှိထားပြီး၊ အစိုးရက အကောင်အထည်ဖော်နေသော နိုင်ငံခြားငွေဈေးနှုန်း တည်ငြိမ်နေရေးနှင့် နိုင်ငံခြားငွေ ပေါင်းစည်းရေးလုပ်ငန်းများ အောင်မြင်ရန် ပုဂ္ဂလိကဘဏ်များ၏ ပူးပေါင်းဆောင်ရွက်မှုမှာ အရေးကြီးသည်။ အထက်ပါ သတ်မှတ်ချက်အတိုင်းဘဏ်များက ရောင်းချပေးလျှင် ပို့ကုန်ရငွေကို ပြင်ပတွင် ဈေးကစားရောင်းဝယ်မှုများ လျော့နည်းသွားနိုင်ပြီး၊ ငွေလဲနှုန်းပေါင်းစည်းရေးဆောင်ရွက်မှု ပိုမိုအောင်မြင်လာနိုင်ကြောင်း ၂၀၁၂ ခုနှစ် မေလ ၁၀ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည် |
တနင်္လာ, 07 မေ 2012 ကားတင်သွင်းခွင့် ကန့်သတ်ချက် လျှော့ပေးမည် ဓာတ်ပုံ ASSOCIATED PRESS မြန်မာ ကွန်ဗင်းရှင်း စင်တာ (MCC) ၌ ကျင်းပခဲ့တဲ့ ၂၀၁၂ ကားပြပွဲ တွင် တွေ့ရသော မစ်ဆူဘီရှိ ကား နှင့် လာရောက်ကြည့်ရှုသူ တစ်ဦး။ ဇန်နဝါရီလ ၂၀၊ ၂၀၁၂။ မြန်မာနိုင်ငံမှာ ကားအရေအတွက် တိုးများလာရေး ရည်ရွယ်ချက်နဲ့ နိုင်ငံခြားငွေစာရင်း ရှိသူတွေ ကို ၂၀၀၇ မော်ဒယ်လ် အထက် ကားတွေကို အစိုးရက သွင်းခွင့်ပြုလိုက်ကြောင်း နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း တရားဝင် ကြေညာခဲ့ပါတယ်။ ဒီ ကြေညာချက်ကြောင့် ကား ဈေးကွက် တော်တော်များများမှာ လှုပ်လှုပ် ရှားရှားဖြစ်ခဲ့ပြီး ကားအရောင်း အ၀ယ်လုပ်သူ အများစုကတော့ ဒီလို လုပ်ဆောင်တာဟာ ကောင်းပေမဲ့ မကြာခဏဆိုသလို ပြောင်းလဲနေတဲ့ ဥပဒေတွေအောက်မှာ လုပ်ကိုင်ရတာ အတော်လေး အဆင်မပြေ ဖြစ်ရတယ်လို့ ဝေဖန်ခဲ့ကြရပါတယ်။
မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် နိုင်ငံရေးရော၊ စီးပွားရေး မှာပါ ပြောင်းလဲမှုတွေ တော်တော်များများ လုပ်ဆောင် နေတာမှာ အခုနောက်ဆုံး ကားသွင်းခွင့် တွေနဲ့ပတ်သက်တဲ့ ဥပဒေတင်းကြပ်မှုတချို့ကို လျှော့ပေးလိုက်တာပါ။ မြန်မာနိုင်ငံမှာ အဆမတန် မြင့်တက်နေတဲ့ ကားတန်ဖိုးကြောင့် ကားစီးသူအရေအတွက် နည်းပါးရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ အစိုးရကနေ ၂၀၀၇ မော်ဒယ်လ်အထက် ကားတွေအားလုံးကို ခွင့်ပြုချက်မလိုဘဲ လူတိုင်းကို သွင်းခွင့်ပြုတော့မှာဖြစ်တဲ့အကြောင်း စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ကနေ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဒီသတင်းစာရှင်းလင်း ပွဲကို တက်ရောက်သတင်းယူခဲ့တဲ့ ပြည်တွင်း သတင်းထောက်တဦးက ဗွီအိုအေကို ပြောပြပါတယ်။
“ဝန်ကြီးပြောတာ သမ္မတကြီး က ကျနော်တို့ အခြား နိုင်ငံတွေ နဲ့ တွက်ကြည့်တဲ့ အခါကျတော့ မြန်မာ နိုင်ငံမှာ ကားစီးနိုင်တဲ့ လူဦးရေ က အရမ်းနည်းတယ် တဲ့။ လူ တစ်ထောင်မှာ ခုနှစ်စီးဘဲ ရှိတယ် ပေါ့နော်။ အဲဒီ အတွက် ကြောင့် ခွင့်ပြုပေးတာလို့ ပြောတယ်ဗျ။ သူက အဲဒါမှာ မြန်မာ နိုင်ငံသား မှတ်ပုံတင် နဲ့ အိမ်ထောင်စု ဇယား ရှိတဲ့ မည်သူမဆို နှစ်ထောင့် အထက် ဘယ်မောင်း ညာမောင်း မခွဲဘူးပေါ့နော်၊ ကားတင်သွင်းခွင့်ပြုမယ် ဆိုပြီးတော့ ပြောသွားတယ်။ ဒီ MFDB ၊ MICB သို့မဟုတ် ပုဂ္ဂလိက ဘဏ်မှာ အကောင့် (account) တစ်ခု ရှိရမယ် ပေါ့။ အကောင့် တစ်ခု ရှိတဲ့လူ အဲဒီ အကောင့် ရှိလို့ရှိရင် အကောင့် က ကားဝယ်မယ့် ငွေ ပမာဏ ပေါ့၊ အဲဒီ ငွေပမာဏ ရှိလိုရင် အဲဒီ အကောင့် နဲ့ သူက စီးပွားကူးသန်းကို လာ၊ စီးပွားကူးသန်းက အထူးပါမစ် ဆိုပြီး ထုတ်ပေးလိုက်မယ်။ အဲမှာ ထုတ်ပေးလိုက်မယ် ဆိုရင် ဝယ်လို့ရပြီ။ ဝယ်လို့ ရပြီး ဆိုတော့ ဘဏ် က လူကြီးတဲ့ လာတဲ့ အခါကျတော့ မေးလိုက်တဲ့ အခါကျတော့ ကိုယ့် မှာ ဒေါ်လာ မရှိတဲ့ အခါကျတော့ ဘယ်လို လုပ်လို့ ရလဲ ဆိုတော့ Exchange ကောင်တာ မှာ သွားဝယ်လိုက်၊ အဲဒီရဲ့ ဝယ်တဲ့ ဘောင်ချာ ယူလာပြီးရင် သူက အကောင့် ဖွင့်ပေးမယ် ပြောတယ်။”
ဒီသတင်းကြောင့် ရန်ကုန် ကားဈေးကွက်မှာ အတော်လေး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့ရတာပါ။ အခု ဖွင့်ပေးလိုက်တဲ့ ဥပဒေသစ်ကြောင့် ကားပွဲစားတွေနဲ့ ကားကုမ္ပဏီတွေအတွက်တော့ အကျိုးရှိနိုင်ပေမဲ့ အရင်က ကားသွင်းခွင့်ရထားသူတွေနဲ့ ကားပိုင်ဆိုင်ထားသူတွေအတွက် ကတော့ ထိခိုက်နစ်နာမှုတွေ ဖြစ်ရတယ်လို့ ရန်ကုန်မှာရှိတဲ့ ကားဝယ်ရောင်း လုပ်ကိုင်သူတဦးက ပြောပါတယ်။
“ကားဈေးကွက် ကတော့ ဒီနေ့မှာတော့ တော်တော်လေး ပြိုသွားတယ်ဗျ။ ပြိုသွားတယ် ဆိုတဲ့ အကြောင်းအရင်းကလည်း ၂၀၀၇ up အထက် ဆိုလို့ရှိရင် ပါမစ် မလိုဘဲနဲ့ ပေါ့နော် သတ်မှတ်တဲ့ အခွန် ဆောင်လို့ ရှိရင် သွင်းလို့ ရပြီ ဆိုပြီးတော့ အဲဒီလို သတင်း ထွက်လာတယ် ခင်ဗျ။ ထွက်လာတော့ ကားဈေးကွက်က တော်တော်လေး ပြိုသွားတာပေါ့နော်။ ဥပမာ ကျနော် ပြောပြမယ်ဗျာ။ သင်္ဘောသား ပါမစ် သူတို့ ဒေါ်လာ ဘယ်လောက်ရှိရင် သဘောင်္သားတွေ ကို သွင်းခွင့်ပေးမယ်။ Shore job ရှိုးဂျော့ သမားတွေကို သွင်းခွင့်ပေးမယ် ဆိုပြီး သူတို့ လုပ်လိုက်တယ်ဗျာ။ လုပ်လိုက်တော့ သဘောင်္သားတွေ အားလုံးက မရှိမဲ့ ရှိမဲ့ ပိုက်ဆံတွေ ဘဏ်ထဲ ထည့်ကြ။ ပါမစ်လေးတွေ ထုတ်ပြီးတော့ သူတို့လည်း သွင်းကြ ရောင်းကြပေါ့။ Shore job ရှိုးဂျော့ သမားတွေ လည်း အဲဒီလို တွေ လုပ်ကြတော့မှ။ အဲဒီလူတွေ ရဲ့ ကားတွေ တောင် ရောက်မလာသေးဘူးဗျာ..အဲဒါတွေ ရိုက်ချိုးလိုက်တော့ အဲဒီလူတွေက အရင်ဆုံး ဒုက္ခရောက်သွားပြီဗျာ။ နံပါတ်တစ်ပေါ့နော်။ နံပါတ်နှစ်။ ဒီဟာတွေ ဒီလို လုပ်ဖို့ ဆိုတာ နဂိုတည်း က လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခု။ မလုပ်ဘဲနဲ့ ကျနော်တို့ ယာဉ်အိုဟောင်းကို ဖျက်တယ်။ ယာဉ်အိုဟောင်းကို အပ်ပြီး ၂၀၀၂ အထိ သွင်းရမယ်။ ပြီးတော့ ၂၀၀၆ အထိ ခွင့်ပြုလိုက်တယ်။ ပြီးတော့ မှ ဒီလိုတွေ လုပ်တဲ့ အခါကျတော့ အကောင်းလုပ်တယ် ဆိုသော်ငြားလည်း ဒုက္ခရောက်တဲ့ လူတွေ တော်တော်များများလည်း ဒုက္ခရောက်ကုန်ကြတာပေါ့။ စီးပွားရေး လုပ်နေကြတဲ့ လူတွေ အကုန် ကမောက်ကမ တွေ ဖြစ်ကုန်ကြတာပေါ့နော်။ အားလုံးက ဘယ်လို ပြောမလဲ ဆိုလို့ရှိရင် အရင်တုန်းက သိန်း ၃၀၀ တန်တဲ့ ကားကို အခု လို ဖွင့်ပေးလိုက်တဲ့ အတွက် နေရင်း ထိုင်ရင်း သိန်း ရှစ်ဆယ် ခုနှစ်ဆယ် ရှုံးမယ်။ လူနည်းစုလား ဆိုတော့ လူနည်းစုလည်း မဟုတ်ဘူး။ အများစု အဲဒီလို ဖြစ်ကုန်ကြတာပေါ့နော်။ အဲဒီလို အကျိုးဆက်လေးတွေတော့ ဖြစ်သွားတာပေါ့ဗျာ။”
ဒါ့အပြင် မြန်မာ အစိုးရရဲ့ မကြာခဏ ပြောင်းလဲလေ့ ရှိတဲ့ ဥပဒေတွေ အပေါ်မှာ ကြည့်ပြီးတော့ အဆင်ပြေသလို စီးပွားရေး လုပ်ကိုင်ရတာ ဖြစ်တဲ့ အတွက်လည်း ထိခိုက်နစ်နာမှု တွေ ဖြစ်ရတယ် လို့ ကားဈေးကွက် အသိုင်းအဝိုင်း က မြင်တဲ့ အကြောင်းလည်း သူက အခုလို ဆက်ပြောပြပါတယ်။
“အများစု ရဲ့ သဘောထားက ဘယ်လို ရှိလဲ ဆိုတော့ ကျနော်တို့တွေက ဘာကို ယုံကြည်ပြီး ဘာကို အလုပ်လုပ်ရမှန်း မသိတဲ့ အနေအထားတွေ ဖြစ်လာပြီပေါ့ဗျာ။ ဥပဒေတွေ က ဒီနေ့ တမျိုး၊ မနက်ဖြန် တမျိုး၊ တဘက်ခါ တမျိုး၊ အဲဒီလိုတွေ အမျိုးအမျိုး၊ အစိုးရကတော့ ပြည်သူတွေ ကောင်းအောင် လို့ ဖြေလျှော့ပေးနေတာပေါ့ဗျာ။ ပြည်သူတွေ အားလုံး ကားစီးနိုင်အောင်၊ ပြည်သူတွေ အားလုံး သက်တောင့်သက်သာ ဝယ်နိုင်အောင်လို့ တော့ လုပ်ပေးနေကြတာပေါ့ဗျာ။ သို့သော်ငြားလည်း သူရဲ့ စေတနာက စေတနာ မှန်ပေမဲ့ စေတနာ က ဝေဒနာ ဖြစ်သွားရတဲ့ အကျိုးတွေလည်း အများကြီးပေါ့ဗျာ။”
ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကတော့ ဒီဥပဒေသစ်ကြောင့် ဖြစ်ပေါ်လာနိုင်မယ့် အခက်အခဲတွေနဲ့ပတ်သက်လို့ လာမယ့် တပတ်ကျရင် ရန်ကုန်မှာ အလုပ်ရုံ ဆွေးနွေးပွဲလုပ်ပြီး ဆွေးနွေးပြောဆိုကြမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီဥပဒေသစ်ကြောင့် ကားဝယ်နိုင်တဲ့ တန်ဖိုးငွေ ဒေါ်လာ တစ်သောင်းအထက် ရှိသူတိုင်း လွယ်လွယ်ကူကူ ကားသွင်းခွင့်၊ စီးခွင့်ရတော့မှာ ဖြစ်ပေမဲ့ လမ်းပိတ်ဆို့မှု မဖြစ်အောင်နဲ့ မြို့လိုအပ်ချက်ကို တွက်ချက်ပြီးတော့ ခွင့်ပြုမယ့် အစီးရေကိုလည်း နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာ သွားမယ် လို့ ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးဝင်းမြင့်က မြန်မာနိုင်ငံတွင် လူဦးရေတစ်ထောင်လျှင် လူ ခုနှစ်ယောက်သာ ကိုယ်ပိုင်ကားစီးနိုင်သေးပြီ အိမ်နီးချင်းထိုင်းနိုင်ငံတွင်တောင် လူတစ်ထောင်လျှင် 270 ခန့်ကားစီးနိုင်သော ကြောင့် မိမိတို့အနေဖြင့် ကားများကို ယခုဈေးထက်ပိုမိုသက်သက်သာသာဝယ်ယူနိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနေပြည်တော်တွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည်။
|
ကောင်းလိုက်တဲ့သတင်းပါလား။ဆက်လုပ်……ဆက်လုပ်။
ကြားရတဲ့သတင်းတွေကတော့တော်တော်ထူးတာပဲ။တစ်ကယ်ဖြစ်ဘို့ပဲ လိုတော့တယ်။
ကြိုက်တယ်ဆိုရင် "LIKE"များများလုပ်ကြ။
ပါမစ်"ဆိုတာဘာလဲ?အဲဒီ စကားလုံးအင်္ဂလိပ်အသုံးအနူံဲးမြန်မာနိုင်ငံပဲတွင်းကျယ်စွာသုံးနေတာ။
Very good!
This new is very good for Myanmar People to reduce transportation cost. Don't think just for the people who live in Yangon and Mandalay. Government must consider for the whole country we need a lot, a lot of cars for development of country. Don't worry for car broker and reseller more car in the country, more people buy & sell therefore the broker can get more job and money.
အ၇မ်းကောင်းပါသည်… အပေါကင်္ပုမှာတော.ကားသစ်တစီးမှမတွေ.ပါလား… ပွဲစားတန်းမှာကြီးဘဲလား….
လူတွေကလဲဗျာလမ်းချဲ.လို.သစ်ပင်ခုတ်တော.လဲခုတ်ပြန်ပြီ… ကားပေးမသွင်းတော.လဲမသွင်း၇လို. ပေးသွင်းတော.လဲ… ကားများလာမှ.စိုးလို…..
လူ.အလိုနတ်မလိုက်နိုင်ဆိုတာတကယ်မှန်ပါလား………:P
မလ ၇ ရက်နေ့တွင် နေပြည်တော် သတင်းစာ၇ှင်းပွဲဘာထူးလဲ.
ကောင်းတယ်အရမ်းကောင်းတယ် ။သူတို.ပြောင်းလဲနေတာနဲ.ကားဈေးတွေတော. မငြိမ်ဖြစ်နေတာ။
If so, why they continues give the permit to seaman and worker until just to day? 500 for seaman and 1500 for worker.according to this news there is no permit is necessary, right? so those permit for what? somebody please explain to me.
You will still require the permit if you wish to import cars that are manufactured before 2007.
Since, above 2007 models tend to be more expensive, after the shock is over, I believe the market will stablize back to more or less the same stage with more or less the same prize.
You will still require the permit if you wish to import cars that are manufactured before 2007.
Since, above 2007 models tend to be more expensive, after the shock is over, I believe the market will stablize back to more or less the same stage with more or less the same prize.
Ko mike han seaman and worker permit are only for above 2007 so what is different.
Oh yeah.. My bad.. Apologies.
သတိ…(၁)ဖုန်း. (၂) ကား.. (၃)မြေ/အိမ် (၄)ရွှေ.
Our country really needs a very good management at this moment. We don’t need “one man show and one man hero.” If only one person such as President Thein Sein cannot run everything. All ministries should really have a very good intelligent and smart person as well as good management. If they don’t know what they are doing and they cannot manage rules and polices, it is not GOOD for PEOPLE. They don’t know which policy is good and bad. That’s why they changed the policy again and again. It is like our country rules and polices coming from “Hooker’s mouth”. They changed the policies for 6 times within a year. I have never heard of it. It really shows their qualities on how they manage people, rules and policies. They do whatever they want. As a result, poorer people will get poorer. These policies are similar to “NAY WIN’s socialist policy” right now. Do you remember they took everything from Rich people’s property as government property? They tried to force Rich people to get poor. It is communist theory. The theory is good, but in reality, it doesn’t work out. Democracy doesn’t work out that way.
Poor people who cannot really buy the car will be happy due to this policy since they are hoping that they can buy the car. This is just a dream. It is like communist’ theory. Everybody should be same standard and there is no class system. In reality, they cannot buy the cars anyway. There is a saying that Life is not fair which is true in the real world.
Because of this policy’s changes (this coming from government hooker’s mouth), thousands of people will hurt and their rice pot will be broken. Many people will lose a lot of money. It is not good for country, but the government doesn’t care after all. The government doesn’t have any brain how to get taxes from people. There are many ways to get taxes from people. This is not the only way. However, government thinks like this is the only way to get taxes from people. If more people import cars, they get more taxes. That’s all they think. It is very selfish and brainless policies. They don’t care side effect of this. First, the country is really crowded and a lot of traffic jams through out the city. Second, there is no parking to park. Third, more imports means “giving our money to foreign country” which also means “other country will get richer and our money will depreciates.” Fourth, No streets are good enough to drive. Fifth, many people will lose a lot of money. If people lost money, they will get poorer. If people get poorer, they cannot spend money and the country cannot get taxes. If they have this kind of policy, what kind of Foreign investors come and invest to our country. After all, we really need a good managing system as well as good rules and polices. As long as we don’t have this system, our countRY will still the same which is one of the poorest countries in the world.
http://www.voanews.com/MediaAssets2/burmese/2012_05/05-07-12_Car_Market_NC.Mp3
မှန်တယ် ထောက်ခံတယ် ကားထားတဲ့နေရာမ၇ှိလို့ကားပေးမသွင်းတာမဖြစ်သင့်ဘူး ဘယ်လိုအဆင်ပြေအောင်တည်ဆောက်ပြုပြင်ရမလဲသာအဖြေရှာရမှာပါ.
အစထဲက စဉ်းစားဥာဏ်ကင်းမဲ့စွာနဲ့ ဘယ်နိုင်ငံမှာမှမရှိတဲ့ ပါမစ်ဆိုတာကြီးကိုဈေးကြီးပေးဝယ်တယ်.. အခုလဲလမ်းကျပ်လို့ကားသွင်းခွင့်မပြုသင့်ဘူးတဲ့… ဒီလိုပြောတဲ့လူတွေရဲ့ဦးနှောက်ကို.. ဓာတ်ခွဲခန်းပို့ပြီးဓာတ်ခွဲစမ်းသပ်ဖို့ကောင်းတယ်.. နောက်လာမယ့်လူငယ်တွေ ဒီလိုဦးနှောက်ဥာဏ်ရည်မျိုးမဖြစ်အောင်… ဘယ်လိုကာကွယ်ရမလဲဆိုတာနည်းလမ်းရှာဘို့….
To KHIN LWIN. I like your comment, what a stupid quality of managment.